ကိုရိုနာဗိုင်းရပ်ဟာ အစားအစာ၊ရေနဲ့ အိမ်မွေးတိရစ္ဆာန်တွေမှာရော ပျံနှံနေနိုင်သလား?

(ယခုဆောင်းပါးပါဖော်ပြချက်များသည်မိမိစိတ်ကူးစိတ်သန်းများဖြင့်ရေးသားထားခြင်းမဟုတ်ဘဲ ဒေါက်တာ William F. Marshall ၏ဖြေကြားချက်များမှကောက်နုတ်ထားတာဖြစ်ပါတယ်)

credit photo

Coronavirus disease 2019 (COVID-19) လို့ခေါ်တဲ့ ထိုဗိုင်းရပ်ဟာ ဗိုင်းရပ်ပိုးရှိနေသူတစ်ဦးရဲ့ နှာချေခြင်း၊ချောင်းဆိုခြင်းနှင့်စကားပြောခြင်းကနေထွက်လာတဲ့အရည်စက်ကလေးတွေကနေတဆင့်လူတစ်ဦးနဲ့တစ်ဦးကူးစက်နိုင်တဲ့ရောဂါတစ်ခုဆိုတာအားလုံးသိရှိပြီးသားဖြစ်မှာပါ။ပြီးတော့ဗိုင်းရပ်ပိုးရှိတဲ့လူတစ်ယောက်ကထိတွေ့ထားတဲ့နေရာတွေမှာလည်းထိုဗိုင်းရပ်ဟာပျံ့နှံ့နေနိုင်ပါသေးတယ်။ဗိုင်းရပ်ပျံ့နှံနိုင်တဲ့အလားအလာရှိတဲ့ အချက်တွေအားလုံးကိုတော့ကျွမ်းကျင်သူတွေကအကုန်မသိရှိကြသေးပါဘူး။ဒါပေမယ့်လိုသူတို့တွေသိရှိထားကြတဲ့အချက်အလက်အချို့ကိုတော့ဒီဆောင်းပါးလေးထဲမှာဖော်ပြပေးသွားမှာလည်းဖြစ်ပါတယ်။

(၁)အစားအစာဘူးနဲ့အထုတ်များ

credit photo

ဒီနေရာမှာတော့ အစားအစာဘူးတွေနဲ့ အထုတ်တွေကိုထိမိပြီးတော့တစ်ယောက်တစ်ယောက်က ကိုဗစ်၁၉ကူးစက်ခံလိုက်ရတယ်ဆိုတဲ့သက်သေအထောက်အထားမျိုးတွေတော့မတွေ့ရသေးပါဘူး။စားသောက်ဆိုင်များစွာဟာလည်းယခုအချိန်မှာထိတွေ့ခြင်းမရှိတဲ့ပါဆယ်စနစ်ကိုသာကျင့်သုံးလာကြပြီး တဆင့်ပို့ဆောင်ခြင်းတွေကနေရောဂါကူးစက်နိုင်ခြေကိုလျော့နည်းစေလာတာကိုလည်းတွေ့ရပါတယ်။ဒါပေမယ့်သင့်အနေနဲ့ထိုစားစရာတွေအပေါ်ကိုစိုးရိမ်မှုတွေရှိနေသေးပါက ညွန်ကြားထားတဲ့လမ်းညွန်ချက်တွေအတိုင်းလိုက်နာဆောင်ရွက်နိုင်ပါတယ်။ထိုအစားအသောက်ဘူးကိုယူဆောင်ကာ သန့်ရှင်းစွာဆေးကြောထားနဲ့ပန်းကန်တစ်ခုထဲကိုထည့်ပြီးနောက် သင့်ရဲ့လက်အား ဆပ်ပြာနဲ့ရေကိုသုံးကာ စက္ကန့်၂၀ကြာအောင်ဆေးကြောခြင်းဖြင့်ကာကွယ်နိုင်ပါတယ်။အစားမစားခင်မှာလည်းလက်ကိုတစ်ခါပြန်လည်ဆေးကြောဖို့လိုပြီးထိုအစားသောက်ဘူးနဲ့ထိတွေ့ထားတဲ့နေရာတွေကိုလည်းသန့်ရှင်းပေးလိုက်ခြင်းအားဖြင့်ဗိုင်းရိပ်ကူးစက်မှုရန်ကနေကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

(၂)အိမ်မျက်နှာပြင်များ

credit photo

အမေရိကန်အမျိုးသားကျန်းမာရေးဌာန (NIH) ၏လေ့လာမှုတစ်ခုအရ ကိုရိုနာဗိုင်းရပ်ပိုးဟာ ကြေးနီပေါ်မှာ ၄နာရီ၊ကတ်ထူးပြားပေါ်မှာ ၂၄နာရီနဲ့ စတီးနဲ့ပလပ်စတစ်တွေအပေါ်မှာတော့ သုံးရက်အထိရှင်သန်နေနိုင်ကြောင်းသုတေသီများကတွေ့ရှိခဲ့ကြပါတယ်။ဒါကြောင့်မို့အိမ်ထဲမှာပုံမှန်ထိတွေ့နေကြအရာတွေဖြစ်တဲ့ စားပွဲတွေ၊ခုံတွေ၊တံခါးလက်ကိုင်ဘုတွေ၊မီးခလုတ်တွေ၊အိမ်သာ၊ရေကော့စ်တွေနဲ့လက်ဆေးဘေစင်တွေကိုပုံမှန်သန့်ရှင်းရေးပြုလုပ်ပေးဖို့လိုပါတယ်။

(၃)သောက်ရေသန့်

credit photo

ကိုရိုနာဗိုင်းရပ်ကိုတော့သောက်ရေသန့်ထဲမှာမတွေ့ရပါဘူး။ရေသန့်တွေဟာကျွန်တော်တို့အိမ်ကိုမရောက်မီစက်ရုံတွေမှာရေစစ်ထုတ်ခြင်းတွေနဲ့ပိုးသတ်တာတွေကိုလုပ်ဆောင်ထားတာလည်းဖြစ်ပါတယ်။

(၄)ခွေးနဲ့ကြောင်များ

credit photo

အချို့ဖော်ပြချက်တွေအရဗိုင်းရပ်ပိုးရှိတဲ့သူနဲ့အနီးကပ်ထိတွေ့ထားတဲ့ခွေး၊ကြောင်နဲ့အိမ်မွေးတိရစ္ဆာန်တွေဟာကူးစက်ခံထားရကြောင်းစစ်ဆေးတွေ့ရှိချက်များအရသိရပါတယ်။များသောအားဖြင့်ထိုတိရစ္ဆာန်လေးတွေဟာဘာလက္ခဏာမှမပြကြပါဘူး။ဒီဗိုင်းရပ်ဟာလူတစ်ဦးကနေတစ်ဦးကိုသာအဓိကကူးစက်နေကာတိရစ္ဆာန်တွေကတော့ ဗိုင်းရပ်ကူးစက်ပျံ့နှံ့နိုင်တဲ့အရေးပါးတဲ့လမ်းကြောင်းတစ်ခုအနေနဲ့တော့ကျွမ်းကျင်သူတွေကမသတ်မှတ်ထားကြပါဘူး။ဒါပေမယ့်လည်းထိုအရာကိုပျံ့နှံ့မှုတစ်ခုအနေနဲ့တော့ဆက်လက်စစ်ဆေးမှုတွေပြုလုပ်နေတုန်းပါ။ဒါကြောင့်မို့သင့်ရဲ့အိမ်မွေးတိရစ္ဆာန်လေးတွေကိုလည်း ပြင်ပကအခြားလူများနဲ့တိရစ္ဆာန်များကိုထိတွေ့ခြင်းမရှိရအောင် အနည်းဆုံး ၆ပေအကွာမှာထားကာ ဖြစ်နိုင်ပါကအိမ်ထဲတွင်သာထားသင့်ပါတယ်။

(၅)ခြင်နဲ့မွှားများ

credit photo

ယခုအချိန်ထိတော့ခြင်နဲ့မွှားကောင်တွေကိုက်ခံထိရာကနေ ဗိုင်းရပ်ကူးစက်ခံရတဲ့အထောက်အထားမျိုးတွေတော့မတွေ့ရသေးပါဘူး။

(၆)မစင်၊ဆီးနဲ့အခြားကိုယ်အတွင်းမှအရည်များ

credit photo

ကိုဗစ် ၁၉အဓိကကူးစက်နိုင်တဲ့လမ်းကြောင်းကတော့ အသက်ရှုလမ်းကြောင်းမှကတဆင့်ထွက်လာသောအရည်စက်ကလေးတွေမှဖြစ်ပါတယ်။ဒါပေမယ့်အချို့ဗိုင်းရပ်ကူးစက်ခံထားရသူများရဲ့မစင်မှာလည်းဗိုင်းရပ်ပိုးကပ်ပါလာတာကိုတွေ့ရပါတယ်။ကျွမ်းကျင်သူတွေကတော့ မစင်ကနေတဆင့်ထွက်လာတဲ့ဗိုင်းရပ်ဟာဘယ်လောက်ထိအန္တရာယ်ရှိလည်းဆိုတာကိုအတိအကျမသိသေးပေမယ့် အိမ်သာတွေကနေတဆင့်ဗိုင်းရပ်ပြန့်ပွားနိုင်တာကိုတော့သတိပြုရမှာဖြစ်ပါတယ်။အခြားခန္ဓာကိုယ်အတွင်းမှအရည်တွေဖြစ်တဲ့ ဆီး၊သုတ်ရည်နဲ့မိခင်နို့ရည်တွေကနေတဆင့်ဗိုင်းရပ်ပျံ့နှံ့နိုင်လားဆိုတာကိုတော့ အတိအကျမသိရှိကြသေးပါဘူး။

Leave a Comment