ကိုယ်ဝန်ဆောင်ချိန်မှာ ကြုံတွေ့နိုင်တဲ့ အခက်အခဲတွေကို သရုပ်ဖော်ရေးဆွဲထားတဲ့ ကာတွန်း(၁၅)ပုံ

ကိုယ့်ရဲ့ဝမ်းဗိုက်ထဲက ကလေးလေးရဲ့ ပထမဆုံးလှုပ်ရှားမှုကို ခံစားလိုက်ရတဲ့ အချိန်အခိုက်အတန့်က မျှော်လင့်နေတဲ့ မိဘတို့အတွက်တော့ သေချာပေါက် အမှတ်ရစရာလေးပါ ။ ကိုယ်ဝန်ဆောင်တယ်တဲ့တစ်လျှောက်လုံးက မရေမတွက်နိုင်တဲ့ ကိစ္စသေးသေးလေးတွေက အားလုံးကိုပိုပြီး အမှတ်တရဖြစ်စေပါတယ်။ ကျွန်မတို့အမျိုးသမီးတွေအနေနဲ့ ကိုယ်ဝန်မဆောင်ခင်မှာထဲက ကိုယ်ဝန်ဆောင်ခြင်းပတ်သတ်တဲ့ အချက်အလက်တွေကို သိထားသင့်ပါတယ်။ ဒါမှ ကိုယ်ဝန်ရှိလာတဲ့အချိန်မှာ ဘာလို့များ ဒီလောက် ဗိုက်နာတတ်တာကို မပြောပြခဲ့ကြတာလဲ ဆိုတာမျိုး ဖြစ်မလာမှာပါ။

ကိုယ်ဝန်ဆောင်ခြင်းနဲ့ပတ်သတ်လို့ ဘာကိုမှ ပြီးပြည့်စုံအောင် မဖော်ပြနိုင်ပါဘူး။ သင်ဖတ်နေတဲ့ စာအုပ်ရှည်ကြီးတွေတောင်မှပေါ့။ ဒါကြောင့်ကိုယ်ဝန်ဆောင်ဖို့ မျှော်လင့်နေတဲ့ အမေတစ်ယောက်အနေနဲ့ အောက်က ရုပ်ပြကာတွန်းလေးတွေကို ဖတ်ရင်း ဗဟုသုတတချို့တော့ ဆက်စပ်ရရှိမှာ​ သေချာပါတယ်။ ကိုယ်ဝန်ဆောင်တယ်ဆိုတာ ဒီလောက်တော့ ရယ်စရာမကောင်းပါဘူး။ ဒါပေမယ့် ဒီရုပ်ပြလေးကတော့ အခက်အခဲတွေ ကိုယ်ဝန်ဆောင် လက္ခဏာတွေကို ကာတွန်းပုံစံလေးနဲ့ ရေးဆွဲထားပေးတာပါ။ ကဲ အားလုံးပဲ ကာတွန်းလေးတွေကို ကြည့်လိုက်ကြစို့နော်။

၁။ ကိုယ်ဝန်မဆောင်မှီ နှင့် ကိုယ်ဝန်ဆောင်ချိန်

၂။ ရုတ်တရက် လှုပ်လိုက်ရင် ကလေးမွေးတော့မှာလိုလို၊ သေးပေါက်ချင်တာလိုလို၊ အန်ချင်သလိုလိုဖြစ်တတ်လို့ အချိန်ခဏတော့ စောင့်ပေးပါ

၃။ အခြားကိုယ်ဝန်ဆောင်များပုံစံ နှင့် မိမိပုံစံ

၄။ အိုး! ဘောလုံးသမားလေး မွေးလာတော့မလားမသိဘူး

၅။ နေသာထိုင်သာရှိအောင်လို့ ခေါင်းအုံးထပ်ပေးပါဦး

၆။ ဖိနပ်စီးရင် ဒီလို

၇။ ဗိုက်ကြီးခံနေတာကြောင့် မိုင်ပေါင်းရာချီ အလှမ်းဝေးနေသလိုပါပဲ

၈။ အကြောပြတ်ရာတွေက ကိုယ်ဝန်ဆောင်ချိန်မှာ အရေပြားဟော်မုန်းပြောင်းလဲမှုအနေနဲ့ ပေါ်ထွက်လာတတ်ပါတယ်

၉။ ငါ အမြဲတမ်း ဒီလိုပဲ ပင်ပန်းနေတော့မှာလား

၁၀။ ခန္ဓာကိုယ်ဖြစ်စဉ်တွေက ဟော်မုန်းအပြောင်းအလဲကြောင့် ရုတ်တရက်ပြောင်းလဲလာပါတယ် ဗိုက်ပေါ်က အမွှေးတွေ ရှည်ထွက်လာတတ်ပါတယ်

၁၁။ အဲ့ဒါငါ့အင်္ကျီ မဟုတ်လား။ အခု မဟုတ်တော့ဘူးလေ

၁၂။ စားပြီလေလို့

၁၃။ ဘာပဲလိုလို ယောက်ျားကိုသာ တလိုက်ပါ

၁၄။ ကိုယ်ဝန်ဆောင်တယ်ဆိုတာ အပန်းဖြေခရီး ထွက်တာမဟုတ်ပေမယ့်လို့ အေးအေးဆေးဆေး သက်တောင့်သက်သာ အနားယူလိုက်စမ်းပါ

၁၅။ ကိုယ်တိုင်မသိလိုက်ပဲ နဲ့ ကလေးလေးကို စကားပြောနေတတ်တာမျိုး

Leave a Comment