ထိုင်းနိုင်ငံရှိ ၀၀ကစ်ကစ်နဲ့ချစ်စရာကောင်းသောမီးခိုးရောင်အစင်းရှိတဲ့ ကြောင်လေးဟာ အိမ်က(၃)ရက်ကြာပျောက်ဆုံးသွားသော်လည်း အိမ်သို့ပြန်ရောက်လာတဲ့အခါ ပြသာနာတစ်ခုခုရှိလာပုံပါပဲ။သူမလမ်းလျှောက်လာစဉ်အတွင်းကြည့်ရတာ ငါးကွမ်းရှပ်သုံးကောင်အတွက် အကြွေးတစ်ချို့တိုးလာပုံရပါတယ်။

သူမကိုအနီးကပ်စစ်ဆေးကြည့်လိုက်တော့ သူမလည်ပင်းမှာ ကော်လာအသစ်တစ်ခုကိုရလာခဲ့ပါတယ်။ အမှန်တကယ်တော့ ကတ်ထူပြားပေါ်ကလက်ရေးနဲ့ရေးထားတဲ့စာကိုပြောတာပါ။ စာထဲမှာတော့ “မင်းရဲ့ကြောင်က ငါ့ဆိုင်ကငါးကွမ်းရှပ်တွေကိုစိုက်ကြည့်နေတာကြောင့် သူ့ကိုသုံးကောင်ပေးလိုက်ပါတယ်။လမ်းကြား၂ထဲက အန်တီမေ”ဆိုပြီး ဆိုင်ပိုင်ရှင်က သူမရဲ့ဖုန်းနံပါတ်ကိုတောင်ရေးထားခဲ့ပါသေးတယ်။

ကြည့်ရတာဒီကြောင်လေးရဲ့မိသားစုကငွေပေးချေဖို့အတွက် အဆင်ပြေတဲ့ပုံပါပဲ။ကျေးဇူးတင်စွာဖြင့်လည်း သူတို့မိသားစုက ဒီဖြစ်ရပ်ကိုအလွန်ရယ်စရာကောင်းပြီးငွေပေးချေဖို့အတွက် ပြသာနာမရှိခဲ့ပါဘူး။ အခုတစ်ခုတည်းသောအရာက ထိုကြောင်လေးက ဒီအရသာရှိတဲ့ငါးတွေကို ဘယ်မှာသွားယူရမလဲဆိုတာ သိသွားခဲ့တဲ့တာပါပဲ။

ဒီ၀၀ကစ်ကစ်နဲ့ကြောင်လေးရဲ့မျက်နှာဟာသနားစရာကောင်းပြီး ချစ်စရာလည်းကောင်းတာကြောင့် သူ့ရဲ့သခင်က ဓာတ်ပုံတွေကို ဖေ့စ်ဘွတ်ခ်မှာပြန်လည်မျှဝေခဲ့ပါတယ်။ အဲ့ဒီအခါမှာတော့ လူတော်တော်များများက ထိုကြောင်လေးကိုချစ်စရာကောင်းတဲ့မှတ်ချက်မျိုးတွေပေးခဲ့ကြပြီး တစ်ချို့ကတော့ ဈေးဆိုင်ပိုင်ရှင်အား သူမရဲ့ကြင်နာမှုအတွက်ချီးကျူးကြကာ အကြွေးပြန်ဆပ်ဖို့အတွက်လည်း ကမ်းလှမ်းခဲ့ကြပါသေးတယ်။