သြစတေးလျနိုင်ငံက အသက် (၁၀)နှစ်အရွယ်သာရှိသေးတဲ့ Riley Dashwood ဆိုတဲ့ကောင်မလေးဟာ နာမည်ကြီးဆယ်လီတွေရဲ့ဓာတ်ပုံထဲကအတိုင်း ငွေအကုန်အကျနည်းနည်းနဲ့ ပုံစံတူ cosplay ပြုလုပ်ကာ သူမရဲ့ Intagram အကောင့်မှာတင်ပြီး နာမည်ကြီးလာခဲ့ပါတယ်။ သူမပြုလုပ်ထားတဲ့ ပုံစံတူ cosplay တွေကတော့ အဆိုတော် Rihanna, Nicky Minaj တို့အပါအဝင် နာမည်ကြီး celebrities တွေများစွာရဲ့ဓာတ်ပုံထဲကအတိုင်း cosplay ပြုလုပ်လေ့ရှိပါတယ်။ လက်ရှိမှာတော့ သူမဟာ Instagram မှာ follower ပေါင်းတစ်သိန်းခုနှစ်သောင်းကျော် အခိုင်အမာရရှိထားပါတယ်။ ယခုတစ်ခေါက်မှာတော့ Riley Dashwood ရဲ့ cosplay ပြုလုပ်ထားတဲ့ ဓာတ်ပုံအချို့ကို ဖော်ပြပေးလိုက်ပါတယ်။
