James Fridman လို့ခေါ်တဲ့ ဗြိတန်လိုမျိုး ဂရက်ဖစ်ဒီဇိုင်းနာတစ်ယောက်ဟာ လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ Twitter ပေါ်မှာ ပရိသတ်တွေရဲ့ဓာတ်ပုံများကို ရယ်စရာကောင်းအောင် ပြုပြင်ပေးနေသူ ဖြစ်ပါတယ်။ James ပြုပြင်ပေးခဲ့ဓာတ်ပုံများဟာ ရယ်စရာကောင်းပြီး လာရောက်ပြုပြင်ခိုင်းခဲ့ကြသူများလည်း သဘောကျနှစ်သက်ပြီး လူမှုကွန်ယက်တွေပေါ်မှာ ပြန်လည်မျှဝေခဲ့ကြပါတယ်။ James ဟာ Instagram ပေါ်မှာ Follower ပေါင်း 2.2 သန်းကျော်ရှိသူဖြစ်ပြီး သူ ပြုပြင်ပေးထားတဲ့ ဓာတ်ပုံတွေကို တင်ပေးလေ့ရှိပါတယ်။ အောက်ဘက်မှာတော့ သူ့ရဲ့ပရိသတ်တွေကို ပြုပြင်ပေးထားတဲ့ ရယ်စရာကောင်းတဲ့ ဓာတ်ပုံအချို့ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ဓာတ်ပုံရိုက်တုန်းက မှန်ညစ်ပတ်နေလို့ တစ်ခုခုလုပ်ပေးလို့ရမလားလို့ တောင်းဆိုထားတာကို နောက်တစ်ခါကျရင် ဒီလိုစမ်းကြည့်ပါတဲ့

၂။ မျက်နှာကိုနေထိုးနေတာ ဖယ်ပေးလို့ရမလားဆိုလို့ ပြင်ပေးထားတာက မင်းအတွက် နေမရှိတော့ပါဘူးတဲ့

၃။ ကျွန်တော့်သူငယ်ချင်း ဂေါက်ရိုက်ပြီးသွားတဲ့ပုံလေး ပြင်ပေးလို့ရမလားဆိုလို့

၄။ ဝက်ဝံအစစ်ထည့်ပေးလို့ရမလားဆိုလို့ ဝက်ဝံအစစ်ကြီးက ကောင်လေးကိုစားလိုက်တယ်

၅။ မျောက်ကို ပျော်သွားအောင် ပြင်ပေးလို့ရမလားဆိုလို့ နေရာချိန်းပေးလိုက်တယ်

၆။ ရေပန်းကို ပါးစပ်ထဲထည့်ပေးလို့ရမလားဆိုလို့

၇။ နောက်မှာ မိုးကြိုးပစ်တဲ့ပုံလေးထည့်ပေးလို့ရမလားဆိုလို့ မိုးကြိုးက သူတို့ကိုပစ်သွားတယ်

၈။ သစ်ပင်မှာ သစ်ရွက်တွေထည့်ပေးပါဆိုလို့

၉။ ရှေ့ကတိုင်လေးကို ဖယ်ပေးလို့ရမလားဆိုလို့ တိုင်ဖယ်လိုက်တော့ ပြိုသွားတယ်

၁၀။ နံပါတ်တစ်ကို အတည့်ဖြစ်အောင် ပြင်ပေးပါဆိုလို့ 17 ကို 71 ပြောင်းပေးလိုက်တယ်။ 71 နှစ်ပြည့်ဆိုတော့ အသက်လည်းကြီးသွားပြီ။

၁၁။ ကျွန်မရဲ့ရင်သားပေါ်က လက်ကိုဖယ်ပေးလို့ရမလားဆိုလို့

၁၂။ အခြားသူတွေ မနာလိုဖြစ်အောင် ကိတ်ကိတ်လေး ပြင်ပေးပါဆိုလို့

၁၃။ ချော်လဲတတ်သည် ဆိုင်းဘုတ်ကိုဖယ်ပေးလို့ရမလားဆိုလို့ ဖယ်လိုက်တော့ ချော်လဲကုန်ပြီ

၁၄။ ဒီပုံထဲက ကျွန်မရဲ့ရည်းစားဟောင်းကို ဖယ်ပေးလို့ရမလားဆိုလို့ ရည်းစားဟောင်းက ပါတီရောက်သွားပြီး ကဲနေပြီ

၁၅။ နောက်ကလူကို ပိုပျော်အောင် ပြင်ပေးလို့ရမလားဆိုလို့ နေရာလဲပေးလိုက်တယ်

၁၆။ ဓာတ်ပုံရိုက်ပေးတဲ့သူက အနောက်က သစ်ပင်လေးပေါ်စေချင်လို့ ကျွန်မတို့နှစ်ယောက်ကို ခြားပြီးရပ်ခိုင်းလိုက်တာ ကျွန်မတို့နှစ်ကို နီးနီးကပ်ကပ်လေးပြင်ပေးလို့ရမလားဆိုလို့

၁၇။ ကျွန်မက Paris မြို့ကို သွားလည်ခဲ့တာလို့ သူငယ်ချင်းတွေကို ညာခဲ့တယ်။ ပဲရစ်မျော်စင်ရှေ့မှာ ရိုက်ထားတာလို့ ပြင်ပေးလို့ရမလားဆိုလို့ ဒါပေမဲ့ မျော်စင်က စာလုံးပေါင်းမှားပြီး မျက်လုံးပြုတ်ကျတဲ့မျော်စင် လို့အဓိပ္ပာယ်ရနေပါတယ်။ ဒါကြောင့် မျက်လုံးပြုတ်ကျတဲ့မျော်စင် ပြင်ပေးလိုက်တယ်

၁၈။ ကော်ဇောပျံနဲ့ ပင်လယ်ပေါ်ကို သွားချင်တယ်ဆိုလို့

၁၉။ အရပ်မြင့်တူအောင် လုပ်ပေးပါဆိုလို့

၂၀။ ဒီပုံလေးက စေ့စပ်ဓာတ်ပုံပါ။ ဒါပေမဲ့ ရှေ့ကလူနှစ်က နေရာမှားနေတယ် ပြင်ပေးလို့ရမလားဆိုလို့
