Lucas Nascimento သည် ဘရာဇီးဒီဇိုင်း အနုပညာရှင်တစ်ဦးဖြစ်ပြီး အရည်အချင်းများစွာနှင့် ဖန်တီးနိုင်စွမ်းရှိသူ တစ်ဦးလည်း ဖြစ်ပါတယ်။ Nascimento ဟာ Dragonarte အမည်ဖြင့်ထုတ်ဝေသော သူရဲ့ရုပ်ပြကာတွန်းထဲတွင် နာမည်ကျော်စူပါဟီးရိုးများရဲ့ နေ့စဉ်ဘဝပုံရိပ်တွေကို ရယ်စရာလေးတွေအဖြစ် ပုံဖော်ထားတာကို တွေ့ရပါတယ်။ ယခုဆောင်းပါးထဲမှာတော့ သူရေးဆွဲထားခဲ့တဲ့ စူပါဟီးရိုးကာတွန်းဇာတ်ကောင်တွေရဲ့ ပုံရိပ်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။
(၁) စူပါမန်းရဲ့ခွေးလေးမှာလည်း သူ့လိုမျိုးအစွမ်းတွေရှိနေတာကို တွေ့ရစဉ် ( သေးပေါက်တာတောင် လေဆာရောင်ခြည်သေးတွေဘဲ ပေါက်တာနော် )
(၂) ရေရှိတဲ့ ဘယ်နေရာမဆို Aquaman ရှိနေနိုင်တယ် ဆိုတာသတိရပါ။
(၃) ဆံပင်ကို Spray သုံးလိုက်မှဘဲ လန်းသွားတော့တယ်။ အရင်ကဆို ကောက်ကောက်ကွေးကွေးနဲ့။
(၄) လုပ်ကွက်ထည့်ထားတဲ့ Batman။
(၅) Wonder Woman ဆီကဟာတွေကို ခိုးလာပြီး စူပါမန်းအိပ်ပျော်နေတာကို လာစနောက်နေကြတဲ့ စူပါဟီးရိုးများ။
(၆) ကလေး Diapers တွေက စူပါဟီးရိုးတွေအတွက် သီးသန့်မရှိသောအခါ။
(၇) ကံဆိုးသွားတဲ့ စပိုက်ဒါမန်း။
(၈) Iron man ရဲ့ ဓာတ်ပြောင်းကြီး အားကုန်သွားသောအခါ။
(၉) အမှန်တကယ်ဆို ရုပ်ရှင်တွေထဲမှာ အဝေးကနေမြင်ရတာကို ဒီလိုမျိုးငြင်းနေရမှာပါ။ သူတို့တွေက ဘယ်ဇာတ်ကောင်လည်းဆိုတာကို အမြဲတမ်းတန်း သိနေတတ်ပါတယ်။
(၁၀) ပါတီပွဲလုပ်ဖို့ disco မီးတွေနဲ့ smoke တွေကို တကူးတကဝယ်နေစရာ မလိုပါဘူး။
(၁၁) ငါလည်း ငါ့လက်သည်းကို လက်သည်းနီဆိုးချင်တာပေါ့ဟ။
(၁၂) မိုက်ကယ်ဂျက်ဆင်ကို မြင်နေရမှတော့ လက်မှတ်ပြေးထိုးခိုင်းပြီလေ။
(၁၃) ကျောက်တုံးလူသားကြီးမုတ်ဆိတ်မွှေးရိတ်နေပုံ။
(၁၄) Thor ကို အခြောက်မ ဖြစ်အောင်လုပ်ကြမယ်။
(၁၅) မိုးရွာလာလို့ ထီးမပါလာခဲ့လည်း ပြဿနာတော့မရှိပါဘူး Batman ရှိရင်အဆင်ပြေပါတယ်။
(၁၆) စပိုက်ဒါမန်း ငါးမျှားသောအခါ။
(၁၇) မင်းရဲ့ တူ ကို မ နိုင်တာမင်းတစ်ယောက်ထဲ မဟုတ်ဘူးဆိုတာယုံပြီလား။
(၁၈) Batman က အိပ်ရင်အခုလို အမြဲတမ်း ချော့သိပ်ပေးနေရပါတယ်။