သားလေးကိုကစားကွင်းပို့ပြီး ကိုယ်တိုင်ဝင်ရောက်ဆော့ကစားခဲ့တဲ့မေမေ-ပုံ(၂၀)

မိဘတွေအတွက် ကလေးထိန်းရတဲ့အလုပ်ဟာ လွယ်တဲ့ကူတဲ့အလုပ်တစ်ခုတော့မဟုတ်ပါဘူး။ အထူးသဖြင့် မိခင်ဖြစ်သူတွေဟာ ပိုပြီးတော့ပင်ပန်းလေ့ရှိကြပါတယ်။ ကလေးရှိတဲ့ အိမ်ထောင်သည်မိခင်တစ်ယောက်အတွက် အဝတ်တွေလျှော်ပေးရတာ၊ မိသားစုအချိန်မှီစားသောက်နိုင်ဖို့အတွက် ချက်ပြုတ်ရတာ၊ ကလေးတွေဆော့ကစားနေတဲ့အချိန် ထိခိုက်မှုမရှိစေရန် အချိန်ပြည့်စောင့်ကြည့်နေရတာ အစရှိတဲ့အကြောင်းအရင်းများစွာကြောင့် ကလေးအမေတစ်ယောက်ရဲ့ ကိုယ်ပိုင်အားလပ်ချိန်ဟာ မရှိသလောက်ကို ဖြစ်နေတတ်ပါတယ်။ ဒါကြောင့်လည်း ကလေးတွေအိပ်ပျော်နေတဲ့အခါမှ မိဘတွေဟာ အနားယူရလေ့ရှိပါတယ်။ ဒါပေမဲ့ တောင်ကိုးရီးယားက ကလေးအမေတစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်မင်းသမီး Lee Mi-do ကတော့ သူမရဲ့သားလေးနဲ့ ပျော်စရာကောင်းတဲ့အားလပ်ချိန်တွေကို ဘယ်လိုဖြတ်သန်းနေသလဲဆိုတာတွေကို ဓာတ်ပုံရိုက်ပြီး သူမရဲ့ Instagram ပေါ်မှာ တင်ခဲ့ပါတယ်။ Lee Mi-do နဲ့ သူမရဲ့သားလေး ကစားကွင်းမှာ ဆော့ကစားနေတဲ့အချိန် သူမရဲ့အမျိုးသား ရိုက်ကူးပေးခဲ့တဲ့ဓာတ်ပုံတွေကို ကလေးအမေအများစုက ကြိုက်နှစ်သက်ခဲ့ကြပြီး ဓာတ်ပုံတွေအတွက် ကျေးဇူးတင်ကြောင်းနဲ့ အမျိုးမျိုးမှတ်ချက်ပေးခဲ့ကြပါတယ်။ အောက်ဘက်မှာတော့ Lee Mi-do ရဲ့ သူမသားလေးနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံအချို့ကို မျှဝေတင်ဆက်ပေးလိုက်ပါတယ်။

1.

2.

3.

4.

5.

6.

7.

8.

9.

10.

11.

12.

13.

14.

15.

Leave a Comment