အိမ်တစ်အိမ်ကို ကောင်းစွာဖွဲ့စည်းတည်ဆောက်ထားလား မထားဘူးလားဆိုတာ အဲ့ဒီအိမ်ရဲ့ ဧည့်ခန်း၊ ရေချိုးခန်းနဲ့ အိမ်သာကို ကြည့်လိုက်တာနဲ့တင် သိနိုင်ပါတယ်။ လူတစ်ယောက် သင့်အိမ်ကို လာလည်ပြီဆိုရင် မဖြစ်မနေရောက်မယ့်နေရာ ၂ ခုကတော့ ဧည့်ခန်းနဲ့ အိမ်သာပါပဲ။ ကျန်ုပ်တို့အနေနဲ့ ရေချိုးခန်း၊အိမ်သာဆိုရင် သန့်ရှင်းပြီး လုံခြုံမှုရှိဖို့ကို ဦးစားပေးတတ်ကြပါတယ်။ ဒါပေမဲ့ ရေချိုးခန်း အိမ်သာတိုင်းက ဒီစံနှုန်းတွေနဲ့ ပြည့်နေမှာ မဟုတ်ပါဘူး။ ဘာကြောင့်ဒီလိုပြောသလဲဆိုရင် အောက်ဘက်မှာရှိတဲ့ အိမ်သာဒီဇိုင်းများကိုကြည့်ရင် သိနိုင်ပါတယ်။
