ကိုယ်ဝန်ဆောင်တယ်ဆိုတာ လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ အဲဒီထဲပြဿနာတွေထဲက တစ်ခုကတော့ လမစေ့ပဲ မီးဖွားတဲ့ကလေးတွေပါဘဲ။ သူတို့ဟာ ကျန်းမာရေး ခြူခြာတတ်တာကြောင့် အရမ်း ဂရုစိုက်ပေးရပါတယ်။ ရိုင်ယန် လို့ခေါ်တဲ့ ကလေးလေး ကလည်း ကိုးပတ်စောမွေးလာပြီး သုံးပေါင်အောက်ပဲ ရှိတာကြောင့် သူ့မိသားစုကသူ့ကို အရမ်းဂရုစိုက်ခဲ့ရပါတယ်။ အဲဒါကြောင့် သူ့ဖေဖေ မတ် မတ်မီလန်နဲ့ မေမေတို့က ရိုင်ယန် တစ်နေ့တာ လုပ်နေတဲ့အရာလေးတွေကို ဓာတ်ပုံရိုက်ကူးထားပြီး အင်စတာဂရမ်မှာတင်ဖို့ အကြံကိုရခဲ့ပါတယ်။ ဒီပုံလေးတွေက သင့်ကို ရယ်မောမိစေမှာပါ ။ ပြီးတော့ ရိုင်ယန့်ကိုလည်း စိတ်ပူမိကြမှာပါ။ ဒါပေမယ့် စိတ်မပူပါနဲ့တဲ့ ဓာတ်ပုံထဲက အန္တရာယ်တွေ အားလုံးက PHOTOSHOP ကလာတာပါ။ ကဲ …. ရိုင်ယန်ရဲ့ ယောက်ျားဆန်လှတဲ့ ဓာတ်ပုံလေးတွေကို ဆက်လက်ကြည့်ရှုလိုက်ကြရအောင်နော်။
