အဖေတစ်ယောက်အနေနဲ့ တစ်ခါတစ်လေမှာ ကိုယ့်ရဲ့သားငယ်လေး ဒါမှမဟုတ် သမီးငယ်လေး နဲ့ နှစ်ယောက်တည်းအတူရှိနေတဲ့ အချိန်အခါမျိုးမှာ အနည်းငယ်ပျင်းစရာ ဖြစ်ကောင်း ဖြစ်နေပါလိမ့်မယ်။ သင့်ရဲ့ ကလေးငယ်လေးက စကားပြောဖို့၊ လမ်းလျှောက်ဖို့ ဒါမှမဟုတ် သင့်နဲ့အတူ ဆော့ကစားဖို့အတွက် အရမ်းငယ်လွန်းတဲ့နေတဲ့အခါ သင့်အနေနဲ့ အခြားသောပျော်ရွှင်စရာကောင်းမယ့် ကလေးထိန်းနည်း လမ်းတွေကို ရှာဖွေရပါတော့တယ်။ အောက်မှာဖော်ပြထားတဲ့ ကလေးအဖေတွေရဲ့ ကလေးထိန်းနည်းလမ်းတွေကတော့ ဆန်းသစ်ပြီး ရယ်စရာကောင်းလှပါတယ်။ ဒီပုံတွေထဲက အချို့ပုံများဟာ ကလေးအမေတွေ အပြင်သွားနေတုန်း အဖေတွေက မက်ဆေ့ကနေတဆင့် ပို့ပေးခဲ့တဲ့ ပုံတွေဖြစ်ပြီး ကလေးကောင်းကောင်းထိန်းနေကြောင်း ပြောပြထားတဲ့ပုံတွေပဲ ဖြစ်ပါတယ်။
