ကျွန်မတို့ရဲ့ ဖီလိုင်းကြောင်လေးတွေကတော့ အချိန်မရွေး နေရာမရွေး အိပ်တတ်တဲ့နေရာမှာ ဆရာကြီးတွေပါ။
ကြောင်လေးတွေဟာ သဘာဝအားဖြင့် အသားစားသတ္တဝါတွေဖြစ်တာကြောင့် ပုံမှန်ဆို ချစ်စရာ အမွှေးလုံးလုံးကြီးတွေနဲ့ သူတို့လေးတွေဟာ ကြွက်တစ်ကောင်ကိုမြင်လိုက်ရုံနဲ့တင် သားရဲကြီး တစ်ကောင်လိုပြောင်းလဲသွားတတ်ကြပါတယ်။ ကြွက်လေးတွေဖမ်းဖို့ စွမ်းအင်တွေအများကြီး လိုအပ်တဲ့ သခင်ကြီးတွေဟာ စွမိးအင်ကို ခြွေတာဖို့ ရသလောက် အိပ်ပါတော့တယ်။ ဒါပေမယ့်လည်း သူတို့အိပ်နေတဲ့ ပုံစံကို သင်မြင်တာနဲ့ ချစ်စရာကောင်းတယ်လို့ သဘောတူမိမှာအမှန်ပါ။ မကြာသေးခင်ကမှ အင်တာနက်ပေါ်မှာလည်း ထောင့်တစ်ထောင့်မှာ အိပ်နေတဲ့ ကြောင်လေးတစ်ကောင်ရဲ့ပုံကို group တစ်ခုမှာ photoshop ပြိုင်ခဲ့ကြပါတယ်။ သူ့ကိုအမျိုးမျိုး photoshop လုပ်ထားတဲ့ ဓာတ်ပုံလေးတွေဟာ ရယ်ရလွန်းတာကြောင့် ချစ်ရတဲ့ ပရိသတ်ကြီးလည်း အတူတူ ရယ်မောရအောင် စုစည်းတင်ဆက်ပေးလိုက်ပါတယ်။
