နာမည်ကျော်ပုဂ္ဂိုလ်တွေရဲ့ စတိုင် ဒီဇိုင်းတွေက အမြဲတမ်း hot topic ဖြစ်တတ်ကြပါတယ်။ အော်စကာပွဲတွေ Met Gala တွေမှာ သူတို့ရဲ့ ဝတ်စုံရွေးခြယ်မှုက လူအများကြား ရေပန်းစားရုံတင်မဟုတ်ဘဲ တော်တော်များများက ဝတ်စုံဒီဇိုင်းတွေကို တုပဖန်တီးဖို့ ကြိုးစားလေ့ရှိကြပါတယ်။ အဲဒီထဲကမှ Bodi Imita လို့ခေါ်သူကတော့ နေ့စဉ်မြင်တွေ့နေကျ အရာတွေကို သုံးပြီး ကုန်ကျငွေနည်းနည်းနဲ့ နာမည်ကြီး ဝတ်စုံတွေကိုပြုလုပ်ခဲ့ပါတယ်။ သူ့ရဲ့ ဝတ်စုံတွေက နာမည်ကျော်သွားခဲ့ပြီး အခုဆိုရင် အင်စတာဂရမ်ပေါ်မှာ follower 92k ရရှိထားပါတယ်။
