တစ်ညတာအိပ်ပျော်နေတဲ့ပုံကိုStream လွှင့်ရင်းဒေါ်လာ ၁၆၀၀၀ရရှိခဲ့တဲ့ Streamer တစ်ဦး

အိပ်ပျော်တဲ့သူတစ်‌ေယာက်ဟာ နိုးကြားတဲ့သူထက် ၀င်ငွေရှာဖို့ ပိုပြီးမလွယ်ကူလှပါဘူး။ ဒါပေမဲ့ လူတော်တော်များများဟာ တဖြည်းဖြည်း ကျော်ကြားမှုအသစ် လမ်းကြောင်းသစ်ကို ရှာဖွေတွေ့ရှိလာတဲ့အခါမှာ Sleeping influencersဆိုပြီး ရူးကြောင်ကြောင် လမ်းကြောင်း‌ရှိလာခဲ့ပါတယ်။

တစ်ညတာအိပ်ပျော်နေတဲ့ညမှာ စိတ်ရူပ်ထွေးမှုတွေရှိနိုင်ပေမယ့် အိပ်ရာထဲမှာလဲလျောင်းရင်းဝင်ငွေရှာတာဟာ Twitch Streamer အတွက်ဝင်ငွေကောင်းတဲ့အရင်းအမြစ်တစ်ခုလို့ထင်ရပါတယ်။

Credit

Asian Andyအမည်ရှိသူတစ်ယောက်ဟာအိပ်စက်ပြီး ငွေဝင်တဲ့ sleep streamerတစ်ဦး ဖြစ်ပြီးသူ့ရဲ့နာမည်အရင်းကတော့ stevenလို့ခေါ်ပါတယ်။

Asian Andyဟာ သူ ညအိပ်နေသည်ကို တိုက်ရိုက်လွှင့်နေစဉ်ကြည့်ရှုသူများရဲ့ Donate ပေးခြင်းမှတစ်ဆင့် $ 16K ရရှိခဲ့ပါတယ်။

အသက် ၂၆ နှစ်အရွယ် Andy ဟာ ကောင်းကောင်းအိပ်မပျော်သော်လည်း တစ်ညတည်းသောတိုက်ရိုက်live streamကြည့်ရှုသူများ၏ Donateများမှဒေါ်လာ 16K ရရှိခဲ့ပါတယ်။

credit photo

သူဟာ အိပ်ရာပေါ်တွင် သူ့ကိုယ်သူ ရိုက်ကူးနေစဉ် ကြည့်ရှူ့သူများဟာ သူအိပ်နေတဲ့တာကိုကြည့်ရှူပြီး သူ့ကို အနှောက်ယှက်ဖြစ်စေမည့် မက်ဆေ့များ ပို့ကာ အနှောက်ယှက်ပေးကြပါတယ်။Youtube videoတစ်ခုတွင် andyအား ကြည့်ရှူ့နေသူများက နာရီမြည်သံများ ခွေးဟောင်သံများဖြင့် အဆက်မပြတ်အိပ်စက်‌ေနခြင်းကို နှောက်ယှက်ဖို့ ကြိုးပမ်းကြပါတယ်။

Andyကိုကြောက်အောင်လို့ သူ့အိပ်ယာဘေးက ပြတင်းပေါက်တွင် လူတစ်ဦးရပ်ကြည့်နေသည်ဟု ခြောက်သော်လည်း မအောင်မြင်ခဲ့ပါဘူး။
Streamနေစဉ်အတွင်း Andyဟာ သူ့ရဲ့ အကျီများကို ချွတ်ပြပြီး ဟန်လုပ်ပြ ဖျော်ဖြေခဲ့ပြီး ကြည့်ရှူ့သူအချို့က သူ နေထိုင်တဲ့နေရာကို မေးကြကာ လူအများစုရဲ့ အာရုံကိုရရှိစေခဲ့ပါတယ်။

credit photo

Andyဟာ တိုက်ရိုက်ထုတ်လွှင့်ခြင်းကိုပြီးဆုံးသည်နောက် သူငါးနာရီအတွင်း ဒေါ်လာခြောက်ထောင်ရရှိခဲ့သည့် sleeping stream video clipကို မျှဝေခဲ့ပါတယ်။သူဟာ Twitch ကိုပိတ်ပထားသည့်အချိန်မှာတောင် သန်းနှင့်ချီသောကြည့်ရှုသူများဟာ သူ့ကိုဆက်သွယ်ခြင်းပြုလုပ်နေကြပါသေးတယ်။

Leave a Comment