ကားအသစ်တစ်စီးဝယ်ပြီး အခိုးခံရမှာကြောက်လို့ သံချေးတက်နေတဲ့စတေကာ ကပ်ခဲ့တဲ့ကားပိုင်ရှင်

ကျွန်တော်တို့တွေဟာ မိမိအမြတ်တနိုးနဲ့ တန်ဖိုးထားတဲ့အရာတွေကို သေသေချာချာထိန်းသိမ်းခြင်းဟာ အထူးအဆန်းတစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း UK က အမျိုးသားတစ်ဦးကတော့ အများနဲ့မတူဘဲ ကားအသစ်တစ်စီးဝယ်ယူခဲ့ပြီး သူခိုးအခိုးခံရမှာကြောက်တာကြောင့် ကားတစ်စီးလုံးကို သံချေးတက်နေတဲ့စတေကာတွေ ကပ်ခဲ့ပါတယ်။

ကားပိုင်ရှင်ဟာ Volkswagen T5 ကားအမျိုးအစားကိုဝယ်ယူပြီး ကားစတေတွေကပ်ပေးတဲ့ဆိုင်တစ်ဆိုင်ဖြစ်တဲ့ Clyde’s Wraps က ကားတစ်စီးလုံးကို သံချေးတက်နေတဲ့စတေကာနဲ့ ကပ်ပေးခဲ့တာ ဖြစ်ပါတယ်။

အားလုံးပြီးစီးသွားတဲ့အခါမှာတော့ သူခိုးတွေပဲ ခေါင်းစားသွားခဲ့တာ မဟုတ်ဘဲ ရဲတွေလည်း ကားပိုင်ရှင်ကို စစ်ဆေးမေးမြန်းခဲ့တဲ့အထိ ဖြစ်သွားခဲ့ပါတယ်။

ကားစတေကပ်ပေးတဲ့ဆိုင်ဖြစ်တဲ့ Clyde’s Wraps က ” ကားပိုင်ရှင်ဟာ လူစည်ကားတဲ့နေရာတွေမှာ သွားရောက်ခဲ့တာကြောင့် အချိန်သုံးရက်အတွင်းမှာပဲ ရဲတွေရဲ့စစ်ဆေးမေးမြန်းခြင်းကို ခံခဲ့ရပါတယ် ” လို့ ဆို့ခဲ့ပါတယ်။

၁။

၂။

၃။

၄။

၅။

၆။

၇။

၈။

၉။

၁၀။

 

Leave a Comment