အမေရိကန်နိုင်ငံ ချီကာဂိုမြို့က ရထားလက်မှတ်ရောင်းတဲ့ဝန်ထမ်းကို သေနတ်နဲ့ချိန်ပြီး ဓားပြတိုက်ခဲ့တယ်လို့ ဆိုနိုင်တဲ့ အသက်(၁၈)နှစ်အရွယ် တက္ကသိုလ်ကျောင်းသားတစ်ဦးရဲ့မိခင်ဟာ သူ့သားရဲ့ပုံရိပ်ကို စီစီတီဗီမှတ်တမ်းဗီဒီယိုတစ်ခုကနေကြည့်ပြီး မှတ်မိသွားပြီးတဲ့နောက်မှာတော့ ချက်ချင်းပဲ ရဲစခန်းကိုသွားပြီး ရဲလက်ကို အပ်နှံခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၁၅ရက်နေ့ နေ့လည် ၂နာရီနောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ မီထရာအီလက်ထရစ် ရထားဝန်ထမ်းကို သေနတ်နဲ့ချိန်ပြီး ဒေါ်လာ(၁၁၀)ကို အတင်းအကျပ်တောင်းယူခဲ့တဲ့ အဖြစ်အပျက်အတွက် လိုယိုလာ တက္ကသိုလ် ဒုတိယနှစ်ကျောင်းသားဖြစ်တဲ့ Zion Brown ကို စွဲချက်တင်ထားခဲ့ပါတယ်။
ရဲတွေပြောကြားချက်အရ Brown ဟာ မျက်နှာဖုံးနဲ့ ခေါင်းစွပ်ကို ဝတ်ဆင်ပြီး ရထားလက်မှတ်ရောင်းသူရဲ့ ဗိုက်ကို သေနတ်နဲ့ချိန်ကာ ဗန်ဘာရန်လမ်း ဘူတာထဲကိုဆွဲခေါ်ပြီး ဓားပြတိုက်ခဲ့တယ်လို့ ဆိုထားပါတယ်။ ရဲတွေကတော့ လက်မှတ်ရောင်းသူက အနောက်မှာ လက်ကိုမြှောက်ထားရပြီး မီးရထားစင်္ကြံလျှောက်လမ်းမှာ တရားခံက လက်နက်ကိုကိုင်ဆောင်ထားတဲ့ သံသရှိသူတရားခံရဲ့ ပုံနှစ်ပုံကို ထုတ်ပြခဲ့ပါတယ် ။
CBS2 ရဲ့ သတင်းပေးပို့ချက်အရ Brown ရဲ့အမေဟာ မီဒီယာကနေ ဓားပြတိုက်မှုဖြစ်စဉ်ရဲ့ သတင်းကို မြင်ပြီးတဲ့နောက် သူ့သားရဲ့ပုံစံကို မှတ်မိနေခဲ့တာကြောင့် သူ့သားကို ကယ်လုမတ် မြို့ရဲ့ ရဲစခန် ပရဝဏ်ထဲကို သားကိုယ်တိုင် အဖမ်းခံဖို့အတွက် အမေကိုယ်တိုင် ကားမောင်းပြီး လိုက်ပို့ပေးခဲ့ပါတယ်တဲ့ ။ Brown ရဲ့ ရှေ့နေကတော့ သူ့ရဲ့အမှုသည်ဟာ သူ့လုပ်ရပ်ကို ဝန်ခံထားခဲ့ပြီဖြစ်ပြီး ဆာလောင်လွန်းတာကြောင့် တစ်ခုခု စားချင်လို့ ဓားပြတိုက်မှုကို ကျူးလွန်းခဲ့တာပါလို့ ပြောကြားခဲ့ပါတယ်။
CWB ချီကာဂိုသတင်းဌာနကတော့ Brown ဟာ ရဲတွေကို သူ ဓားပြတိုက်မှုမှာ သုံးခဲ့တဲ့သေနတ်ဟာ ကစားစရာသေနတ်သာဖြစ်ပြီး ဓားပြမှုကျူးလွန်ပြီးနောက်မှာတော့ အမှိုက်ပုံမှာ လွှင့်ပစ်ခဲ့တယ်လို့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်လို့ ဆိုထားပါတယ် ။ အဲဒီနောက်မှာတော့ လိုယိုလာမှာ အတန်းပြန်တက်ခဲ့ပါတယ်တဲ့ ။ ပြီးခဲ့တဲ့ သောကြာနေ့ တရားခွင်မှာတော့ Brown တစ်ယောက် အာမခံခွင့်ကို ပယ်ချခံခဲ့ရပါတယ် ။