တီထွင်ဖန်တီးနိုင်စွမ်းက လူသားတွေရဲ့ အရမ်းကို ထူးခြားတဲ့စွမ်းရည်ပါ ။ ကျွန်ုပ်တို့ရဲ့ စိတ်ကူးစိတ်သန်းတွေဟာ စိတ်ကူးအသစ် တီထွင်မှုအသစ်တွေကို မွေးဖွားပေးလာတဲ့ ဘ၀ပင်လယ်ကြီးလိုပါပဲ ။ လူသားတွေရဲ့စိတ်ဟာ တကယ့်လက်တွေ့ကို ပုံဖော်ပေးနိုင်ပါတယ်။ ဟုတ်ပါတယ် အမှန်ပါပဲ။ ဒီလို ဖန်တီးနိုင်မှု ကျေးဇူးနဲ့ ကျွန်ုပ်တို့ဟာ ကမ္ဘာကြီးကို ပြောင်းလဲနိုင်ပြီး အနာဂတ်ကိုကျွန်တော်တို့ လိုချင်သလို ပုံဖော်နိုင်ပါတယ်။ ဒါပေမယ့်လည်း ဖန်တီးမှုဆိုတာ ကုန်ကြမ်းသာသာပဲ ရှိပါတယ်။ ကျွန်ုပ်တို့ ဒါကို ဘယ်လိုမျိုး ပြုလုပ်လဲဆိုတာကမှ တကယ့် အသက်သွေးကြောပါ။ ဒါပေမယ့်လည်း အရာရာကို အလွန်အကျွံဖန်တီးမိရင် မကောင်းပါဘူး။ တစ်ချို့သော အကြံဉာဏ်တွေဟာ ဆန်းသစ်လွန်း ခေတ်မီလွန်းနေပေမယ့်လည်း တကယ့်လက်တွေ့မှာတော့ ရလဒ်က အရမ်းကို ဆိုးရွားနေတတ်ပါတယ်။ ကဲ ဒါမျိုး တီထွင်ဖန်တီးမှုတွေက ဘယ်လိုတွေဖြစ်မလဲ ကြည့်လိုက်ကြရအောင်နော်။
