ပရိသတ်ကြီးရေ ပြန်လည်ဆန်းသစ် နှောင်းတစ်ခေတ် အယ်လ်ဘမ်လေးနဲ့ ပရိသတ်တွေကြားမှာ အတော်လေးရေပန်းစားခဲ့တဲ့ အဆိုတော် မေလသံစဉ်က Stay Home ကာလမှာ ပရိသတ်တွေ အားလုံး အတွက် ပျော်စရာကောင်းမယ့် အစီအစဉ်လေးတစ်ခု ကို JOOX Myanmar နဲ့ သူမ နဲ့ ပေါင်းလုပ်ထားပြီး JOOX Myanmar မှာရှိတဲ့ Happy & Chill Sing Battel ကို ဝင်ပြိုင်ပြီးတော့ အကောင်းဆုံး သီဆိုနိုင်တဲ့ သူတွေကို မေလ ကိုယ်တိုင်ရွေးချယ်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ် ။
ပြိုင်ပွဲကာလကတော့ စက်တင်ဘာလ ၈ ရက်နေ့က နေ ၁၄ ရက်နေ့ အထိ ဖြစ်ပြီး ပါဝင်ချင်တဲ့သူတွေအတွက်ကတော့ JOOX Karaoke Battle Page ထဲက Happy & Chill Sing Battel အတွက်သတ်မှတ်ပေးထားတဲ့ သီချင်း အပုဒ် ၂၀ထဲက ကြိုက်တဲ့သီချင်းဆိုပြီး ဝင်ရောက် ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ် ။ သီချင်းတစ်ပုဒ်ထက်ပိုဆိုပြီး ယှဉ်ပြိုင်နိုင်ပေမယ့် သီချင်းတစ်ပုဒ်ကိုပဲ ဆုပေးသွားမှာဖြစ်တယ်လို့လည်းသိရပါတယ် ။ ပြိုင်ပွဲမှာ အနိုင်ရရှိတဲ့သူ (၃)ယောက်ကို စက်တင်ဘာလ ၁၅ ရက်နေ့မှာ မေလကိုယ်တိုင်ရွေးချယ်ပြီး ကြေညာပေးသွားမှာဖြစ်တယ်လို့သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေ တဆင့် ပရိသတ်တွေကို အသိပေးခဲ့တာဖြစ်ပါတယ် ။
ဆုလက်ဆောင်တွေ ကတော့ Samsung Galaxy A21s,Galaxy A20s, Galaxy A30s /JOOX VIP 180 days/ K Plus 180 days and 100 Coins တွေဆိုချသွားမှာဖြစ်ပြီး ပရိသတ်တွေအတွက် အိမ်မှာနေရင်း အပျင်းလဲပြေ, ဆုတွေ လဲ ရအောင် မေလ နဲ့ တူတူ ပါဝင်သီဆိုဖို့ သတင်းကောင်းပါးပေးလိုက်ပါတယ်နော် ။ မေလကတော့ ဘယ်သူက ဘယ်သီချင်းလေးတွေ နဲ့ အမိုက်စား ဆိုပြမလဲ ဆိုတာ စောင့်နေပါမယ်တဲ့ ပရိသတ်ကြီးရေ ..။
Source : May Melody
Credits : (Cele Gabar)