အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ ကလေးရှိခဲ့ဖူးတယ်ဆိုတဲ့ အတိတ်အကြောင်းကို ဖြေရှင်းခဲ့တဲ့ မယ်လိုဒီ

မယ်လိုဒီနဲ့ခင်ပွန်းဖြစ်သူ ကိုသာကောင်းတို့ရဲ့အိမ်ထောင်ရေးပြတ်စဲမှုသတင်းကိုတော့ လွန်ခဲ့တဲ့ရက်ပိုင်းက ပရိသတ်တွေလည်း သိရှိပြီး ဖြစ်မှာပါ။ ဒီသတင်းထွက်ပေါ်ပြီးနောက်ပိုင်းမှာတစ်ယောက်တည်းဖြစ်သွားတဲ့မယ်လိုဒီကိုတော့ ပရိသတ်တချို့က ဖေးမအားပေးခဲ့ကြသလို မယ်လိုဒီနဲ့ပတ်သက်ပြီး အပုတ်ချတဲ့သတင်းတွေလည်း လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။

မယ်လိုဒီဘက်က စပြီးဖောက်ပြန်တဲ့သတင်းတွေအပြင်အရင်အိမ်ထောင်နဲ့ သမီးလေးတစ်ယောက်ရှိတဲ့အကြောင်း စတဲ့အပုတ်ချပြောဆိုမှုတွေ ပျံ့နှံ့လျက်ရှိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မယ်လိုဒီကတော့“အကောင့်တုတွေနဲ့ pageမှာ မကောင်းတာတွေ ဝင်မရေးပါနဲ့ရှင်ကျွန်မမှာအရင်က သား ဖြစ်ဖြစ် သမီး ဖြစ်ဖြစ် ရှိခဲ့မယ်ဆိုရင် ဖုံးဖိထားလို့ရမယ်ထင်လား ဒါကြောင့်စိတ်ကူးယဉ်အကုသိုလ်ဇာတ်လမ်းတွဲထဲမှာဘဲ စီးမြောမနေကြပါနဲ့ အနာဂတ်မှာ ချစ်ခြင်းမေတ္တာအပြည့်နဲ့လေးစားတန်ဖိုးထား ချစ်တတ်မယ့် သိဒ္ဓိစစ် Siddhi Sittလေးကိုဘဲ မျှော်မှန်းမေတ္တာပို့ကာ အချစ်တွေစုထားကြပါနော်” ဆိုပြီး ရေးသားခဲ့တဲ့အပြင် တကယ် ကလေးသာရှိခဲ့ရင် သူနဲ့အနည်းဆုံး(၅၀) ရာခိုင်နှုန်းတော့တူမယ့် ကလေးရဲ့ ပုံစံကိုလည်း အရွှန်းဖောက်ခဲ့ပါသေးတယ်။

မယ်လိုဒီကတော့လတ်တလောမှာ လိမ္မာရေးခြားရှိတဲ့ သားလေးသိဒ္ဓိစစ်နဲ့အတူ ဘုရား၊တရားတွေ ပိုလုပ်ဖြစ်နေပြီး ချစ်ရတဲ့ပရိသတ်တွေစိတ်ပူပန်မနေရအောင် လတ်တလောထွက်နေတဲ့ သတင်းတွေက အပုတ်ချထားတဲ့သတင်းဖြစ်ပြီးအမှန်တကယ်မဟုတ်ကြောင်း ဖြေရှင်းခဲ့တာပဲ ဖြစ်ပါတယ်။ မယ်လိုဒီရေးသားမျှဝေခဲ့တာလေးတွေကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။ ခရက်ဒစ်

Leave a Comment