အောက်လမ်းနည်းနဲ့တိုက်ခိုက်ခံနေရတဲ့ ခိုင်နှင်းဝေရဲ့ရင်သွေးလေးများဂေဟာ

ပရိသတ်ရဲ့အချစ်တော်မင်းသမီးချော ခိုင်နှင်းဝေကတော့ ပြင်ပပရဟိတအလုပ်တွေအပြင် ခိုင်နှင်းဝေရင်သွေးလေးများဂေဟာကိုပါ တည်ထောင်ပြီး ကလေးတွေကို ရင်အုပ်မကွာစောင့်ရှောက်နေသူတစ်ယောက်ပါ။ ပရဟိတအလုပ်အပြင် အနုပညာအလုပ်တွေပါ တွဲဖက်လုပ်ကိုင်နေရသူမို့ အားပေးချီးမွမ်းတဲ့သူတွေရှိသလို ဝေဖန်သူတချို့ရဲ့ဒဏ်ကိုလည်း ခံနေရသူပါ။

ကလေးတွေကိုပြုစုစောင့်ရှောက်နေသူတစ်ယောက်မို့ အားပေးချစ်ခင်သူပရိတ်သတ်ပိုများသော်လည်း မထင်မှတ်ထားလောက်အောင် အောက်တန်းကျကျတိုက်ခိုက်ခံနေရကြောင်းကိုတော့ ခိုင်နှင်းဝေက မျှဝေခဲ့ပါတယ်။ ” မနေ့က ကျိုက်မရောဆရာတော်ဘုရားကြီးထံသို့ သွားရောက်ဖူးမျော်ရင်း ဂေဟာမှာ အတိုက်အခိုက်အတားအဆီး အနှောင့်အယှက်ရှိနေတယ်လို့ ဆရာတော်ကြီးကမိန့်ကြားပြီး ဂေဟာကိုလာစစ်ဆေးပေးဖို့ ဒီနေ့ပဲ ဆရာတော်ကျောင်းက အဘတစ်ယောက်ကို ပင့်ဖိတ်စစ်ဆေးကြည့်တော့ အဘက အာရုံပြုကြည့်လိုက်တာနဲ့ ဂေဟာရှေ့က ရွက်လှပင်အောက်မှာ ရှိတယ်လို့မိန့်တော့ ကျွန်မတို့ချက်ချင်း ဆယ်ယူကြည့်တဲ့အခါ တကယ်ပဲ အင်းပြားတွေ တွေ့လိုက်ပါတယ်ရှင်…. အဲဒီအင်းပြားက လူသေကောင်တွေမှာပတ်တဲ့အဝတ်စ.ပိတ်ဖြူနဲ့လုပ်ထားတာတဲ့… ကျွန်မ ကလေးတွေအတွက်တော့ စိတ်ပူမိတယ်… ဘာပဲဖြစ်ဖြစ်ကျွန်မကတော့ အားလုံးကို မေတ္တာထားပါတယ်. ဒီလိုလုပ်တဲ့သူကိုလဲကျမ ဒီကနေမေတ္တာပို့လိုက်ပါတယ်ရှင်. စေတနာကောင်းရင်ကံကောင်းမယ်ဆိုတာကျွန်မယုံကြည်ပါတယ်…. ဘယ်အောက်လမ်းနည်းနဲ့ပဲလုပ်လုပ် ကျွန်မရဲ့ သူတပါးပေါ်ထားတဲ့ တကယ့်စေတနာ နဲ့ ရိုးသားမူကို စိတ်လုံတဲ့အတွက် ဘာမှ မစိုးရိမ်ပါဘူးရှင်” ဆိုပြီး မျှဝေခဲ့ပါတယ်။

ပရိသတ်ကြီးရေ.. ဘဝကို ဘယ်လိုပဲ အကောင်းဆုံးလျှောက်လှမ်းနေပါစေ မနာလိုမုန်းထားတဲ့သူတွေကတော့ ရှိစမြဲပါ။ ဘယ်လောက်ပဲ မကျေနပ်ပါစေ ဒီလိုယုတ်မာပြီး အောက်တန်းကျတဲ့နည်းလမ်းနဲ့ တိုက်ခိုက်တာကတော့ တကယ်ကို မလုပ်သင့်တဲ့အရာတွေပါပဲနော်။

Leave a Comment