အနုပညာရှင်ကြီးတွေရဲ့ အမြင်ကပ်တာ ခံခဲ့ရဖူးတယ်ဆိုတဲ့ ဖြူဖြူထွေး

အခုချိန်မှာတော့ အားလုံးနားလည်းသွားကြပါပြီ။ ဘယ်သူတွေပဲ သဘောမကျဘူးလို့ ပြောနေပါစေ သူမရဲ့ ဖြစ်တည်မှုက မှန်ကန်တဲ့အတွက် အကုန်လုံးကို လိုက်ရှင်းပြနေစရာမလိုဘဲ တစ်ချိန်မှာ အားလုံးက နားလည်သွားကြမှာပါလို့ သူက ပြောပါတယ်။ဖေ့စ်ဘွတ်ဆယ်လီကနေ အနုပညာလောကထဲကို ရောက်ရှိလာတဲ့ ဖြူဖြူထွေးဟာ ဝေဖန်မှုတွေ များစွာ ခံခဲ့ရသူ တစ်ဦးပါ။ တခြားသူတွေရဲ့ ဝေဖန်မှုတွေလည်း ခံရသလို အနုပညာရှင်ကြီးတွေရဲ့ သဘောမကျမှုတွေကိုလည်းခံခဲ့ရတဲ့ အကြောင်း ယခုလို ပြောပြခဲ့ပါတယ်။

“ပထမတုန်းကဆိုရင် အနုပညာရှင်ကြီးတွေက သမီးကို အရမ်းအမြင်ကပ်တာ မိန်းကလေးလို့လည်း မဟုတ်ဘူးပေ့ါ ပြောကြတယ်။နောက်ပိုင်းကျတော့သမီးရဲ့ လမ်းကြောင်းမှန်ကို လုပ်နိုင်တဲ့အတွက် သမီးကို ချီးကျူးကြတယ်။အကုန်လုံးကလည်းချစ်ကြတယ်။အဲ့ဒါလေးတွေ ပြန်ကြားရတော့ ကိုယ်မှာ ပီတဖြစ်တယ်အရင်တုန်းက မကောင်းခဲ့ပေမယ့် အခုချိန်မှာ အကောင်းဆုံးနဲ့လမ်းကြောင်းမှန်ကို လျှောက်နိုင်တော့သူတို့က ကြည့်ပြီး ပီတဖြစ်ကြတယ်။ ဝေဖန်သူတွေအနေနဲ့ သူတို့ဘာသာ မဟုတ်တာပြောပြော ဟုတ်တာပြောပြော ကိုယ့်စိတ်ထဲမှာ ကိုယ်ခံယူထားတာ ရှိတဲ့အတွက် သူတို့ပြောလည်း သူတို့ပြောတဲ့အရာတွေက မတိုးဘူးဖြစ်နေတယ်” လို့ သူမက ဆိုပါတယ်။

ဘယ်သူတွေပဲ သဘောမကျဘူးလို့ ပြောနေပါစေ သူမရဲ့ ဖြစ်တည်မှုက မှန်ကန်တဲ့အတွက် အကုန်လုံးကို လိုက်ရှင်းပြနေစရာမလိုဘဲ တစ်ချိန်မှာ အားလုံးက နားလည်သွားကြမှာပါလို့ သူက ပြောပါတယ်။ “သူတို့တစ်နေ့တော့ နားလည်သွားမှာပါ။ပထမကသာ လူတွေက ဒီကောင်မလေးက ဘာဖြစ်တယ် ဘာညာ ပြောပေမယ့် ကိုယ့်စိတ်ထဲမှာ ရိုးသားမှုတွေရှိတယ် အမှန်တရားရှိတယ်ကြိုးစားမှုတွေပေ့ါ။ အလိုလို အရာအားလုံးက ပြန်ကြားမှာပဲ ကိုယ့်ရဲ့ ဖြစ်တည်မှု မှန်ကန်တယ်ဆိုရင် ကိုယ်တွေကိုယ် တိုင်လည်း ပြန်ရှင်းပြနေစရာမလိုဘူးအကုန်လုံးသိသွားပါတယ်”လို့ သူမက ခန့်စည်သူရဲ့ မွေးနေ့အလှူမှာမီဒီယာတွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဟာသဗီဒီယိုဖိုင်တွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေနဲ့အတူ ဝေဖန်မှုတွေလည်း ကြုံခဲ့ရတဲ့ဖြူဖြူထွေးဟာ ယခုဆိုရင်တော့ ဗီဒီယိုဇာတ်ကားတွေ သာမက ရုပ်ရှင်ဇာတ်ကားကြီးတွေတောင် ရိုက်ကူးနေရပါပြီ။သရုပ်ဆောင် တစ်ဦးအဖြစ် အသိအမှတ်ပြု ခံနေရပြီဖြစ်တဲ့ သူမက ရုပ်ရှင်အစည်းအရုံးဝင် ရင်ထိုးကဒ်တောင် ရရှိသွားခဲ့ပါပြီ။

သူမဟာ ဝေဖန်မှုတွေကိုကြံ့ကြံ့ခံပြီး ကိုယ်ယုံကြည်ရာကို လျှောက်လှမ်းလာတဲ့သူ ဖြစ်တာကြောင့် သူ့ကို ချစ်ခင်တဲ့ ပရိသတ်တွေကိုလည်း ပိုင်ဆိုင်လာခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိမှာလည်း သူမရဲ့ ကြိုးစားအားထုတ်မှုက ရတဲ့ အနုပညာကြေးနဲ့ မိဘတွေကို တိုက်ဆောက်ပေးထားသူလေးလည်း ဖြစ်ပါတယ်။

Leave a Comment