အညာမြေစားဖွယ်စုံ ဆိုင်လေးကို မိသားစုစုံစုံလင်လင် အသစ်ပြန်လည် တိုးချဲ့ဖွင့်လှစ်ခဲ့တဲ့ ခင်လှိုင်
ယူနီကုဒ်ဖြင့် ဖတ်ရန်
ဟာသသရုပ်ဆောင် ခင်လှိုင်ကတော့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ ခင်လှိုင်က ယနေ့အချိန်အထိ ဗီဒီယို၊ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ
ပါဝင်သရုပ်ဆောင်ခဲ့သလို ကိုယ်တိုင်ဒါရိုက်တာအဖြစ်လည်း ဇာတ်ကားတွေ ရိုက်ကူးနေတာ ဖြစ်ပါတယ်။ စိတ်ထားကောင်းပြီး ပျော်ပျော်နေတဲ့ခင်လှိုင်က အားလုံးကြားမှာ အမြဲတမ်း လူချစ်လူခင် ပေါများလို့နေတာပဲ ဖြစ်ပါတယ်။
နှစ်ပေါင်းများစွာတိုင်အောင် အနုပညာလောကမှာ အောင်မြင်မှုတွေများစွာနဲ့ ရပ်တည်နေသူလည်း ဖြစ်ပါတယ်။ လူရွှင်တော်မှတစ်ဆင့် သရုပ်ဆောင်အလုပ်တွေကို လုပ်ကိုင်လာခဲ့သူတစ်ယောက်ဆိုရင်လည်း မမှားနိုင်ပါဘူးနော်။
ခင်လှိုင်ဟာ ဟာသဘက်တွင်သာမက ဒရမ်မာ ရုပ်ဇာတ်တွေကိုလည်း ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ ဝါရင့် သရုပ်ဆောင်တစ်ဦးပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေသာမကဘဲ စီးပွားရေးဘက်မှာလည်း အောင်မြင်အောင်
လုပ်ကိုင်ကာ မိသားစုကို စိတ်ချမ်းသာအောင်ထားတဲ့ အိမ်ထောင်ဦးစီးကောင်း ပီသသူတစ်ယောက်လည်း ဖြစ်ပါတယ်။ အခုလည်း သူရဲ့အညာမြေ စားဖွယ်စုံဆိုင်လေးကို မိသားစုစုံစုံလင်လင် အသစ်ပြန်လည် တိုးချဲ့ဖွင့်လှစ်ခဲ့တဲ့
အမှတ်တရပုံရိပ်လေးတွေကို ဖော်ပြထားတာ တွေ့ရပါတယ်။ ပုံလေးတွေကြည့်ပြီး ကြည်နူးအားကျမိတာကြောင့် ပရိသတ်ကြီးတွက် တစ်ဆင့်ပြန်လည် မျှဝေပေးလိုက်ပါတယ်။ ခရက်ဒစ်
Leave a Comment