ယူနီကုဒ်ဖြင့်ဖတ်ရန်
ဖြူဖြူထွေးဟာ ရိုးသားကြိုးစားပြီး စိတ်ရင်းကောင်းတာကြောင့် ပရိသတ်တွေက ချစ်ခင်ကြတဲ့ သရုပ်ဆောင်တစ်ဦးပဲ ဖြစ်ပါတယ်။ ကြော်ငြာပေါင်းများစွာကို ရိုက်ကူးပြီး အောင်မြင်နေသူ
တစ်ဦးဖြစ်သလို ဝါရင့်အနုပညာရှင်ကြီးတွေကိုလည်း လှူဒါန်းမှုတွေ လုပ်ပေးနေသူဖြစ်ပါတယ်။ အဲဒီလို ပရဟိတစိတ်ရှိမှု စိတ်ထားကောင်းမှုတွေကြောင့် ပိုပိုပြီး အောင်မြင်လာနေတာပဲ
ဖြစ်ပါတယ်။ ခုဆိုရင်လည်း အားလုံးကချစ်ကြတဲ့ ဖြူဖြူထွေးဟာ ရန်ကုန်အသက်မွေး နည်းပညာကောလိပ် ပညာရေးမြှင့်တင်မှုအတွက် YVCT Kindness Ambassador အဖြစ်
ခန့်အပ်ခံလိုက်ရပါတယ်။ ဒီအကြောင်းလေးကို ဖြူဖြူထွေးက သူမရဲ့လူမှုကွန်ယက် စာမျက်နှာမှာ ခုလို ဖော်ပြထားပါတယ်။ “ရန်ကုန်အသက်မွေးနည်းပညာကောလိပ်ပညာရေးမြှင့်တင်မှု
အတွက် YVCT Kindness Ambassador ခန့်အပ်ပွဲ ဖြစ်ပါတယ်ရှင့်” ခုလို ပညာရေးကဏ္ဍမှာ Kindness Ambassador အဖြစ်ခန့်အပ်ခြင်းခံရလို့ ပရိသတ်တွေကလည်း ဂုဏ်ယူစွာနဲ့
ဂုဏ်ပြုနေကြတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် ပရိသတ်ကြီးတို့လည်း Kindness Ambassador တစ်ယောက်ဖြစ်တဲ့ ဖြူဖြူထွေးကို ဝိုင်းဝန်းဂုဏ်ပြုစကားဆိုပေးကြပါအုံးနော်။