- ယခု သတင်းသည် Shwe Yaung Myanmar မှ ကူးယူရေးသားထားသော သတင်း ဖြစ်သည်။
လူကြမ်းသရုပ်ဆောင်လို့ဆိုလိုက်တာနဲ့ မြန်မာရုပ်ရှင်တွေထဲပါလေ့ရှိတာကတော့ ကြာကူလီပုံစံ သူကြီးနောက်လိုက်ပုံစံခပ်ပေါပေါ ကာရိုက်တာများသာဖြစ်ပါတယ် လူကြမ်းတွေရဲ့ လုပ်ပိုင်ခွင့်ဟာ မြန်မာ့ရုပ်ရှင်အတွက် ပျောက်ဆုံးနေခဲ့တာ ကြာမြင်ခဲ့ပြီပဲဖြစ်ပါတယ်
ဒီနေ့မနက် ဖေ့ဘုတ်စာမျက်နှာပေါ်က လူမှုကွန်ရက်မှာ တော့လူကြမ်းသရုပ်ဆောင်ဦးမျိုးကြည်နဲ့ ဦးအရိုင်းမင်းတို့ရဲ့ပုံတွေကို လူတော်တော်များများကြိုက်နှစ်သက်ပြီး မျှဝေမှုတွေ များပြားနေခဲ့ပါတယ်
ဒီအကြောင်းနဲ့ပတ်သတ်ပြီး လူကြမ်းသရုပ်ဆောင်မျိုးကြည်က အခုလိုပဲ ပြောပြလာခဲ့ပါတယ်
“မီဒီယာတခုမှာ တွေ့ပြီးတော့ ကြည့်တယ်လို့တော့ ပြောတယ်။ သူတို့ လိုချင်တဲ့ပုံစံက ဒီလိုပုံစံကို လိုချင်တယ်။ အဓိကကတော့ နှုတ်ခမ်းမွေး၊ မှုတ်ဆိတ်မွေးနဲ့ လိုချင်တယ်ပေါ့။ စိတ်ကူးရှိတဲ့ အချိန်မှာ မီဒီယာတခုက သတင်းတခုမှာ တွေ့လိုက်တယ်။ အဲဒါကို လိုက်တာ။ ဖုန်းနံပါတ် တောင်းပြီး ဆက်သွယ်ပြီး လုပ်ဖြစ်တာ” လို့ မျိုးကြည်က ပြောပါတယ်။
ဆက်လက်ပြီး “ဖုန်းကတော့ သူငယ်ချင်းတယောက်ဆီကနေ ပတ်သက်ရာ ပတ်သက်ကြောင်း တောင်းတယ်။ ပထမကတော့ သူငယ်ချင်းတွေ နောက်တယ် ထင်နေတာ။ မဖြစ်နိုင်ဘူးပေါ့။ မဂ္ဂဇင်းကာဗာ လုပ်ချင်တယ်ဆိုတော့ ဒါမဖြစ်နိုင်ဘူးပေါ့။ စကားတွေ ဘာတွေ ပြောပြီးတော့ ဒါဖြစ်နိုင်တယ်။ သူတို့ပေးလိုက်တဲ့ လိပ်စာကို သွားလိုက်တော့ ကျနော်တို့က ဒါကိုလုပ်ချင်တယ် ကုန်ပစ္စည်းကြော်ငြာတာလည်း မဟုတ်ဘူးပေါ့။ ဓာတ်ပုံ သီးသန့်ပဲ ဆိုတော့။ အဝတ်အစားကတော့ ငါတို့မှာ မင်းတို့ လိုချင်တာတွေ မရှိဘူးဆိုတော့ သူတို့ အဝတ်အစား စီစဉ်ပေးတယ်။ အဲ့လိုနဲ့ ရိုက်ဖြစ်သွားတာပေါ့။ ရိုက်ဖြစ်သွားတော့လည်း စိတ်ထဲမှာ ဒီလောက်ထိ ဖြစ်လိမ့်မယ်လို့ မတွေးထားဘူး။ သူတို့လည်း မတွေးထားဘူး”လို့ သူက ပြောပြလာခဲ့တာဖြစ်ပါတယ်ပရိသတ်ကြီးရေ
လူကြမ်းသရုပ်ဆောင်ဦးမျိုးကြည်ကတော့ ဘဝတသက်တာမှာမကြုံဖူးလောက်အောင်အားပေးမှုမျိုးရခဲ့လို့ အတိုင်းမသိပျော်ရွှင်ရကြောင်းလည်း ပြောသွားခဲ့ပါတယ် ပရိသတ်ကြီးရေ။
Credit Shwe Yaung Myanmar