အဆိုတော် ဇော်ပိုင်ရဲ့သားလေးဖြစ်တဲ့ ရွှေပိုင်လေးကတော့ စကားပြောဆိုပုံနဲ့အပြုမူလေးတွေ အရမ်းကိုယဉ်ကျေးလွန်းလို့ ပရိသတ်တွေကြားမှာနာမည်ကြီးခဲ့သူလေးဖြစ်ပြီး ပရိသတ်တွေအားလုံး ချစ်ရတဲ့ သားသားလေးပဲဖြစ်ပါတယ် ။ Shwe Paing ဆိုတဲ့ Page လေးကနေတဆင့် ရွှေပိုင်လေးက သူ့ထက်ငယ်တဲ့ ညီလေး ညီမလေးတွေအတွက် ယဉ်လေး လိမ္မာစေဖို့နဲ့ နေ့ထူးနေ့မြတ်လေးတွေမှာ အမှတ်တရဗီဒီယိုလေးတွေ မျှဝေပေးနေခဲ့တာပါ ။
လတ်တလောမှာတော့ ညီလေး ညီမလေးတွေအတွက် လူကြီးတွေရှေ့မှာ ရိုရိုသေသေနေတတ်ဖို့ ပညာပေးထားတဲ့ ရွှေပိုင်လေးရဲ့ ဗီဒီယို ကို သူ့ရဲ့ Official Page ကနေတဆင့် မျှဝေပေးခဲ့ပါတယ် ။ လူကြီးတွေရှေ့မှာ ရိုရိုသေသေ ခေါင်းငုံ့ပြီးသွားရပါမယ်ခင်ဗျာ ဆိုတဲ့ စာသားလေးနဲ့အတူ ကိုယ်တိုင်သရုပ်ပြထားတဲ့ ဗီဒီယိုလေးကို ပရိသတ်တွေကိုမျှဝေပေးခဲ့တာပဲဖြစ်ပါတယ် ။
ပရိသတ်တွေကတော့ အရမ်းချစ်ဖို့ ကောင်းပြီး ယဉ်ကျေးလွန်းတဲ့ သားသားရွှေပိုင် ကိုအရမ်းကိုချစ်နေကြပြီး လိမ္မာလိုက်တဲ့ ကလေးလေးဆိုတဲ့ မှတ်ချက်တွေကို ရေးသားခဲ့ကြပါတယ် ။ တချို့ပရိသတ်တွေကလည်း ရွှေပိုင်လေးကို ပညာပေး ဗီဒီယိုလေးတွေ တင်ပေးဖို့ တောင်းဆိုထားကြပါသေးတယ် ။
Video ကြည့်ရန်