မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်အားပေးမှုတစ်ခဲနက်ရရှိခဲ့တဲ့ မောင်ချိုကတော့ အောင်မြင်တဲ့အဆိုတော်တစ်ယောက်အနေနဲ့ ဂီတလမ်းကြောင်းပေါ်လျှောက်လှမ်းလာနိုင်ခဲ့သူပါ။ ပွင့်လင်းတဲ့စကားပြောဟန်၊ ကလေးဆန်တဲ့အပြုအမူတွေကြောင့် မောင်ချိုကိုတော့ Fans တွေက သည်းသည်းလှုပ်အချစ်ပိုနေရတာဖြစ်ပြီး လိုအပ်တာမှန်သမျှဖြည့်ဆည်းပေးဖို့လည်း အသင့်ရှိခဲ့ပါတယ်။
အခုစက်တင်ဘာလလေးကတော့ မောင်ချိုရဲ့မွေးလလေးဖြစ်ပြီး အမြဲတမ်းယောကျ်ားလေးဆန်ဆန်နေတတ်တဲ့ မောင်ချိုတစ်ယောက် ပရိသတ်တွေတစ်ခါမှမမြင်ဖူးသေးတဲ့ပုံစံနဲ့ ရိုက်ကူးထားတဲ့ပုံရိပ်တချို့ကို မျှဝေခဲ့ပါတယ်။ ခေတ်ဟောင်းမြန်မာမိန်းကလေးစတိုင်ပုံရိပ်လေးတွေနဲ့အတူ ” (၂၁) ရက်ပြည့်ဖို့ (၁၅) ရက်အလို… အို ဘယ်သူဘာပြောပြော ကွကိုယ်ကြိုက်တယ် လှတယ် ချစ်တယ် ဒါပဲ… ‘ငါအရမ်းချောတယ်’ လို့အော်ပြီး မနေ့ညက အိမ်တစ်ပတ် ပတ်ပြေးပြီးပြီ… ဆောရီးပဲ.. Confident Level So High” ဆိုတဲ့စာသားလေးနဲ့ မျှဝေခဲ့ပါတယ်။
မြင်နေကျမဟုတ်တဲ့ပုံစံလေးနဲ့ မောင်ချိုရဲ့ပုံလေးတွေကိုကြည့်ပြီး ပရိသတ်တွေက များစွာအချစ်ပိုခဲ့ရပါတယ် ပရိသတ်ကြီးရေ။ မကြာခင်မှာမွေးနေ့ကျရောက်တော့မယ့် မောင်ချိုလေးရဲ့ မြန်မာဆန်ဆန်ပုံရိပ်လေးတွေကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source – Chanmyae Mgcho
Credits – Cele Gabar