မြင်နေကျမဟုတ်တဲ့ပုံစံနဲ့ ပရိသတ်ကိုအံ့အားသင့်စေခဲ့တဲ့ ပိုင်တံခွန်

တောင့်တင်းတဲ့ခန္ဓာကိုယ်နဲ့ ဆွဲဆောင်မှုရှိတဲ့မျက်နှာကို ပိုင်ဆိုင်ထားသူမင်းသားချော ပိုင်တံခွန်ကတော့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တစ်လက်ပါ။ မြန်မာနိုင်ငံက ပျိုမေတွေရဲ့ပါးစပ်ဖျားမှာသာမက အာရှနိုင်ငံတော်တော်များများရဲ့မိန်းကလေးတွေ ပါးစပ်ဖျားမှာပါ ရေပန်းစားနေသူဆိုရင်လည်း မမှားပါဘူး။

မြန်မာဝတ်စုံ၊ အနောက်တိုင်းဝတ်စုံ၊ ထိုင်းရိုးရာဝတ်စုံစတဲ့ ဘယ်လိုဝတ်စုံမျိုးပဲဝတ်ဝတ် သူများနဲ့မတူ ထူးခြားပေါ်လွင်နေတတ်တဲ့ ပိုင်တံခွန်ကတော့ ဒီနေ့မှာလည်း ပရိသတ်ကြီးလူမှားသွားစေမယ့်ဝတ်စုံတစ်စုံနဲ့ ရိုက်ကူးထားတဲ့ပုံလေးတွေကို မျှဝေခဲ့ပါတယ်။ သေချာပြင်ဆင်ထားတဲ့ဝတ်စုံ၊ မြင်းတွေနဲ့ ပိုင်တံခွန်ကတော့ ဒဏ္ဍာရီထဲက တရုတ်မင်းသားတစ်ပါးလို ခန့်ခန့်ညားညားလှပနေတာပါ။

ပရိသတ်ကြီးကတော့ ဒီပုံလေးကို ရုတ်တရက်ကြည့်လိုက်တာ တရုတ်မင်းသားပုံလို့ထင်ခဲ့ရုံမက Mobile Legend Game ထဲက Leomord နဲ့တူတယ်လို့လည်း မှတ်ချက်ပေးရေးသားခဲ့ကြပါတယ်။ ဘယ်လိုဝတ်စုံမျိုးမျိုးပဲဝတ်ဝတ် ခန့်ညားနေတတ်တဲ့ပိုင်တံခွန်ရဲ့ အသွင်သစ်လေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


Source – Paing Takhon
Credits – Cele Gabar

Leave a Comment