မြင့်မြတ်က မနက်ရောညပါ ဖုန်းဆက်ပြီး စိတ်ဓာတ်တွေကျနေချိန်မှာ အားပေးခဲ့ကြောင်း ပြောပြခဲ့တဲ့ ယုန်လေး
ယုန်လေးဟာဆိုရင် အခုတလော ဆိုရှယ်မီဒီယာမှာ နာမည်ကြီး ရေပန်းစားနေသူတစ်ယောက်ဖြစ်ပါတယ်။ လွန်ခဲ့ဲ့ရက် အနည်းအငယ်က ထွက်ခဲ့တဲ့ သီချင်းဗီဒီယိုကြောင့် လူအများရဲ့ဝေဖန်မှုခံခဲ့ရရုံသာမက ရုပ်ရှင်အစည်းအရုံးမှ အနုပညာအလုပ်တွေလုပ်ခွင့် တစ်နှစ်တိတိရပ်နားတာခံခဲ့ရပါတယ်။
မြင့်မြတ်က စိတ်ဓာတ်ကျနေတဲ့ အချိန်တွေမှာ ဘယ်လို အားပေးခဲ့တယ်ဆိုတာ ယုန်လေးက ပြောပြခဲ့ပါတယ်။ ယုန်လေးဟာ သူကိုယ်တိုင်က စိတ်အတက်အကျမြန်သူဖြစ်ပြီး ဝေဖန်မှုပေါင်းများစွာရဲ့ဒဏ်တွေကို (၂)ပတ်နီးပါး ခံစားခဲ့ရကြောင်း
ပြောပြခဲ့ပါတယ်။ ထိုအချိန်အတွင်းမှာ ဘေးနားက ချစ်လှစွာသော မိသားစုအရင်းလို ခင်မင်ကြတဲ့သူတွေရဲ့ အားပေးမှုကြောင့် ပြန်အဆင်ပြေလာခဲ့ပါတယ်။ အားပေးတဲ့သူတွေထဲမှာ ကြမ်းတမ်းစွာအားပေးတဲ့သာတွေ သိမ်သိမ်မွေ့မွေ့လေးအားပေးတဲ့သူတွေပါရှိကြောင်းပြောခဲ့တယ်။
ကြမ်းတမ်းတဲ့ သူတွေကိုလဲ မဟုတ်တာတွေမလုပ်ဖို့ ယုန်လေးမှ မေတ္တာရပ်ခံရကြောင်း ပြောပြခဲ့ပါတယ်။ အားပေးပြီး အနားမှာရှိတဲ့ ညီအကိုတွေရော ညီမလေးတွေကိုရော ကျေးဇူးတင်ကြောင်းပြောပြခဲ့ပါတယ်။ အဲ့ထဲကမှ သူငယ်ချင်းဖြစ်သူ မြင့်မြတ်က သေချာလေး
သူ့ကို ဂရုစိုက်တဲ့အပြင် ရယ်ရကြောင်း ပြောပြခဲ့ပါတယ်။ မြင့်မြတ်က ဂိမ်းအရမ်းဆော့တတ်တဲ့သူတစ်ယောက်ဖြစ်ပြီး ဂိမ်းဆော့ပျက်မှာစိုးလို့ သူ့ဖုန်းနံပါတ်တောင် မသိပေမယ့် အခုလို ဝေဖန်မှုတွေကြောင့် စိတ်ညစ်နေရတဲ့ အချိန်မှာ ဘယ်သူမှမသိတဲ့ ဖုန်းနံပါတ်တစ်ခုကိုပေးထားခဲ့ကြောင်း ယုန်လေးက ပြောပြခဲ့ပါတယ်။
ထိုဖုန်းနဲ့ သူ့ကို မနက်တစ်ခေါက် ညတစ်ခေါက်ဆက်ပြီး အဆင်ပြေလား အမြဲမေးကြောင်း မြင့်မြတ်ရဲ့ မွန်မြတ်တဲ့ စိတ်ထားကို အမွှန်းတင်ပြောပြခဲ့ပါတယ်။ ထိုမျှမကသေးဘဲ မြင့်မြတ်က ကိုယ်တိုင်လဲ လာလည်သလို အိမ်ခေါ်ပြီးလဲ
အားပေးခဲ့ကြောင်း ပြောပြခဲ့ပါတယ်။ ထို့အပြင် အားပေးကြတဲ့ ခင်လှိုင်၊ ထူးခြား သားကြီးအပြင် ညီငယ်၊ညီမငယ်များကပါ အားပေးကြလို့ပျော်ကြောင်း ယုန်လေးကပြောပြခဲ့ပါတယ်။ အခုလို ပရိသတ်တချို့ အမြင်မှားနေတဲ့အပေါ်မှာ အချိန်နဲ့ခံယူချက်ကပဲ စကားပြောသွားမှာဖြစ်တယ် လို့လဲ ယုန်လေးကပြောခဲ့ပါတယ်။ ပရိသတ်ကြီးလဲ ဒါလေးကိုဖတ်မိပြီး ကျေနပ်ကြလိမ့်မယ်လို့မျှော်လင့်ရပါတယ်။ မြင့်မြတ်လိုမျိုး ယုန်လေးအပေါ် သူငယ်ချင်းကောင်းပီသလွန်းတဲ့ မိတ်တွေမျိုးရကြပါစေလို့လဲ ပရိသတ်ကြီးအတွက်ဆုတောင်းပေးလိုက်ပါတယ်။