မောင်နှမသုံးယောက်လုံး စိုးရိမ်နေရတဲ့ ထက်ထက်မိုးဦးဖခင်ရဲ့ ကျန်းမာရေးအခြေအနေ

မကြာသေးမီကမှ ဖခင်ဖြစ်သူအရေးပေါ်ဆေးရုံတင်လိုက်ရတဲ့အကြောင်းကို ထက်ထက်မိုးဦးက သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ပရိသတ်တွေကို အသိပေးခဲ့ပါတယ် ။ သွေးတိုးပီးလေဖြတ်သွားလို့ မန္တလေးမင်္ဂလာဆေးရုံမှာ အရေးပေါ်တင်လိုက်ရတာပဲဖြစ်ပါတယ် ။

ဒီသတင်းနဲ့ပတ်သက်ပြီး ထက်ထက်ရဲ့ ပရိသတ်တွေကလည်း သူမနဲ့ထပ်တူ စိတ်ပူပြီး ထက်ထက် အဖေ အမြန်ဆုံးနေကောင်းကျန်းမာလာဖို့ ဆုတောင်းပေးခဲ့ကြပါတယ် ။ ထက်ထက်ကိုယ်တိုင် လည်း ကျန်းမာရေး သိပ်မကောင်းလို့နေမကောင်းဖြစ်လာရင်စိတ်ရောလူရော ကျလာတဲ့အကြောင်းနဲ့ ဘယ်လောက်ပဲတရားမှတ်မှတ်ရင်ထဲမှာဗလောင်ဆူနေတာပဲရှေ့ဆက်ဘယ်လိုအသက်ရှင်နေထိုင်ရမလဲဆိုတာမတွေးတတ်တော့ဘူး လို့ သူမရဲ့ ဖေ့ဘုတ်စ်စာမျက်နှာထက်မှာရေးသားခဲ့ပါသေးတယ် ။

ကိုယ်တိုင်ကျန်းမာရေးသိပ်မကောင်းတဲ့ကြားက ဆေးရုံတင်နေရတဲ့ ဖခင်အတွက်စိုးရိမ်ပူပန်ပေးရင်း အနီးကပ်ပြုစုနေခဲ့တာဖြစ်ပါတယ် ။ အဖေအမြန်ဆုံးသက်သာပါစေလို့မောင်နှမသုံးယောက်ဆုတောင်းနေပါတယ်လို့ လည်း ပုံနဲ့တကွပရိသတ်တွေကို မျှဝေပေးခဲ့ပါသေးတယ် ။

Source : Htet Htet Moe Oo

Leave a Comment