လက်ရှိ ပရိသတ်အားပေးမှုအများဆုံးရရှိနေတဲ့ The Voice Myanmar (Season 3) ရဲ့ Blind Audition မှာ ပြိုင်ပွဲဝင် တစ်ဦးဝင်ရောက်ယှဉ်ပြိုင်တဲ့ သီချင်းတစ်ပုဒ်ရဲ့ မူရင်းအဆိုရှင်ကိုမေ့ထားပြီး နောက်မှပြန်ဆိုထားသူ အဆိုတော်ကိုသာ နာမည်တပ်လိုက်တဲ့အတွက် လူပြောများတဲ့သတင်းတစ်ပုဒ်ဖြစ်လို့နေတာပါ
ပြိုင်ပွဲဝင် ရဲခန့်ကတော့ ဒိုင်လေးယောက်စလုံးရဲ့ ဖိတ်ခေါ်ခြင်းကို ခံခဲ့ရပေမယ့် အဆိုတော် R ဇာနည်ကိုသာ ရွေးချယ်ခဲ့တာကိုလည်းတွေ့ရပါတယ် ဒီလိုရွေးချယ်ခဲ့ရတဲ့ အကြောင်းအရင်းကို ရဲခန့်ကအခုလိုပြောပြလာခဲ့ပါတယ်
“ကျွန်တော် Coach ၄ ယောက်စလုံးကိုလေးလည်းလေးစားသလို အားလုံးကိုလည်းကြိုက်ပါတယ် ဒါပေမယ့် အစောကတည်းက ကျွန်တော်က ကို R ဇာနည်ကို ရွေးချယ်ဖို့ စိတ်ထဲမှာရှိနေခဲ့တာပါ ဒါကြောင့်လည်းရွေးချယ်ဖြစ်ခဲ့တာပေါ့ ကျန်တဲ့ Coach ၃ ယောက်ကိုလည်း သဘောကျပေမယ့် တစ်ယောက်ပဲရွေးရမှာဖြစ်တာကြောင့် ကျွန်တော့ Idol ဖြစ်တဲ့ကို R ဇာနည်ကိုပဲရွေးခဲ့တာပါ ” လို့ ပြောပြသွားခဲ့တာပါ ပရိသတ်ကြီးရေ
ပြိုင်ပွဲဝင်ရဲခန့်ကတော့ R ဇာနည်ကို သူ့ရဲ့ Coach အဖြစ် ရွေးချယ်ခဲ့ရတဲ့ အကြောင်းအရင်းကို ပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော် ဒီဖြစ်ရပ်အပေါ် ပရိသတ်ကြီးရဲ့ အမြင်ကိုလည်း ပြောခဲ့ကြပါအုန်းနော်
Credits : Shwe Yaung Myanmar