မိခင်ဖြစ်သူရဲ့ဆန္ဒအတိုင်း ကျောင်းဆောင်အလှူလေး လှူဒါန်းပေးခဲ့တဲ့ ချောရတနာတို့ ညီအစ်မ

ပရိသတ်ရဲ့အချစ်တော် ချောရတနာနဲ့ သန္တာဗိုလ်တို့ရဲ့မိခင်ကြီးကတော့ လွန်ခဲ့တဲ့ငါးလလောက်က ဆုံးပါးသွားခဲ့ပြီး ဒီနေ့မှာတော့ မိခင်အတွက်ရည်စူးပြီး လုပ်ပေးထားတဲ့အလှူလေးတစ်ခုကို ပရိသတ်ကြီးလည်း ထပ်တူသာဓုခေါ်နိုင်ဖို့ မျှဝေပေးခဲ့ပါတယ်။

မိခင်ဖြစ်သူကတော့ သူမသေဆုံးခင်ကတည်းက ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ သဲဖြူချောင်းကျေးရွာမှာရှိတဲ့ အပ္ပမာဒတောစခန်းရိပ်သာမှာ စာချဆရာတော်တစ်ပါးကျောင်းဆောင်လေးတစ်ဆောင် ဆောက်လုပ်လှူဒါန်းနိုင်ဖို့ ဆန္ဒရှိခဲ့သူပါ။ မိခင်ရဲ့ဆန္ဒကိုတော့ ကွယ်လွန်သွားတဲ့မိခင်ကြီးအတွက်ရည်စူးပြီး ကုသိုလ်ဒါနအနေနဲ့ ချောရတနာတို့ ညီအစ်မတွေက ဖြည့်ဆည်းပေးခဲ့ပါတယ်။

ကျောင်းဆောင်ဆောက်လုပ်ဖို့အတွက် လွန်ခဲ့တဲ့ရက်ပိုင်းက ပထမအရစ် ဆယ်သိန်း လှူဒါန်းပေးခဲ့သလို ဒီတစ်ခေါက်မှာတော့ ကျပ်သိန်း(၇၀) ထပ်မံလှူဒါန်းပေးခဲ့ပါတယ်။ သူတို့ရဲ့အလှူလေးကိုတော့ ” (၅)လတောင်ပြည့်ပြီမေကြီးရေ… မေကြီး လှူချင်ခဲ့တာလေး တစ်ခုတော့ လှူခဲ့နိုင်ပြီ….. မေကြီးအတွက်ရည်စူးပြီး အမြဲ ကုသိုလ်ပြုပေးနိုင်အောင်ကြိုးစားပါ့မယ်….မကြီးကုသိုလ်ထပ်တူရပါစေ” ဆိုပြီး ချောရတနာက သူတို့ရဲ့အလှူလေးကို မျှဝေခဲ့ပါတယ်။


Source – Chaw Yadanar

Credits – Cele Gabar

Leave a Comment