ဖျာစုတ်လေးခင်းပြီး လမ်းဘေးမှာ အိပ်ရတဲ့ A4 ရဲ့ဘဝကို တိုက်ခန်းမှာ အဲကွန်းလေးနဲ့ နေတိုင်အောင် ပြောင်းလဲပေးခဲ့တဲ့ ယုန်လေး

ယုန်လေးကတော့ အရည်အချင်းရှိတဲ့ရွက်ပုန်းသီးလူငယ်တွေကို မြေတောင်မြှောက်ပေးနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ယုန်လေးက ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်မှာ ကြံရည်ရောင်းတဲ့ A4ကိုလည်း သွားရောက်တွေ့ဆုံအားပေးပြီး သူနဲ့အတူတူ သီချင်းတွေဖန်တီးနိုင်အောင် ပြုလုပ်ပေးခဲ့တာပဲဖြစ်ပါတယ်။ ဒီနေ့မှာလည်း ယုန်လေးက A4 အတွက်တိုက်ခန်းလေးနဲ့ နေနိုင်အောင် ဖန်တီးပေးဖြစ်ကြောင်းကို ဝမ်းသာစွာနဲ့ အခုလိုပဲ မျှဝေထားပါတယ်။

“ကျော်စွာ နေစရာ အိမ်လေးရသွားတဲ့အတွက် အရင်လို အိပ်နေတုန်း မိုးရွာရင် အိပ်ရေးပျက်ပြီး မိုးပြေးခိုစရာ မလိုတော့ပါဘူး။ ဝမ်းစာထဲကအတိုင်း မိုးမိ၊နှာစေး၊ ဆေးဖိုးမရှိဆိုတဲ့ စာသားတွေထဲကနေ ကျော်စွာတော့ လွတ်မြောက်သွားပါပြီ။ Rocker ကို တင်ပြလိုက်တာ Rocker ကအိမ်ဌားပေးပြီးကူညီသွားတာပါ။ မလွတ်မြောက်သေးတဲ့ အခြေခံလူတန်းစားများ၊ အရေးတကြီး လိုအပ်နေတဲ့ လူတန်းစားများအတွက် ကျွန်တော်လည်း အမြဲတန်း အဆင်မပြေတော့ Rocker ကိုအစီစဉ်လေး တင်ပြကြည့်တာ။” “လစဉ် တကယ်လိုအပ်နေတဲ့ အခြေခံလူတန်းစားတွေအတွက် ပြောင်းလဲ မူ့တွေပေးဖို့ ကူဖို့ အစီစဉ်လေးကို Rocker က တော်လျောက် လစဉ် ကူညီထောက်ပံ့တော့မှာပါ။

ကျွန်တော်ပထမဆုံး Brand Ambassador ဖြစ်တဲ့ Brand က ပိုင်ရှင်တွေစိတ်ဓာတ်က ကျွန်တော်နဲ့ တသားထဲဖြစ်နေတဲ့ အတွက် ဂုဏ်ယူပါတယ်။ တကယ်လိုအပ်ပြီးဆိုရင် Data ပြည့်စုံရင် အခြေခံလူတန်းစားတွေအတွက် ယုန်လေး နဲ့ Rocker အသင့်ရှိနေပါပြီ။” ဆိုပြီး ဝမ်းသာစွာပြောထားပါတယ်။ ယုန်လေးကတော့ လမ်းဘေးမှာ ဖျာစုတ်လေးခင်းပြီး အိပ်ရတဲ့ A4ရဲ့ဘဝကို အဲကွန်းတိုက်ခန်းလေးနဲ့နေနိုင်အောင် အလှူရှင်တွေနဲ့ပေါင်းပြီး ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။ A4 လည်း ကျောအေးအေးနဲ့လုံခြုံတဲ့အိမ်လေးမှာ နေနိုင်ပြီမို့ ဝမ်းသာနေမယ် ထင်ပါတယ်နော်။

Credit

Leave a Comment