မြန်မာအိုင်ဒေါ Season-4 ရဲ့ဆန်ခါတင်ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ ထက်အဉ္ဇလီကတော့ သွက်လက်မြူးကြွတဲ့သီဆိုဟန်လေးတွေနဲ့ ပရိသတ်အချစ်ကိုသိမ်းပိုက်ခဲ့သူပါ။ ပြိုင်ပွဲကြီးပြီးဆုံးပြီးနောက်ပိုင်းမှာလည်း အမာခံပရိသတ်တွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေလေ့ရှိသူဖြစ်ပမေယ့် ကျန်ခဲ့တဲ့လပိုင်းလောက်ကတော့ လူမှုကွန်ရက်ပေါ်မှာသိပ်မတွေ့ဖြစ်တော့တာ ပရိသတ်ကြီးလည်း သတိထားမိကြမှာပါနော်။
ဒီနေ့မှာတော့ ထက်အဉ္ဇလီက အဲ့ဒီအချိန်တုန်းက စိတ်ညစ်စရာတစ်ခုကြုံတွေ့နေရတာကြောင့် ပရိသတ်ရှေ့က ပျောက်နေခဲ့တာဖြစ်ကြောင်း မျှဝေခဲ့ပါတယ်။ ယောကျ်ားလေး၊ မိန်းကလေးတိုင်းကြောက်ရတဲ့အရာဖြစ်တဲ့ အစုလိုက်အပြုံလိုက် မျက်နှာမှာဝက်ခြံတွေပေါက်တာကို ထက်အဉ္ဇလီတစ်ယောက်ကြုံတွေ့ခဲ့ရပြီး “ထက်ဘဝမှာ အဆိုးဆုံးသော အိမ်မက်ဆိုးကြီးမက်ခဲ့တဲ့ အချိန်ကာလ တစ်ခုက ပုံပါ” ဆိုတဲ့စာသားလေးနဲ့အတူ ဝက်ခြံပေါက်တုန်းက ရိုက်ကူးထားတဲ့ပုံလေးကို မျှဝေခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ တော်တော်လေးသက်သာလာပြီဖြစ်ပေမယ့် အမာရွတ်လေးတချို့တော့ ကျန်သေးတဲ့အကြောင်းနဲ့ သူ့လိုမျိုးတွေ့ကြုံခံစားနေရတဲ့သူတွေအတွက်လည်း ဘာကြောင့်ဖြစ်ရတယ်.. ဘယ်လိုတွေကုသလို့ သက်သာသွားတယ်ဆိုတာလေးတွေကို သေချာတိတိကျကျလေးပြောပေးသွားမယ့်အကြောင်း ဘဝတူတွေကို အားပေးစကားပြောခဲ့ပါတယ် ပရိသတ်ကြီးရေ…
Source- Htet Inzali Wint
Credits – Cele Gabar