Iron man ဆိုရင် ရောဘတ် ဒွန်နေး ဒါမှမဟုတ် ကပ္ပတိန် အမေရိကဆိုတာနဲ့ ခရစ် အီဗန့်စ် ကိုပဲ ပြေးမြင်မိကြမှာပါ။ သူတို့ကလွဲရင် အဲဒီဇာတ်ကောင်နေရာတွေကို ဘယ်သူနဲ့မှ အစားမထိုးနိုင်ဘူးလို့ ထင်ခဲ့ကြဖူးပါတယ်။ ဟောလိဝုဒ် ကြယ်ပွင့်တွေရဲ့ သရုပ်ဆောင်မှုက ဇာတ်ကောင်နဲ့ တစ်သားတည်းကျလွန်းတာကြောင့် သူတို့နဲ့ ဇာတ်ကောင်နဲ့ကို ခွဲပြီးမမြင်နိုင်ကြတော့တာပါ။ ဒါ့အပြင် ဒီဇာတ်ကောင်တွေက သူတို့ သရုပ်ဆောင်အလုပ်မှာ ကမ္ဘာကျော် ကြယ်ပွင့်တွေဖြစ်အောင် လုပ်ပေးတဲ့ အရေးကြီး မှတ်တိုင်တွေပါပဲ။ ဒါပေမယ့်လည်း တကယ့်လက်တွေ့မှာတော့ သူတို့ဟာ ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့ရဲ့ ပထမဆုံးရွေးချယ်ခံခဲ့ရတဲ့သူတွေ မဟုတ်ကြပါဘူး။ ရုပ်ရှင်ရိုက်ကူးတော့မယ့်အချိန်မှ အကြောင်းအရင်းများစွာကြောင့် သရုပ်ဆောင်တွေကို ပြောင်းလဲခဲ့ရတဲ့ ဖြစ်ရပ်များလည်း ရှိခဲ့ပါတယ်။ ကဲ ပရိတ်သတ်ကြီးတို့ ဒီစူပါဟီးရိုးနေရာတွေကနေ သရုပ်ဆောင်ဖို့ အရင်ဆုံးရွေးချယ်ခံထားရသူတွေက ဘယ်သူတွေလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်။
