ပရိသတ်အချစ်တော် ရှမ်း-တရုတ် ကပြားမလေး နန်းဆုကတော့ အမိုက်စားဘော်ဒီ နဲ့ ကိုရီးယားမလေးတစ်ယောက်လို ကြည်လင်ဝင်းပနေတဲ အသားရည်ကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေးတစ်ယောက်ပါ ။
သရုပ်ဆောင်မှာရော အဆိုပါကျွမ်းကျင်တဲ့ မင်းသမီးတစ်ယောက်ဖြစ်ပြီး အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေလည်း အများအပြားပါပဲ ။
လတ်တလောမှာတော့ ဇွန်လ (၁၅) ရက်နေ့ညနေခန့်က China Website တစ်ခုမှာ နန်းဆုရဲ့ အကြောင်းလေးကို ရေးသားဖော်ပြခြင်းခံခဲ့ရပါတယ် ။
အဲ့ website မှာ ရေးတင်ထားတာကတော့ နန်းဆုရဲ့ ရှန်ဟိုင်းက အလှဓာတ်ပုံတွေ အပြင် မြန်မာနိုင်ငံမှာရိုက်ထားတဲ့ အလှဓာတ်ပုံတွေကိုပါ တင်ထားတာဖြစ်ပြီး နန်းဆုရဲ့ biography အကျဉ်းချုပ်နဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း ဖော်ပြထားပါတယ် ။