“ညှို့သောပင်လယ် ၊ ဆွဲငင်သောလမင်း” သီချင်းရဲ့ မူရင်းအဆိုရှင်က အာဇာနည်ပါလို့ ဖြေရှင်းခဲ့တဲ့ ဒါရိုက်တာကြည်ဖြူသျှင်

မနေ့က စက်တင်ဘာလ ၆ ရက်ညက ပြုလုပ်ခဲ့တဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှ ပြိုင်ပွဲဝင်တစ်ဦးသီဆိုယှဉ်ပြိုင်သွားတဲ့ “ညှို့သောပင်လယ် ၊ ဆွဲငင်သော လမင်း”  သီချင်းရဲ့ မူရင်းအဆိုရှင်က အာဇာနည်ဖြစ်တဲ့အကြောင်းကို ဒါရိုက်တာ ကြည်ဖြူသျှင်က ဖြေရှင်းခဲ့တာဖြစ်ပါတယ်။

ဒီသီချင်းကိုတော့ ပြိုင်ပွဲဝင်ရဲခန့်ကသီဆိုယှဉ်ပြိုင်ခဲ့ပြီး၊ Coaches လေးဦးစလုံးလှည့်ကြည့်ခဲ့တာဖြစ်ပါတယ်။

Coaches တွေထဲကမှ Coaches နီနီခင်ဇော်က ဒီသီချင်းကို ကာဗာအဖြစ်ပြန်လည်သီဆိုခဲ့တဲ့ အောင်ထက်ကိုပြိုင်ပွဲလုပ်နေချိန်ဖုန်းခေါ်ပြီး၊ ပြိုင်ပွဲဝင်ရဲခန့် ကိုသူ့ရဲ့ Team ကိုလာဖို့ အတွက်ကူပြောပေးဖို့ ဟာသနှောကာ ပြောခဲ့တာဖြစ်ပါတယ်။

ဒီအဖြစ်အပျက်ကို တော်တော်များများကဝေဖန်နေခဲ့ကြတာဖြစ်ပါတယ်။

ဒီလိုဝေဖန်တာကတော့ “ညှို့သောပင်လယ် ၊ ဆွဲငင်သောလမင်း” သီချင်းရဲ့ မူရင်းသီဆိုသူမှာအာဇာနည်ဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဒါရိုက်တာကြည်ဖြူသျှင်ကလည်း  “ညှို့သောပင်လယ် ၊ ဆွဲငင်သောလမင်း” ရုပ်ရှင်ဇာတ်ဝင်သီချင်းသီဆိုသူ မူရင်း အဆိုရှင် က” R ဇာနည် “ပါ။ ကျွန်မတို့မိသားစုပိုင် မဟာထွန်းရုပ်ရှင်ထုတ်လုပ်ရေးဝတ္တု လွန်းထားထား(ဆေးတက္ကသိုလ်)ဒါရိုက်တာ က ကျွန်မ ကြည်ဖြူသျှင် ရိုက်ကူးတဲ့” ညှို့သောပင်လယ် ၊ ဆွဲငင်သောလမင်း” ရုပ်ရှင်အတွက်အသစ်ရေးတဲ့သီချင်းပါ။ ပြီးတော့ ” လမင်းသို့” အမည်နဲ့ ” Rဇာနည် ၊ မီးမီးခဲ “စုံတွဲသီချင်းခွေထုတ်ခဲ့ပါသေး တယ်၊ ထုတ်လုပ်သူက ကျွန်မ ညီမ မနုရွှေရည်ပါ။ ဒီသီချင်းကို ဇာတ်ဝင်သီချင်းအဖြစ် တေးရေးစောခူဆဲက ရေးပြီး ၊ “Rဇာနည် နဲ့ မီးမီးခဲ” စုံတွဲဆိုခဲ့တာပါ။ မူရင်း အဆိုရှင် ” Rဇာနည် ” ကိုအနားထားပြီး ခုလိုတွေပြောနေကြတာမြင်တော့၊စိတ်မကောင်းဖြစ်မိလို့ပါ” လို့ သူမရဲ့အမြင်ကို ပြောပြခဲ့တာဖြစ်ပါတယ်။

ဒီ “ညှို့သောပင်လယ် ၊ ဆွဲငင်သောလမင်း” တေးသီချင်းရိုက်ကူးမှုကို ကြည့်ရှူလိုပါက /PO6SEhrEIwU  မှာဝင်ရောက်ကြည့်ရှူနိုင်ပါတယ်။

Credits : myanmaplatform

Leave a Comment