ဂျီဟောသူ ဇာတ်လမ်းတွဲမှာပါဝင်ကြမယ့် MRTV-4 မင်းသားမင်းသမီးတို့ရဲ့ ကာရိုက်တာများ

စာရေးဆရာမကြီး မစန္ဒာရဲ့ နာမည်ကြီးဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ ဂျီဟောသူ ဆိုတဲ့ ဝတ္ထုကို MRTV-4 ကပြန်လည်ဝယ်ယူပြီး ဇာတ်လမ်းတွဲတစ်ခုအဖြစ်ပုံဖော်ခဲ့ပါတယ် ။ အနုပညာရှင်ပေါင်းများစွာ ပါဝင်ထားပြီး မကြာမီ MRTV-4 ကနေတဆင့်ထုတ်လွှင့်ပြသတော့မှာဖြစ်ပါတယ် ။

ဒီဇာတ်လမ်းတွဲမှာ စက်မှုတက္ကသိုလ်မှ မြို့ပြ မေဂျာကျောင်းသား အထက်အညာသားတစ်ယောက် ဖြစ်ပြီး ၊စိတ်သဘောထားရိုးသားဖြူစင်သူ စာတော်ပြီး အေးဆေးနေတတ်သူ ၊တစ်ခါတရံအူကြောင်ကြောင်နိုင်သူ ❝ကိုရင်မောင်❞ အဖြစ် ❝ဟိန်းထက်❞ ကပါဝင်သရုပ်ဆောင်ထားပြီး စက်မှုတက္ကသိုလ်မှ ဗိသုကာမေဂျာကျောင်းသား သီချင်းအဆိုကောင်းပြီး ပျော်ပျော်နေတတ်သူအစအနောက်သန်ပြီး လူချစ်လူခင်ပေါသူ ❝လင်းညို❞ အဖြစ် ❝ရှင်မွေလ❞ကပါဝင်သရုပ်ဆောင်ထားပါတယ် ။

စက်မှုတက္ကသိုလ်မှ မြို့ပြမေဂျာ ကျောင်းသူ စိတ်ရင်းစေတနာ ကောင်းပြီး မာနကြီးသူ ၊ အသနားခံရမှာ အလွန်ကြောက်သူယောကျ်ားလေးတွေကမိန်းကလေး များ အတွက် ကစားစရာ အရုပ်တွေပဲ ဟု ပြောတတ်သူ❝ညိုထွေး ❞ အဖြစ် ❝ မေမီကိုကို ❞ ကသရုပ်ဆောင်ထားပြီး စက်မှုတက္ကသိုလ်မှဗိသုကာ မေဂျာ ကျောင်းသူ ချစ်စဖွယ်အမူအရာ နှင့် ကလေးဆန်သူ ဗေဒင်ဝါသနာပါပြီး ပေါ့ပေါ့ပါးပါး နေတတ်သူထွေးထွေးအဖြစ် ❝ ဝိုင်းရွှေရည် ❞တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ် ။

Source : FG Series production
Emily (Cele Gabar)

Leave a Comment