ကိုယ့်အားကိုယ်ကိုးပြီး ရှာဖွေစုဆောင်းထားတဲ့ငွေနဲ့ ချစ်သူကို သွားရောက်တောင်းရမ်းခဲ့တဲ့ နိုင်းဝမ်း

စလုံးကချစ်သူ သီချင်းနဲ့ပရိသတ်တွေ တခဲနက်အားပေးခဲ့ကြရတဲ့ အဆိုတော် နိုင်းဝမ်းကတော့ သူ့ရဲ့ချစ်သူကောင်မလေးနဲ့ ချစ်သူသက်တမ်း (၁၁) နှစ်ကျော်ခဲ့ပြီဖြစ်ပါတယ် ။ ချစ်သူကောင်မလေးဖြစ်တဲ့ မမေမျိုးကျော်သူ ကို ဒီနေ့ စက်တင်ဘာလ (၉) ရက်နေ့မှာ မိသားဖသားပီပီ သွားရောက်တောင်းရမ်းခဲ့ပါတယ် ။ နိုင်ဝမ်းကတော့ ဒီနေ့က သူ့ဘဝအတွက် အပျော်ဆုံးနေ့တွေထဲက နေ့တစ်နေ့ဖြစ်ပါတယ်တဲ့ ပရိသတ်ကြီးရေ .။

လက်ထပ်ဖို့အထိရည်ရွယ်ပြီး အရမ်းချစ်ခဲ့ရတဲ့မိန်းကလေးကို ပိုင်ဆိုင်နိုင်ဖို့ မိဘရဲ့အထောက်အပံ့မယူပဲ ကိုယ့်အားကိုယ်ကိုးပြီး ရှာဖွေစုဆောင်းထားတဲ့ငွေလေးတွေနဲ့တင်တောင်းနိုင်ခဲ့တဲ့ အတွက် အရမ်းကိုပျော်ရွှင် ရသလို သူတို့စုံတွဲရဲ့နှစ်ပတ်လည်နေ့နဲ့ နိုင်ဝမ်း ချစ်သူရဲ့မွေးနေ့လေးဖြစ်တဲ့ ဒီရက်လေးမှာ မှတ်မှတ်ရရဖြစ်သွားအောင် မြန်မာ့ထုံးတမ်းအစဉ်အလာအတိုင်း မိသားဖသားပီပီတောင်းရမ်းခဲ့ပြီးပြီဖြစ်လို့ ဒီနှစ်ဝါကျွတ်ရင် လက်ထပ်နိုင်ဖို့ မိဘတွေထံမှ ခွင့်ပြုချက်လဲရခဲ့ပါပြီ လို့ လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ် ။

ဒီဇင်ဘာလ ၉ရက်နေ့မှာ တရားဝင်လက်မှတ်ရေးထိုးကြမှာဖြစ်ပြီး၊ မင်္ဂလာဧည့်ခံပွဲကိုတော့ ကိုဗစ်ကာလပြီးတာနဲ့ကျင်းပကြမှာဖြစ်တယ်လို့သိရပါတယ် ။ ဒီထက်အကြီးကြီးတွေရည်ရွယ်ထားခဲ့ပေမဲ့ ကိုဗစ်ပေးတဲ့ဒုက္ခကြောင့် နည်းနည်းသေးသွားတဲ့စိန်တစ်ဆင်စာလေးအတွက်တော့ နားလည်ပေးပါသဲသဲလေးရေ လို့ချစ်သူကို တောင်းပန်းစကားဆိုထားပါသေးတယ် ။ ပရိသတ်ကြီးလည်း နိုင်းဝမ်းအတွက် ဂုဏ်ပြုစကားလေးတွေ မှတ်ချက်ပေးခဲ့ပါဦးနော် ..။

Source : Nine One
Credits : (Cele Gabar)

Leave a Comment