လူသားတွေရဲ့ဘ၀ကို ပိုပြီးသက်သာလွယ်ကူစေမယ့် တီထွင်ဖန်တီးမှုများ

နည်းပညာဆိုတာ အချိန်နဲ့အမျှ တိုးတက်လာနေပါတယ်။ ရလဒ်အနေနဲ့ကတော့ ကျွန်မတို့ရဲ့ လူနေမှုအဆင့်အတန်းတွေဟာ ဒီနေ့ခေတ် ကမ္ဘာကြီးမှာဆိုရင် တမဟုတ်ချင်း ပြောင်းလဲသွားခဲ့ပါပြီ ။ လူတော်တော်များများဟာ နေ့စဉ်လုပ်နေကျ လုပ်ငန်းဆောင်တာတွေကို တိုးတက်လာတဲ့ နည်းပညာ ပစ္စည်းတွေကို သုံးပြီး လုပ်ဆောင်လာတာကို မြင်တွေ့ရမှာပါ။ မိတ်ဆွေတို့အနေနဲ့ အလုပ်တစ်ခုပြီးမြောက်ဖို့အတွက် ခေတ်မှီတဲ့အသုံးအဆောင်ပစ္စည်းတွေမရှိဘဲနဲ့ လုပ်ကိုင်လို့ ရကောင်းရနိုင်ပေမယ့်လည်း အချိန်နဲ့ အားစိုက်ထုတ်မှုတွေက ကွာခြားသွားနိုင်ပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ကျွန်မတို့အနေနဲ့ လူသားတွေအတွက် အများကြီး အဆင်ပြေစေမယ့် အံ့ဩစရာတီထွင်မှု အချို့နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ 1. အိမ်သာ အခန်းအားမအား မီးလေးတွေနဲ့ ပြသပေးထားပေးတဲ့ တိုင်ပေမှ အိမ်သာ 2. ရာသီဥတုကို ပြောပြပေးနေတဲ့ ဟိုတယ်မှမှန်များ 3. ကလေးငယ်လေးတွေအတွက် သေးငယ်တဲ့ အိမ်သာခုံပါတဲ့ ရှော့ပင်းစင်တာက အိမ်သာ 4. … Read more

နည်းပညာတွေကို စွဲလမ်းလာမှု နောက်ကွယ်မှ ကြောက်မက်ဖွယ် ဆိုးကျိုးများ

ခေတ်မှီနည်းပညာရပ်တွေက ယနေ့ခေတ်မှာတော့ နေ့စဉ်ဘ၀ရဲ့ အဓိက အခန်းကဏ္ဍကနေ ပါဝင်လာတာကို အားလုံးပဲ သိကြမှာပါ ။ကျွန်မတို့ လူသားတွေအနေနဲ့လည်း ဒီခေတ်မှီနည်းပညာတွေကို စွဲလမ်းလို့ စွဲလမ်းမှန်းမသိဘဲ စွဲလမ်းနေကြပါပြီ ။ နည်းပညာကို အကျိုးရှိရှိအသုံးချနိုင်တဲ့ နေရာတွေရှိပေမယ့်လည်း လိုတာထက်ပိုပြီးသုံးစွဲရင်တော့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ အပြင် မျက်စိမှုန်တာ အာရုံစိုက်မရတာ စိတ်ကျရောဂါတွေပါ ဖြစ်လာနိုင်ပါတယ် ။ အလွန်အကျွံသုံးစွဲမှုတွေကြောင့် လူလူချင်း ပေါင်းသင်းဆက်ဆံရေးပါအားနည်းလာနိုင်ပြီး ဆိုးကျိုးတွေ ဖြစ်လာနိုင်တာကို အောက်ပါပုံလေးတွေကနေတစ်ဆင့် အားလုံးကို သတိပေးလိုက်ပါရစေ ။ 1. Like ရဖို့အတွက် မျိုးစုံလုပ်လာကြပြီ 2. မြေအောက်ရထားပေါ်က လူထူးဆန်း 3. မလွတ်မြောက်နိုင်တော့သော ဘ၀ 4. အမြစ်တွယ်နေပြီ 5. ညစာမစားခင် ဆုတောင်းပုံ 6. ဖုန်းအကြောဆေး 7. ဆင့်ကဲပြောင်းလဲမှု 8. … Read more

ကမ္ဘာကြီးကိုကိုင်လှုပ်နိုင်ခဲ့တဲ့နည်းပညာတီထွင်မှုများ

နည်းပညာနဲ့တီထွင်မှုတွေဟာ ကျွန်တော်တို့လူသားတွေရဲ့နေထိုင်မှုဘဝပုံစံတွေကိုများစွာပြောင်းလဲစေနိုင်ပါတယ်။ယခုဆောင်းပါးထဲမှာတော့ ကျွန်တော်တို့ဘဝတွေနဲ့နေထိုင်မှုပုံစံတွေကိုပြောင်းလဲစေခဲ့တဲ့ ကမ္ဘာကြီးကိုကိုင်လှုပ်ခဲ့တဲ့ နည်းပညာတွေကိုဖော်ပြပေးလိုက်ပါတယ်။ (၁)Motorola ဟာလက်ကိုင်ဖုန်းတွေကိုပထမဆုံးထုတ်လုပ်ခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ (၂)IBM ဟာပထမဆုံး Smart Phone ကိုပြုလုပ်ခဲ့တာပါ (၃)Jaap Haartsen ဟာ Bluetooth ကိုတီထွင်ခဲ့သူပါ (၄)Tsar Bomba ဟာအားအပြင်းဆုံးနူကလီးယားလက်နက်တစ်ခုပါ (၅)စက်ရုပ်နည်းပညာဟာတစ်နှစ်ထက်တစ်နှစ်ပိုပိုပြီးကောင်းမွန်လာနေပါတယ် (၆)Apple I Phone (7)Wi-Fi (၈)virtual private network(VPN) (၉)Bitcoin (၁၀)MP3 (၁၁)Artificial intelligence ခေါ်AI နည်းပညာ (၁၂)DNA စစ်ဆေးကိရိယာ (၁၃)Social networking (၁၄)3D ပရင့်ထုတ်ခြင်း (၁၅)Apps (၁၆)Virtual reality(VR)