အိမ်မွေးတိရစ္ဆာန်မမွေးရဘူးဆိုတဲ့ ဖေဖေများရဲ့ ခွေးလေးကြောင်လေးတွေမွေးပြီးနောက် အခြေအနေများ

အဖေတွေဟာ တစ်ခါတလေတော့ ထူးဆန်းပါတယ်။ သူတို့ကို လိုချင်တာ ဘာပဲတောင်းတောင်း အမေ့ကို ဖြောင်းဖျပြီး ဝယ်ပေးနိုင်ဖို့ နည်းလမ်းပေါင်းစုံရှာပေးတတ်ကြပါတယ်။ ဒါပေမဲ့ အိမ်မွေးတိလေးတစ်ကောင် မွေးဖို့ တောင်းဆိုလိုက်မယ်ဆိုရင်တော့ အရာရာကို အလိုလိုက်တတ်ကြတဲ့ အဖေတို့ဟာ ခါးခါးသီးသီးကို ငြင်းဆိုတတ်ကြပါတယ်။ အိမ်မှာ အမွှေးတွေ ခြေရာတွေ ပေတယ်ဆိုပြီး မမွေးခင်အချိန်ထိ ပူညံပူညံလုပ်တတ်ကြပြီး တကယ်လည်း မွေးပြီးရော တစ်အိမ်လုံးထက် သည်းသည်းလှုပ် ချစ်သွားတတ်ကြပါတယ်။ ကဲ.. စာဖတ်သူပရိသတ်ကြီးမှာကော အဲဒီလို အဖေမျိုးတွေရှိလား။ ရှိခဲ့ရင်တော့ ဒီပုံလေးတွေကို ကြည့်ပြီး comment မှာ မှတ်ချက်လေးတွေ ရေးသွားပေးကြဦးနော်။ 1. လေလွင့်ကြောင်ကို အစာမကျွေးနိုင်ဘူး ငြင်းပြီး နောက်ဘေးမှာ အပူပေးနိုင်တဲ့ ကြောင်နေဖို့အိမ်အပြင် ကင်မရာပါတပ်ပြီး စောင့်ကြည့်ပေးနေတဲ့အဖေ 2. ဒီအိမ်မှာ ဘာခွေးမှမမြင်ချင်ဘူးဆိုတဲ့အဖေ့ရဲ့ လက်ရှိအခြေအနေ 3. … Read more

မွေးနေ့ပါတီကို အမိုက်စား ကျင်းပခဲ့ကြတဲ့ တိလေးများ-(၁၅)ပုံ

လူသားတွေပဲ မွေးနေ့ပွဲကို ကျင်းပကြတာ မဟုတ်ပါဘူး ။ တိရိစ္ဆာန်လေးတွေမှာလည်း မွေးနေ့ပွဲတွေ ရှိပါတယ်။ မွေးနေ့ပွဲမှာ ကိတ်မုန့်တွေ ပါတီ ဦးထုပ်တွေအစား သူတို့ကတော့ ငါးနဲ့လုပ်ထားတဲ့ ပန်းစည်းမျိုး ဒါမှမဟုတ် တင်းနစ်ဘောလုံးတွေနဲ့ပြည့်နေတဲ့အခန်းမျိုးကို သူတို့ ပိုနှစ်သက်ကြပါတယ်။ ဒါပေမဲ့ အံ့ဩစရာတစ်ခုကတော့ ဒီတိလေးတွေအားလုံးကလည်း ပါတီပွဲဘယ်လိုနွှဲရမလဲဆိုတာ ကောင်းကောင်းသိနေတာပါပဲ။ ဘယ်လိုမွေးနေ့ပွဲတွေ ကျင်းပခဲ့ကြသလဲဆိုတာ ကြည့်လိုက်ကြရအောင်။ 1. မွေးနေ့အတွက် ငါး ပန်းစည်းပေးလိုက်လို့ ရှက်သွားတဲ့ ပင်လယ်ဖျံကြီး 2. လိပ်လေးရဲ့ ၂ နှစ်ပြည့်မွေးနေ့ 3. ဝီလျံရဲ့ ၁၁နှစ်ပြည့် မွေးနေ့ပါတဲ့ 4. နှစ် ၅၀ ပြည့် မွေးနေ့ 5. Poipoi လေးရဲ့ ၄နှစ်ပြည့်ပါ 6. ၁၆ နှစ်ပြည့်ပါတဲ့ အသက်တော်တော်ကြီးနေပြီ 7. … Read more

မျှော်လင့်မထားတဲ့ လက်ဆောင်တွေယူလာပြီး Suprise တိုက်တတ်လွန်းတဲ့ အိမ်မွေးတိလေးများ

ခွေးလေး ကြောင်လေးတွေဟာ ကျွန်မတို့အပေါ်မှာထားတဲ့ သဘောထားကို ပါးစပ်ကနေ ဖော်ပြလို့ မရတတ်တာကြောင့် အံ့ဩစရာ suprise လက်ဆောင်လေးတွေပေးပြီး သူတို့ ဘယ်လောက် ချစ်မြတ်နိုးကြောင်း ဖော်ပြတတ်ကြပါတယ်။ ဥပမာ- အိပ်ရာဘေးမှာ လတ်လတ်ဆတ်ဆတ်ခုတ်လာခဲ့တဲ့ ကြွက်လေးထားထားတာမျိုးပေါ့။ သင်ရော သင့်ရဲ့ အိမ်မွေးတိလေးတွေဆီကနေ လက်ဆောင်ရဖူးပြီးပြီလား။ ရဖူးတယ်ဆိုရင်တော့ ment လေးမှာ ရေးပေးသွားပြီး။ မရဘူးသေးဘူးဆိုရင်တော့ အောက်ကပုံလေးတွေကို ကြည့်သွားလိုက်ပါဦးနော်။ 1. ကြက်ဖမ်းလာပေးတာ သူ့ကိုယ်သူ ဂုဏ်ယူနေတဲ့ရုပ်နဲ့ 2. ဒရယ်တစ်ကောင် ခေါ်လာတဲ့အာဝု 3. ဒီကြောင်လေးကတော့ အမြဲတမ်း နှင်းဆီပန်း ယူလာပေးတတ်တယ် 4. မြက်ပင်တွေ နှုတ်လာပေးတာ 5. မြောင်လေးရဲ့ မြွေလက်ဆောင် 6. ဘေးအိမ်က ပန်းကန်ဆေးဖော့ သွားသွားယူလာတတ်တဲ့ကြောင် 7. ကြွက်ဖမ်းလာပြီး အိတ်ထဲတစ်ခါတည်း ထည့်ပေးတာ … Read more

တိလေးတွေကို အမွေးရိတ်ပေးပြီး အလွဲများနဲ့ကြုံတွေ့ခဲ့ကြပုံများ-(၁၅)ပုံ

တိရိစ္ဆာန်လေးတွေအတွက် အမွှေးညှပ်ပေးတဲ့အလုပ်ဟာ အင်္ဂလန်နိုင်ငံကနေ ပထမဆုံး ပေါ်ပေါက်လာတာပဲဖြစ်ပါတယ် ။ အခုနောက်ပိုင်းမှာတော့ ဒီအလုပ်က တော်တော်လေးကို တွင်ကျယ်လာတာ တွေ့ရမှာပါ ။ ကျွန်မတို့ အိမ်မွေးတိလေးတွေက ကျွန်မတို့အတွက် အဖော်မွန်ကောင်း ဖြစ်ရုံတင်မက ချစ်စရာလည်း ကောင်းလှပါတယ်။ တိလေးတွေကို ပိုမိုကြည့်ကောင်းပြီး လှပနေစေဖို့အတွက် တိလေးတွေရဲ့ ဆံသပညာရှင်တွေ ရှိနေပြီပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း တိလေးတွေကို အမွေးရိတ်လိုက်ပြီးမှ တလွဲပုံစံတွေ ဖြစ်သွားကြတာများလည်း ရှိပါတယ်။ ဘယ်လို ဒီဇိုင်းပုံစံတွေဖြစ်မလဲဆိုတာကိုတော့ အောက်ကပုံလေးတွေမှာ ဆက်ကြည့်လိုက်ကြစို့နော်။ 1. ဟူးမန်းရေ ငါဘာပုံ ပေါက်နေပြီလဲ 2. မြောင်မလေး စိတ်ဆိုးနေပြီ 3. ဆံသဆရာကို ဘယ်ဘက်ကပုံလို ဖင်အသဲပုံစံ ညှပ်ခိုင်းတာ တလွဲတွေ ဖြစ်သွားတယ် 4. အာဝုလေး စိတ်လေသွားပြီ 5. မျက်နှာချင်းကို မဆိုင်ချင်တော့ဘူး … Read more

ရှူးရှူးပေါက်ထွက်လာရင်း မတော်တဆ မာရသွန်ပြိုင်ပွဲမှာဝင်ပြေးကာ အဆင့်(၇)ရရှိခဲ့တဲ့ခွေးကလေး

အမေရိကန်နိုင်ငံ အယ်လာဘားမား ပြည်နယ်က အက်မွန့် မာရသွန်အပြေးပြိုင်ပွဲမှာ နှစ်နှစ်ခွဲအရွယ် bloodhound ခွေးလေး လူဗီဒင်းက မတော်တဆဝင်ပြိုင်ရင်း အဆင့်(၇)နေရာကို ချိတ်နိုင်ခဲ့ပါတယ်။ အဖြစ်အပျက်ကတော့ ဒီလိုပါ ….. ခွေးလေး လူဗီဒင်း တစ်ကောင် ရှူးရှူးပေါက်ထွက်ရာက လူပေါင်းရာချီပြီး ပြေးလာတာကိုတွေ့ခဲ့ပါတယ် ။ လူဗီဒင်းကတော့ ဒါကို ပျော်စရာကောင်းတယ်လို့ ထင်သွားတဲ့ပုံပါပဲ ။ ဒါကြောင့်ပဲ ပြေးနေတဲ့လူအုပ်ကြီးနဲ့ အတူဝင်ပြေးခဲ့တာ ဖြစ်ပါတယ်။ သူကိုယ်တိုင် မာရသွန်ပြိုင်ပွဲဝင်တဲ့သူတွေနဲ့အတူ ၁၃.၁ မိုင် ပြေးလမ်းကို ဝင်ပြေးခဲ့ပါတာပါ။ အပြေးပြိုင်ပွဲဝင်သူတွေပြောကြားချက်အရတော့ သူဟာ ပြေးလမ်းကနေ ခဏခဏ ဘေးကို ဆင်းပြီး တရှုံ့ရှုံ့နဲ့ အနံ့လိုက်ခံခဲ့ပေမယ့်လည်း တစ်နာရီခွဲအတွင်းမှာတင် ၇ ယောက်မြောက် ပန်းဝင်သူ ဖြစ်လာခဲ့ပါတယ် ။ လူဗီဒင်းလေးရဲ့ ကြိုးစားမှုအတွက် ဆုတံဆိပ်ကိုတောင် ရရှိခဲ့သေးတဲ့အတွက် … Read more

ရွှံ့ဗွက်ထဲဆော့ကစားရတာကိုမှ ကြိုက်နှစ်သက်ကြတဲ့ အာဝုလေးများ-ပုံ(၂၀)

သင့်မှာ ကလေးတစ်ယောက်ရှိနေမယ်ဆိုရင် သူတို့ ရှုပ်ပွအောင်လုပ်ထားတဲ့ အရာတွေအတွက် ရှင်းလင်းရမယ့်သူက သင်ဖြစ်နေမယ်ဆိုတာ အသေအချာပါပဲ ။ သူတို့ကို ရှုပ်ပွအောင် မလုပ်ဖို့ မလိုအပ်ဘဲ ညစ်ပတ်အောင် မဖွဖို့ကိုလည်း သင့်အနေနဲ့ သင်ကြားပေးရမှာပါ ။ ဒါပေမယ့် တကယ်လို့သာ အဲဒီကလေးက အမွှေးပွပွနဲ့ ခွေးလေးတစ်ကောင်ဖြစ်နေမယ်ဆိုရင်ရော ….. ဘယ်လိုလုပ်မှာလဲ။ ဒါဆိုရင်တော့ ကိစ္စတွေက ပိုပြီး ရှုပ်ထွေးနက်နဲသွားပါပြီ။ အခုတစ်ခေါက် ဆောင်းပါးလေးမှာတော့ ရွှံ့လူးရတာကို အင်မတန်သဘောတွေ့ကြတဲ့ကမ္ဘာတစ်ဝှမ်းလုံးက ခွေးလေးတွေကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။ ၁။ မျက်နှာပဲ ကွက်ကျန်တော့တယ် ချစ်စရာတော့ကောင်းနေသေး ၂။ ခြေထောက်လေးတွေက တော်တော်လှနေပါပြီနော် ၃။ အတူတူ ဆော့ထားကြတာကြည့် ၄။ ဟော မျက်စိတောင် မြင်သေးရဲ့လားမသိ ၅။ အဆူခံရတော့မှာဆိုတော့ သူပြုံးနေပြီ ၆။ ရေချိုးကန်လည်း အကုန်မဲကုန်ပြီ … Read more

ငယ်စဥ်ကတည်းက အကြိုက်ဆုံးအရုပ်လေးတွေနဲ့အတူ ကြီးပြင်းလာခဲ့ကြတဲ့ တိလေးများ

ကျွန်မတို့ တော်တော်များများမှာ စွဲစွဲလမ်းလမ်း နှစ်သက်သဘောကျရတဲ့ အရုပ်လေးတွေ ရှိတတ်ပါတယ် ။ အဲဒီလိုပဲ ကျွန်မတို့ ချစ်ရတဲ့ အချစ်တော် တိလေးတွေမှာလည်း ငယ်ငယ်ထဲက သူတို့ သဘောကျနှစ်ခြိုက်စွာ ကစားတတ်တဲ့ အရုပ်လေးတွေ ရှိပါတယ် ။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ချစ်စရာတိလေးတွေ ငယ်စဉ်ထဲကနေ ကြီးလာတဲ့ထိ ဆော့လာတဲ့ အရုပ်လေးတွေနဲ့ သူတို့ကို အတူတကွ မှတ်တမ်းတင်ထားပုံလေးတွေကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။ 1. ခုထိ သူငယ်ချင်းဝက်ဝံရုပ်လေးနဲ့ အိပ်တုန်း 2. သူ့ရဲ့အကြိုက်ဆုံး အရုပ် 3. သူ့ရဲ့အကြိုက်ဆုံးဖိနပ် လာယူတာနဲ့ စိတ်ဆိုးတော့တာ 4. (၁၈)လကြာသွားခဲ့ပေမယ့်လည်း သူ့ဘဲနဲ့အိပ်တုန်း 5. (၇)နှစ်ကြာသွားခဲ့ပေမယ့်လည်း သူ့အကြိုက်ဆုံးအရုပ်နဲ့ပဲ အိပ်တယ် 6. သူ့အကြိုက်ဆုံး အုတ်နီခဲ 7. သူ့အရုပ်လေးကို ချစ်ပေမယ့် ခေါင်းနဲ့လက်ကိုတော့ … Read more

နာမည်ကြီးရုပ်ရှင်ဇာတ်ဝင်ခန်းတွေကို ကြောင်လေးတွေနဲ့ ပြန်လည်ဖန်တီးပြီး နာမည်ကြီးလာခဲ့သူ-(၁၈)ပုံ

David နဲ့ Sarah တို့ဟာ နာမည်ကြီးရုပ်ရှင်ဇာတ်ဝင်ခန်းတွေကို သူတို့ရဲ့ကြောင်လေးတွေနဲ့အတူ ပြန်လည်ဖန်တီးပြီး Instagram ပေါ်မှာ ပြန်လည်မျှဝေခဲ့ကြပါတယ်။ ပြောစရာမလိုအောင်ပဲ follower 62000 ကို ဓာတ်ပုံတင်ပြီး သိပ်မကြာခင်မှာ ရရှိလာခဲ့ပါတယ်။ လူအများကတော့ သူတို့ရဲ့ ဖန်တီးမှုကို အတော်လေး သဘောတွေ့ခဲ့တာပါ။  ကြောင်ပိုင်ရှင်ဖြစ်တဲ့ David နဲ့ Sarah တို့ရဲ့ ဝန်ခံချက်အရတော့ ကြောင်တွေက သူတို့ကိုထူးဆန်းတယ်လို့ ထင်နေပုံပါတဲ့။ ဒါပေမယ့်လည်း သူတို့က ဒါကို ဆက်လုပ်နေဦးမှာပါလို့ ပြောထားပါတယ် ။ ကြောင်လေးတွေရဲ့ နာမည်ကြီး ဓာတ်ပုံတွေကိုတော့ ပရိသတ်ကြီး ကြည့်ရှုခံစားလို့ရအောင်အောက်မှ စုစည်းဖော်ပြပေးလိုက်ပါတယ်။ E.T ရုပ်ရှင်ဇာတ်ဝင်ခန်းမှ ကြောင်ဗားရှင်း Alien ဇာတ်ကားမှ ဇာတ်ဝင်ခန်း ကြောင်ဗားရှင်း The Ghost ဇာတ်ကားမှ ဇာတ်ဝင်ခန်း ကြောင်ဗားရှင်း … Read more

ကြောင်ပုံလေးတွေကို အရှိကိုအရှိတိုင်း ရေးဆွဲထားတဲ့ ပန်ချီလက်ရာများ-ပုံ(၂၀)

ဒီတစ်ခေါက်ဆောင်းပါးမှာပါတဲ့ ပန်းချီပုံလေးတွေကို သင့်အနေနဲ့သေချာကြည့်လိုက်မယ်ဆိုရင် ထူးခြားချက်လေးတွေကို သင်မြင်တွေ့နိုင်မှာပါ ။ ဒီပုံလေးတွေကို ရေးဆွဲထားတဲ့ ပန်းချီဆရာတွေကတေ့ အရှိကိုအရှိအတိုင်းရေးဆွဲထားခြင်းဖြစ်တာကြောင့် တချို့ပုံတွေမှာဆိုရင် ကြောင်ဆိုပေမယ့် ကြောင်နဲ့တောင် တူရဲ့လား ဆိုတဲ့အတွေးမျိုး စာဖတ်သူပရိသတ်ကြီးရဲ့ ခေါင်းထဲ ဝင်လာနိုင်ပါတယ် ။ ဒါပေမယ့်လို့ ဘေးမှာယှဉ်တွဲပါနေတဲ့ ဓာတ်ပုံတွေနဲ့ ပန်းချီကို တွဲပြီးကြည့်လိုက်မယ်ဆိုရင်တော့ ပန်းချီဆရာ ဒီလိုဆွဲဖို့ ဘယ်ကနေ စိတ်ကူးရလာလဲဆိုတာ အားလုံး သဘောပေါက်သွားကြမှာပါ ။ ကဲ …. ဘရာဇီးနိုင်ငံသား ပန်းချီဆရာ Heloisa ရဲ့ လက်ရာလေးတွေကိုတော့ အောက်မှာ လေ့လာသွားကြပါဦးနော်။ 1. 2. 3. 4. 5. 6. 7. 8. 9. 10. 11. 12. 13. 14. 15. … Read more