ကမ္ဘာ့သမိုင်းစာအုပ်ကို ပြန်လှန်ကြည့်ရသလို ခံစားချက်မျိုးရသွားစေမယ့် သမိုင်းဝင်ဓာတ်ပုံများ

“ဓာတ်ပုံတစ်ပုံဟာ စကားလုံးထောင်နဲ့ချီပြီး တန်ဖိုးရှိပါတယ်” ဆိုတဲ့ စကားစုကို ကျွန်မတို့ အရင်က ကြားဖူးခဲ့ကြပါတယ်။ တစ်စက္ကန့် အတွင်းမှာတင် အကြောင်းပြချက်တစ်ခုကြောင့် ရိုက်ကူးလိုက်တဲ့ ဓာတ်ပုံတွေမှာ သတင်းအချက်အလက်တွေအများကြီး ပါဝင်တတ်ကြပါတယ်။ အချိန်တွေကို ရပ်တန့်လိုက်ခြင်းအားဖြင့် ဓာတ်ပုံဆရာများဟာ ကျွန်မတို့တစ်ခါမှ မရောက်ခဲ့ဘူး မကြုံတွေ့ခဲ့ဘူးတဲ့ အချိန်တွေ နေရာတွေကို ပြန်လည်ခေါ်ဆောင်သွားပေးတတ်ပါတယ်။ ဒါကြောင့် အခုတစ်ခေါက် အချိန်နေရာဒေသအသီးသီးမှာ ရိုက်ကူးထားသော ဓာတ်ပုံလေးများကို မှတ်တမ်းတင်ထားသည့် အင်စတာဂရမ်ရှိ Historical Pix ဆိုတဲ့အကောင့်လေးမှ ဓာတ်ပုံများကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။ 1. ၁၉၄၅ အဏုမြူဗုံးကြောင့် သေဆုံးသွားတဲ့ညီငယ်လေးကို မြှုပ်နှံဖို့ နာဂါဆာကီရှိ သင်္ချိုင်းတစ်ခုစီ ကျောပိုးပြီးခေါ်ဆောင်လာတဲ့ ဂျပန်ကလေးတစ်ယောက် 2. ၁၉၆၁ အသစ်ဆောက်လုပ်ထားတဲ့ဘာလင်တံတားကိုဖြတ်ပြီး မိသားစုနဲ့ ပြန်လည်ပေါင်းစည်းရအောင် အမိန့်ကိုဖီဆန်ပြီး ကလေးငယ်လေးကို ကူညီပေးနေတဲ့ အရှေ့ဂျာမန်စစ်သားတစ်ဦး 3. … Read more

ကမ္ဘာပေါ်ရှိ ခွန်အားအကြီးမားဆုံး သတ္တဝါများ စုစည်းမှု

ပုံသဏ္ဍာန်မျိုးစုံ အရွယ်အစားမျိုးစုံ ရှိကြတဲ့ တိရိစ္ဆာန်တွေအားလုံးဟာ ခွန်အားနေရာမှာလည်း မတူညီဘဲ ကွဲပြားခြားနားတတ်ကြပါတယ် ။ ဘယ်တိရိစ္ဆာန်က အသန်မာဆုံးလဲလို့ သတ်မှတ်တဲ့နေရာမှာတော့ ခွန်အားဆိုတာကို သင်ဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုလဲ အပေါ်ပဲ မူတည်ပါတယ်။ သင့်အနေနဲ့ သူ့တို့ သယ်ဆောင်နိုင်တဲ့ အလေးချိန်ပေါ်မူတည်ပြီး သတ်မှတ်တာလား တိုက်ခိုက်နိုင်တဲ့ စွမ်းအားကို မူတည်ပြီး သတ်မှတ်မှာလား။ ဒီနှစ်မျိုးထဲမှာ ဘယ်သူက ခွန်အားအကြီးဆုံးသတ္တဝါလဲ ဆိုတာတော့ အောက်မှာဖော်ပြထားတဲ့ စာစုလေးတွေကို ဆက်လက်ဖတ်ရှုလေ့လာသွားလိုက်ပါဦးနော်။ 1. နွားချေးပိုးထိုးကောင် နွားချေးပိုးထိုးကောင်တွေဟာ ကမ္ဘာပေါ်မှာ အသန်မာဆုံး အင်းဆက်တွေဖြစ်ပါတယ် ။ သူ့ခန္ဓာကိုယ်အလေးချိန်ရဲ့ ၁၁၀၀ ဆ ရှိတဲ့ ပစ္စည်းတွေကို သယ်ဆောင်နိုင်ပါတယ် ။ 2. Rhinoceros Beetle ဒီအင်းဆက်တော့ သူတို့ခန္ဓာကိုယ်အလေးချိန်ရဲ့ ၈၅၀ ဆထိလေးသော အရာများကို မနိုင်ပါတယ်။ … Read more

လူတွေကို ခြောက်ခြားသွားစေမယ့် ပုံမှန်ထက် အရွယ်အစားကြီးမားနေသော အရာများ

ကျွန်မတို့အနေနဲ့ မိမိတွေ့နေ မြင်နေကျ ပစ္စည်းတွေရဲ့ အသေးစားပုံစံလေးတွေကို မြင်ဖူးနေကြပါ ။ ဆန့်ကျင်ဘက်အနေနဲ့ မြင်နေကျ ပစ္စည်းတွေကို သူ့ပုံမှန်အရွယ်ထက် ကြီးမားလွန်းနေတာမျိုး တွေ့လိုက်ရမယ်ဆိုရင်ရော ဘယ်လိုဖြစ်သွားနိုင်မလဲ။ ပစ္စည်းအကြီးကြီးတွေကို ကြောက်တတ်တဲ့သူဆိုရင်တော့ ဒါဟာ အိပ်မက်ဆိုးတစ်ခုလို ဖြစ်နေပါလိမ့်မယ် ။ ဘယ်လိုပုံတွေကို မှတ်တမ်းထင်ထားခဲ့သလဲဆိုတာကိုတော့ အောက်မှာ ဆက်ကြည့်လိုက်ကြစို့နော်။ 1. အံ့ဩစရာကောင်းလောက်တဲ့ အနုပညာဖန်တီးမှု 2. ဒူဘိုင်း Expo အတွက် တကယ့် လူ့ဘီလူးကြီး ပုံစံ ပုံဖော်နေသော Weta Workshop 3. စပိန်နိုင်ငံက ပိုဆိုက်ဒွန် ရုပ်တု 4. ဝေလနိုင်ငံက အမြင့်ဆုံးသစ်ပင်ကို မိုးကြိုးထိမှန်ခဲ့လို့ ခုတ်ပစ်ရမယ့်အစား အခုလို ဖန်တီးပစ်လိုက်တယ် 5. ဆောဒီအာရေဗျရှိ အခန်းပေါင်း(၁၀၀၀၀) ပါဝင်သော ကမ္ဘာ့အကြီးမားဆုံး ဟိုတယ်ကြီး 6. … Read more

သင့်ကို အတွေးအခေါ်သစ်တစ်ခုခု ပေးနိုင်မယ့် သမိုင်းဝင်ဓာတ်ပုံများ-ပုံ(၂၀)

ရှေးခေတ်အခါက ထင်ရှားကျော်ကြားခဲ့ပေမယ့် သမိုင်းစာအုပ်တွေထဲမှာ မှတ်တမ်းအဖြစ်မပါရှိတဲ့ဖြစ်ရပ်တွေ များစွာရှိကြပါတယ်။ သို့သော်လည်း လူသိနည်းတဲ့ သမိုင်းကြောင်းတစ်ချို့ကိုတော့ ဓာတ်ပုံမှတ်တမ်းအနေနဲ့ပဲ မှတ်တမ်းတင်ခဲ့ကြပါတယ်။ ယခုတစ်ခေါက်မှာတော့ သမိုင်းဝင်ဓာတ်ပုံများကို ဗဟုသုတအနေနဲ့ တင်ဆက်ပေးလိုက်ပါတယ်။ ၁။ ၁၉၁၂ခုနှစ် အိုလံပစ်အားကစားသမား ဂျင်မ် သော်ပီ ပြိုင်ပွဲဝင်ခါနီးမှာ ဖိနပ်အခိုးခံခဲ့ရလို့မှိုက်ပုံးထဲက ဘယ်ညာမတူတဲ့ဖိနပ်ကို ကောက်ဝတ်ပြီး ပြိုင်ပွဲဝင်ခဲ့တဲ့သူပါ။ အဲဒီနေ့မှာပဲ အမေရိကန်အတွက် အိုလံပစ် ရွှေတံဆိပ်ဆုနှစ်ခု ဆွတ်ခူးပေးနိုင်ခဲ့ပါတယ် ၂။ နာဇီတို့ရဲ့အကျဥ်းစခန်း  အော့ဇ်ဝှချ် ကနေ တစ်ရက်ထဲ အတူတူအသက်ရှင်လွတ်မြောက်လာခဲ့တဲ့ ဂျူးလူမျိုး အမျိုးသားများ ၇၃နှစ်ကြာပြီးနောက် ပြန်လည် ဆုံတွေ့ကြပုံ ၃။ ပန်းတိုင်ရောက်ပြီအထင်နဲ့ မတ်တပ်ရပ်နေတဲ့ ကန်ညာ အပြေးသမား အဘယ်လ် မူတိုင်ကို နောက်ကစပိန်လူမျိုး အိုင်ဗန် ဖာနန်ဒက်က ဆက်ပြေးဖို့ အော်ပြီး အနိုင်ရဖို့အတွက် တွန်းပို့နေပုံ ၄။ ၁၉၈၃ … Read more

သင်တို့ထင်မှတ်မထားလောက်အောင် ကြီးမားနေတဲ့အရာများ

တစ်ခါတစ်လေ လောကကြီးထဲမှာ အထင်နဲ့အမြင် တစ်ထပ်တည်းမကျတတ်တာတွေ ရှိတတ်ကြပါတယ်။ အဲဒီလိုပဲ ကျွန်ုပ်တို့ရဲ့ စိတ်ထဲမှာ သေးငယ်တယ်လို့ ထင်ထားတာတွေက တကယ်တမ်း အကြီးကြီးတွေ ဖြစ်နေတတ်တာကို သက်သေပြနေတယ့် ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။ ၁။ ဝေလငါးပြာကြီးရဲ့ နှလုံး ၂။ နေလုံးကြီးထဲမှာ ကမ္ဘာလို ဂြိုလ်မျိုးတွေ ဘယ်လောက်တောင် ဝင်ဆံ့နိုင်လဲဆိုတာ ပြထားတဲ့ ပုံစံငယ် ၃။ လင်းယုန်ငှက်လက်သည်း နဲ့ လူရဲ့လက် ၄။ ဘတ်စ်ကားတစ်စီးရဲ့ အရွယ်အစားနဲ့ နှိုင်းယှဉ်ပြီး တွေ့ရတဲ့ကားကြီး ၅။ လမ်းညွှန်ဆိုင်းဘုဒ်တွေရဲ့ ကြီးမားတဲ့ အရွယ်အစား ၆။ တိုက်တန်းနစ်သင်္ဘောနဲ့ ​ေခတ်ပေါ် အပျော်စီး သင်္ဘော နှိုင်းယှဉ်မှု ၇။ လော့အိန်ဂျလီမြို့နဲ့ နှိုင်းယှဉ်ပြထားတဲ့ ကြယ်တံခွန်

ကမ္ဘာကြီးဟာ အချိန်နဲ့အမျှပြောင်းလဲနေတယ်ဆိုတာကို ပြသနေတဲ့ဓာတ်ပုံများ

ကမ္ဘာကြီးဟာ အချိန်နဲ့အမျှ ကျွန်ုပ်တို့ သတိထားမိသည်ဖြစ်စေ သတိမထားမိသည်ဖြစ်စေ ပုံမှန်လည်ပတ်ပြောင်းလဲ လျက်ရှိနေပါတယ်။ အချိန်တွေ ကုန်လွန်လာတာနဲ့ အသစ်တွေက အဟောင်း ဖြစ်လာသလို အဟောင်းတွေကလဲ အသစ်အဖြစ် ပြောင်းလဲလာတယ်ဆိုတာကို သက်သေပြနေတယ့် ပုံလေးတွေကို ကြည့်လိုက်ကြရအောင်နော်။ ၁။ ၁၈၈၈ ခုနှစ်က ရစ်စတဒ် နော်ဝေး နဲ့ ၂၀၁၃ ခုနှစ် မြင်ကွင်း ၂။ ၁၉၁၀ ခုနှစ် ဟိုဖ်ဘရာဟက်စ် မူချန် ဂျာမနီ နဲ့ ၂၀၁၇ ခုနှစ် မြင်ကွင်း ၃။ ၁၉၀၀ ပြည့်နှစ် နှင့် ၂၀၁၇ ခုနှစ် ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရဲ့ ကွင်းဒက်စ် နေရှင်ရဲ့ ပြောင်းလဲမှု ၄။ ယူကရိန်းနိုင်ငံ ပရီပြတ် ရဲ့ ၁၉၈၆ နဲ့ ၂၀၁၆ … Read more

သင့်ရဲ့အမြင်တွေကို ပြောင်းလဲသွားစေနိုင်မယ့် သမိုင်းကြောင်းထဲကဓာတ်ပုံများ

မှတ်တမ်းစာအုပ်တွေဆိုတာ အတိတ်ကိုနားလည်စေနိုင်တဲ့ အကောင်းဆုံး အရာတွေပါ။ အဲဒီထဲမှာမှ သမိုင်းစာအုပ်တွေမှာ စာက ပုံတွေထက် ပိုအရေးကြီးတယ် ဆိုပေမယ့်လို့ လူအများစုကတော့ စာဖတ်ရတာထက် ပုံလေးတွေကြည့်ရတာကို ပိုပြီး သဘောကျကြမှာပါ။ ဘာပဲဖြစ်ဖြစ် ပုံလေးတွေပါတာကလည်း လူတွေရဲ့ဖတ်နေတဲ့ စာအပေါ် မြင်တဲ့ ရှုထောင့်ကို ပြောင်းသွားစေနိုင်တာပဲ မဟုတ်လား ….. ပရိသတ်ကြီးရေ။ ယခုတစ်ခေါက်မှာတော့ ရှေးခေတ်အခါက ရိုက်ကူးခဲ့ကြတဲ့မှတ်တမ်းဓာတ်ပုံတွေထဲမှ သင့်ရဲ့အမြင်ကို ပြောင်းလဲသွားစေနိုင်မယ့်ဓာတ်ပုံများကို တင်ဆက်ပေးလိုက်ပါတယ်။ ၁။ ၁၈၉၅ ခုနှစ် အောက်တိုမန်တွေနဲ့ တိုက်ပွဲမဝင်ခင် ရိုင်ဖယ်သေနတ်ကိုယ်စီလွယ်ပြီး ရိုက်ကူးထားတဲ့ အမေရိကန် အမျိုးသမီးနှစ်ဦး ၂။ ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်အပြီး ဖေဖေနဲ့ သမီးလေးပြန်လည် ဆုံတွေ့ခဲ့ပုံ ၃။ လွန်ခဲ့နှစ်(၁၀၀)က ဂျပန်စုံတွဲရဲ့ Mirror Selfie ၄။ ၁၈၆၀ ခုနှစ် … Read more

ခန္ဓာကိုယ်ကို ဖောက်ထွင်းမြင်ရတဲ့အထိ ကြည်လင်နေသော သတ္တဝါများ

ကမ္ဘာကြီးပေါ်မှာ တိရိစ္ဆာန်မျိုးကွဲတွေ သိပ်များလွန်းတာကြောင့် သိပ္ပံပညာရှင်တွေဟာလည်း မျိုးစိတ်အသစ်တွေကို ဆက်ပြီး ရှာဖွေတွေ့ရှိတုန်းပါပဲ။ သူတို့ထဲကတချို့ဟာ ပုံသဏ္ဍာန်မမှန် ထင်ရှားတဲ့အရောင်မရှိတာမျိုးရှိပေမယ့် သူတို့အသက်ရှင်ရပ်တည်နိုင်အောင် ထူးခြားတဲ့ လက္ခဏာရပ်တွေက ကူညီပေးကြပါတယ်။ အခုတစ်ခါမှာဆိုရင်တော့ စာဖတ်သူပရိသတ်ကြီးအတွက် တစ်ပိုင်းတစ်စ ဒါမှမဟုတ်လုံး၀ကြည့်လင်ပြီး ထိုးဖောက်မြင်ရတယ့် အံ့ဩစရာသတ္တဝါဆန်းလေးတွေအကြောင်း တင်ဆက်ပေးလိုက်ပါတယ်။ ၁။ Pharaoh ပုရွက်ဆိတ် ဒီပုရွက်ဆိတ်အမျိုးအစားကတော့ သေးငယ် ကြည်လင်ပြီး အဝါ ဒါမှမဟုတ် အညိုဖျော့ရောင်ရှိတဲ့ အင်းဆက်အမျိုးအစားဖြစ်ပြီး အိမ်တွေ အဆောက်အဦးတွေမှာ အသိုက်ဖွဲ့တတ်ပါတယ်။ သူတို့ဟာ အစားအစာမျိုးစုံကို စားသုံးပြီး ပစ္စည်းအမျိုးမျိုးကိုလည်း စားသောက် ဖျက်ဆီးတတ်ပါတယ် ၂။ ကြည်လင်နေတဲ့ ရေဘဝဲ ဒီရေနက်မှာနေလေ့ရှိတဲ့ ရေဘဝဲတွေဟာ သူတို့ တစ်ကိုယ်လုံးကို ထိုးဖောက်မြင်နိုင်ရုံတင်မက အာရုံကြော မျက်လုံး အစာခြေစနစ်ကိုပါ အတိုင်သား မြင်ရနိုင်ပါတယ်။နေရောင် လုံး၀မကျရောက်နိုင်တဲ့ ရေနက်ပိုင်းမှာနေလေ့ရှိပါတယ်။ … Read more

ကမ္ဘာကြီးကို သင်ကောင်းကောင်းနားလည်ဖို့ လိုသေးတယ်ဆိုတာ ပြသနေတဲ့ဓာတ်ပုံများ

ကျွန်မတို့ နေထိုင်ကြတဲ့ကမ္ဘာကြီးဟာ ထူးဆန်းအံ့ဩဖွယ်ရာတွေနဲ့ အမြဲတမ်း ပြည့်နှက်နေတတ်ပါတယ် ။ ဒါကြောင့် ကိုယ့်ပတ်ဝန်းကျင်မှာ မြင်လေ့မြင်ထမရှိတဲ့ ကမ္ဘာကြီးပေါ်က ထူးခြား ဆန်းပြားတဲ့ အံ့ဩဖွယ်ရာတွေကို နားလည်လာနိုင်ပြီး ဗဟုသုရစေဖို့ အောက်ပါပုံလေးတွေကို ဆက်လက်ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါရစေ။ ၁။ ၂၀၁၃ ဧ၀ရက်တောင်ကို တက်နေကြတဲ့ လူတန်းကြီး ၂။ ပန်းချီကားမဟုတ်ဘဲ တကယ့် ပင်လယ်ထဲ မြောနေတဲ့ ရေခဲတောင်ကြီး ၃။ ဖင်လန်မြောက်ပိုင်းမှာ တွေ့မြင်ရတဲ့ ရေခဲဥ ( ရေခဲပေါ်ကို လေရယ် ရေရယ် ဖြတ်တိုက်စားသွားတဲ့အချိန်မှာ တွေ့မြင်ရတဲ့ ရေခဲဥ ) ၄။ အနီးကပ်ကြည့်လိုက်တဲ့အချိန်မှာ တွေ့မြင်ရတဲ့ ပင့်ကူခြေထောက် ၅။ ရှန်ဟေးကွမ်ပြည်နယ်က ပေါဟိုင် ပင်လယ်ကမ်းခြေမှာရှိတဲ့ တရုတ်ပြည် မဟာတံတိုင်းကြီးရဲ့အဆုံး ၆။ ဘက်ဂါ ၂၈၈ ကမ္ဘာ့အကြီးဆုံး … Read more

ခန္ဓာကိုယ်ထဲမှာ ပုန်းကွယ်နေတဲ့ စကြဝဌာကြီးတစ်ခုရှိနေတယ်ဆိုတာကို ပြသနေတဲ့ဓာတ်ပုံများ – (၂၃)ပုံ

လူ့ခန္ဓာကိုယ်ကိုဖွဲ့စည်းထားတဲ့ သေးငယ်သောဆဲလ်များကို သိပ္ပံပညာရှင်တွေရဲ့ အဏုကြည့်မှန်ပြောင်းတွေနဲ့ ရိုက်ကူးထားတဲ့ဓာတ်ပုံတွေဟာ ကမ္ဘာအသစ်ကြီးကို ဖွင့်ချပြလိုက်သလိုပါပဲ ။ ပြီးတော့ မကြာခဏဆိုသလို ဒီပုံတွေဟာ ဟိုးအဝေးတစ်နေရာမှာရှိနေတဲ့ နဂါးငွေ့တန်းကို တယ်လီစကုပ်ကနေ ကြည့်နေတဲ့ မြင်ကွင်းနဲ့တောင် တူနေပါတယ်။ ဥပမာအားဖြင့် – လူသားတစ်ယောက်မျက်လုံးရဲ့ အနီးကပ်ပုံဟာ အာကာသရဲ့တွင်းနက်ကြီးနဲ့ တူနေပြီး ကွဲပြားနေတဲ့ အဆီဆဲလ်လေးတွေကတော့ မားစ်နဲ့ တူနေပါတယ် ။ အာရုံကြော အစုအထုံးလေးတွေကတော့ စကြ၀ဌာကြီးကို ပတ်နေတဲ့ နဂါးငွေ့တန်းအတိုင်းပါပဲ ။ မျက်စိကို ပြူးကျယ်သွားစေမယ့် လူ့ခန္ဓာကိုယ်ထဲက စကြ၀ဌာကြီးရဲ့ ပုံ ၂၃ ပုံကို စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုကြဖို့ စာဖတ်ပရိသတ်ကြီးကို ဖိတ်ခေါ်လိုက်ပါတယ် ။ ဒီပုံတွေထဲက ဘယ်ပုံလေးကရော သင့်ကို အံ့ဩသင့်စေလဲ ဘာကြောင့် အံ့ဩစေတာလဲဆိုတာ ပြောသွားပေးကြဦးနော် …. ၁။ … Read more