ယခုဖော်ပြပေးမယ့်သရဲဇာတ်လမ်းများဟာ ကျွန်တော်တို့အတွက်စိတ်မနှလုံးမချမ်းမြေ့စရာတွေဖြစ်နိုင်တဲ့ဆိုတဲ့အကြောင်းကိုအရင်ဦးစွာသတိပေးပါရစေ။သင်လဲဘဲဒီလိုကြောက်စရာကောင်းတဲ့နေရာတွေမှာနေထိုင်ကောင်းနေထိုင်နေနိုင်ပါတယ်။ဘာလို့ဆိုသရဲတစ္ဆတွေဆိုတာအချိန်မရွေးနေရာဒေသမရွေးရှိနေတတ်ကြလို့ပါ။ဒါဆိုရင်တော့ယခုဖော်ပြပေးမယ့်သရဲဇာတ်လမ်းတွေကဘာတွေဖြစ်မလဲဆိုတာဆက်လက်ဖတ်ရှုကြည့်လိုက်ရအောင်။ (၁)Sloss Furnaces | Birmingham, Alabama Birmingham, ALကိုတော့ ၁၈၇၁ခုနှစ်မှာတည်ထောင်ခဲ့ပြီး အမေရိကန်ပြည်တွင်းစစ်ကြီးအပြီး ၅နှစ်အကြာမှာတော့ပြိုကျနေတဲ့အခြေခံအဆောက်အဦးတွေကိုပြန်လည်ပြုပြင်ဖို့အတွက် သံတန်ချိန်များစွာလိုအပ်ခဲ့ပါတယ်။ဝယ်လိုအားကိုဖြည့်ဆည်းနိုင်ဖို့အတွက် ဗိုလ်မှူးကြီး ames Withers Sloss ဟာ Sloss Furnaces သံ စက်ရုံကိုစတင်တည်ထောင်ခဲ့ပါတယ်။တစ်နှစ်အကြာမှာကုမ္ဗဏီဟာအလုပ်သမားရာပေါင်းများစွာကိုအလုပ်တွေပေးနိုင်ခဲ့ပါတယ်။ပေါက်ကွဲအားပြင်းထန်လှတဲ့မီးပြင်းဖိုတွေအနီးမှာအလုပ်လုပ်ရတာအလွန်အန္တာရာယ်ရှိလှပြီးကျွမ်းကျင်မှုတွေလည်းများစွာလိုအပ်ပါတယ်။ထိုအန္တာရာယ်ဟာမကြာခင်မှာဘဲအမှန်ဖြစ်လာပါတော့တယ်။အလုပ်သမားများစွာအပေါ်ကိုမီးပြင်ဖိုကြီးမှောက်ကျကာ အရှင်လတ်လတ်မီးမြိုက်ခံရကာသေပွဲဝင်ခဲ့ကြရပါတယ်။ရက်စက်တတ်တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ James “Slag” Wormwood အလုပ်ဝင်ခဲ့တဲ့ ၁၉၀၀ပြည့်နှစ်အစောပိုင်းကာလမှာ စက်ရုံဟာအခြေနေပိုဆိုးလာခဲ့ပါတယ်။Reader’s Digest ရဲ့ အဆိုအရ Wormwood ဟာကုန်ထုတ်လုပ်မှုကိုမြင့်တင်ဖို့အတွက် အန္တာရာယ်များတဲ့အရာတွေကိုအလုပ်သမားတွေကိုခိုင်းစေခဲ့ပါတယ်။ရလာဒ်အနေနဲ့ ဝန်ထမ်း ၅၀ကျော်လောက်ဟာ ထိုဖြစ်ရပ်ဆိုးထဲမှာသေဆုံးခဲ့ကြပြီး များစွာသောအလုပ်သမားတွေဟာထိုမတော်တဆမှုမှာထိခိုက်ဒါဏ်ရာရခဲ့ကြပါတယ်။ထိုဖြစ်ရပ်ကိုလက်စားချေတဲ့အနေနဲ့ အလုပ်သမားတွေဟာ ၁၉၀၆ခုနှစ်မှာ Wormwood အား သံရည်ကြိုတဲ့မီးပြင်းဖိုထဲကိုပစ်ချကာသတ်ပစ်ခဲ့ကြပါတယ်။ထိုနေရာဟာယနေ့အချိန်ထိသရဲခြောက်တဲ့နေရာဖြစ်နာမည်ကြီးလျက်ပါတယ်။အလုပ်သမားတွေရဲ့ အလုပ်လုပ်သံတွေနဲ့ညဘက်မှာဆူညံနေသလို တစ်ခါတစ်လေ Wormwood ရဲ့ အလုပ်သမားတွေအလုပ်လုပ်ရန်အတွက် ကြိမ်းမောင်းနေတာကိုပါကြားရတတ်တယ်လို့ဆိုပါတယ်။ (၂)နယူးယောက်မြို့ဒါကိုတာမှငိုနေတဲ့အမျိုးသမီး နယူးယောက်မြို့ရှိ တိုက်ခန်းအိမ်ယာအဆောက်အဦးတစ်ခုဖြစ်တဲ့ဒါကိုတာကိုတော့၁၈၈၄ခုနှစ်တွင်ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ကျော်ကြားပြီးချမ်းသာတဲ့ဒေသခံတွေရဲ့နေအိမ်အဆောက်အဦးတစ်ခုလည်းဖြစ်လာခဲ့ပါတယ်။ … Read more