ကြောက်စရာကောင်းတဲ့ဓာတ်ပုံတွေကို ရိုက်ကူးခဲ့ပြီး နာမည်ကြီးလာခဲ့သူလေး-(၁၅)ပုံ

အသက် ၂၅ နှစ်အရွယ် Ellen Sheidlin ဆိုတဲ့ကောင်မလေးဟာ အင်စတာဂရမ်ပေါ်မှာ သူမဖန်တီးထားတဲ့ စိတ်ကူးယဉ်ဆန်ပြီး ထူးခြားဆန်းသစ်လှသော ကမ္ဘာကြီးဆီသို့ ကျွန်မတို့ကို ဖိတ်ခေါ်လိုက်ပါတယ်။ သူမ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေဟာ ကျွန်မတို့ တွေ့နေမြင်နေကျ ပုံစံမျိုးမဟုတ်ပါဘူး။ ဖက်ရှင်၊ မိတ်ကပ်၊ ဒစ်ဂျစ်တယ် art နှင့် ဓာတ်ပုံပညာတို့ကို အချိုးကျကျပေါင်းစပ်ပြီး ရိုက်ကူးထားတာမျိုးဖြစ်ပါတယ်။ သူမရဲ့ ကြောက်စရာ စိတ်ကူးတွေနဲ့ ပေါင်းစပ်မှုတွေက စိတ်မသက်မသာဖြစ်နိုင်ပေမဲ့ တစ်ချိန်တည်းမှာပဲ လူအများကို စွဲဆောင်နိုင်ခဲ့ပါတယ်။ တစ်ခုအာမခံနိုင်တာကတော့ ဒီလိုရိုက်ကူးထားတဲ့ ဓာတ်ပုံရိုက်ချက်မျိုးကို ပရိသတ်ကြီးအနေနဲ့ ဘယ်မှာမှ မြင်ဖူးမှာမဟုတ်သေးဘူးဆိုတာပါပဲ။ ဆိုရှယ်မီဒီယာပေါ်မှာ ရေပန်းစားနေတဲ့ ဓာတ်ပုံရိုက်ကူးမှုပုံစံတွေကနေ သူမဘယ်လိုဖောက်ထွက်ပြီး ရိုက်ကူးထားလဲဆိုတာ ကြည့်လိုက်ရအောင်နော်။ 1. 2. 3. 4. 5. 6. 7. 8. … Read more

တိုက်တန်းနစ်မင်းသမီးရဲ့ နေရာမှာ ကြောင်မလေးကို အစားထိုးပြီး ဗီဒီယိုဖန်တီးခဲ့သူ

ရုပ်ရှင်ဇာတ်ကားတွေထဲမှာ Titanic လို့ ပြောလိုက်တာနဲ့ တော်တော်များများ ကြည့်ဖူးကြမယ်ထင်ပါတယ်။ မင်းသားလီယိုနာဒိုနဲ့ မင်းသမီးကိတ်ဝင်စလက်တို့ရဲ့ ဇာတ်ဝင်ခန်းတွေကို အဲ့ဒီဇာတ်ကားကြည့်ဖူးတဲ့တိုင်း အနည်းအကျဉ်းတော့ အမှတ်ရနေကြမှာပါ။ ရုပ်ရှင်နဲ့ Animation တွေဖန်တီးကြတဲ့ Tibo Charroppin နဲ့ Olivia Boone တို့ဟာ သူတို့ရဲ့ကြောင်မလေး Lizzy(Owlkitty) ကို Titanic ဇာတ်ကားရဲ့ ထွေလာဗီဒီယိုမှာ ထည့်သွင်းပြီး ဖန်တီးခဲ့ကြပါတယ်။ ကြောင်မလေး Lizzy ကို မင်းသမီးကိတ်ဝင်းစလက်ရဲ့နေရာမှာ အစားထိုးပြီး ဗီဒီယိုဖန်တီးခဲ့ကြတာလည်း ဖြစ်ပါတယ်။ မင်းသားလီယိုနာဒိုနဲ့ ကြောင်မလေးတို့ ဘယ်လိုတွေ ရိုခဲ့ကြသလဲဆိုတာ ကြည့်လိုက်ကြရအောင်။ မြင်မြင်ချင်း ချစ်မိသွားတဲ့အခန်း မင်းသားနဲ့ မင်းသမီး လေငြင်းခံကြတဲ့ ဇာတ်ဝင်ခန်း ကြောင်မလေးနဲ့ ရိုနေတာ ပန်းချီးဆွဲတဲ့အခန်း ဗီဒီယို ကြည့်ရန်

နာမည်ကြီးရှေးဟောင်းပန်းချီကားတွေမှာသာ Mr.Bean ရုပ်နဲ့ မြင်တွေ့ရမယ်ဆိုရင်

သင့်အနေနဲ့ ဘယ်လောက်ပဲ အသက်ကြီးကြီး Mr.Bean ဟာ သင့်ကို ဗိုက်နာတဲ့အထိ ရယ်မောစေနိုင်တဲ့ ဇာတ်ကောင်တစ်ယောက်ပါ။ အဲ့ဒါကိုကောင်းကောင်း နားလည်သဘောပေါက်တဲ့ ပန်းချီနဲ့ရုပ်ပြောင်ပညာရှင် Rodney Pike ဟာ ရှေးဟောင်းပန်းချီကားတွေထဲက မျက်နှာတွေကို Mr.Bean မျက်နှာနဲ့ ပြောင်းလဲပြီး ရယ်စရာဖြစ်အောင် ဖန်တီးခဲ့ပါတယ်။ Pike တစ်ယောက် ဘယ်လိုတွေဖန်တီးခဲ့သလဲဆိုတာ ကြည့်လိုက်ကြရအောင်။ 1. 2. 3. 4. 5. 6. 7. 8. 9. 10. 11. 12. 13. 14. 15.

မထင်မှတ်ထားတဲ့ အဆုံးသတ်တွေနဲ့ ဟာသဆန်ဆန် ရုပ်ပြကာတွန်းတွေ ဖန်တီးတတ်တဲ့အနုပညာရှင်

ပြင်သစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ Rémi Lascault ဟာ ပုံ(၄)ပုံပါပြီး ထင်မှတ်မထားတဲ့ အဆုံးသတ်တွေနဲ့ ဟာသဆန်ဆန် ရုပ်ပြကာတွန်းတွေကို ဖန်တီးလေ့ရှိသူ ဖြစ်ပါတယ်။ ရုပ်ပြကာတွန်း ဇာတ်လမ်းကောင်းတစ်ခုကို ပြသဖို့အတွက် တစ်ခါတစ်ရံမှာ စကားလုံးတွေ မလိုအပ်ဘူးဆိုတာ Rémi က သက်သေပြခဲ့ပါတယ်။ ဟာသရုပ်ပြကာတွန်းတွေ ကြိုက်နှစ်သက်တဲ့သူတွေအတော့ သူ့ရဲ့လက်ရာတွေကို ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်။ အောက်ဘက်မှာ သူ့ရဲ့လက်ရာလေးကို မျှဝေတင်ဆက်ပေးလိုက်ပါတယ်။ 1. 2. 3. 4. 5. 6. 7. 8. 9. 10. 11. 12. 13. 14. 15.

ကျောက်တုံးတွေကို ဆေးခြယ်ပြီး ချစ်စရာအရုပ်လေးတွေ အဖြစ်ပြောင်းလဲလိုက်တဲ့ အနုပညာရှင်

ဂျပန်နိုင်ငံမှ ကျောက်တုံး ပန်းချီပညာရှင်တစ်ဦးဖြစ်သူ အာကီ နာကာတာ ဆိုသူဟာ ကျောက်တုံးလေးတွေကို သင့်ရဲ့ လက်ဖဝါးထဲ ထည့်လို့ရတဲ့ တိရိစ္ဆာန်ရုပ်သေးသေးလေးတွေအဖြစ် ပြောင်းလဲပုံဖော်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ထဲက သူဟာ ကျောက်တုံးများကို ဆေးခြယ်ပြီး ဒီအရုပ်လေးတွေကို ပြုလုပ်နေခဲ့တာပါ။ သူမဟာ ရှာဖွေတွေ့ရှိခဲ့တဲ့ ကျောက်တုံးလေးတွေကို အသစ်တစ်ဖန်မွေးဖွားလာတဲ့ အနုပညာတစ်ခုအဖြစ် ပြောင်းလဲဖန်တီးချင်ခဲ့တယ်လို့ ဆိုပါတယ်။ ငယ်ငယ်တည်းက ကျောက်တုံးလေးတွေကို စုဆောင်းရတာ ဝါသနာပါသူတစ်ဦးဖြစ်ပြီး တစ်နေ့မှာတော့ ယုန်ပုံစံရှိတဲ့ကျောက်တုံးလေးကို သူမြင်တဲ့နောက်ပိုင်း စုဆောင်းရာကနေ ဆေးခြယ်တဲ့ ဘက်ကို ပြောင်းလဲလာခဲ့တာပါ။ သူ့လက်ရာလေးကိုတော့ အောက်ပါအတိုင်း မြင်ရမှာပဲဖြစ်ပါတယ်။ 1. 2. 3. 4. 5. 6. 7. 8. 9. 10. 11. 12. 13. 14. … Read more

ပတ်ဝန်းကျင်နဲ့ အံဝင်ခွင်ကျမှုရှိအောင် ဖန်တီးထားကြတဲ့ Street Art အနုပညာလက်ရာများ-(၁၅)ပုံ

Street Art လို့ခေါ်တဲ့ လမ်းဘေးနံရံတွေမှာ ဖန်တီးထားတတ်ကြတဲ့ အနုပညာဟာ ကျွန်တော်တို့ရဲ့ အာရုံကိုဖမ်းစားဖို့ အမိုက်စားလက်ရာတွေနဲ့ ဖန်တီးထားတတ်ကြပါတယ်။ ဒါပေမယ့် အခုတစ်ခေါက်မှာတော့ Street Art အနုပညာရှင်တွေဟာ ပန်းချီလက်ရာတွေကို ပတ်ဝန်းကျင်၊ တည်နေရာတွေနဲ့ အံဝင်ခွင်ကျဖြစ်စေတဲ့ အမိုက်စားလက်ရာတွေ ဖန်တီးခဲ့ကြပါတယ်။ ဘယ်လိုလက်ရာတွေလဲဆိုတာကိုတော့ အောက်ဘက်မှာကြည့်လိုက်ကြရအောင်။ 1. 2. 3. 4. 5. 6. 7. 8. 9. 10. 11. 12. 13. 14. 15.

ဘယ်ဇာတ်ကောင်၊ ကာရိုက်တာမျိုးကိုမဆို Cosplay ဖန်တီးနိုင်တဲ့ ကောင်မလေး-(၁၅)ပုံ

ကဲ အခုတစ်ခေါက်မှာတော့ ဘယ်ဇာတ်ဆောင် ကာရိုက်တာမျိုးကိုမဆို cosplay လုပ်နိုင်တဲ့ Alyson Tabbitha အကြောင်း တင်ဆက်ပေးလိုက်ပါတယ်။ Alyson ဟာ ငယ်ငယ်ကတည်းက သူမရဲ့အမေက ဟောလိုးဝင်းမှာ ဝတ်ဖို့ DIY Cosplay ဝတ်စုံအမိုက်စားတွေ ချုပ်ပေးလေ့ရှိခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူမဟာ နာမည်ကြီးဇာတ်ကောင် ကာရိုက်တာတွေနဲ့ Anime Cosply ဝတ်စုံဖန်တီးမှုတွေက နာမည်ကြီးလာခဲ့ပါတယ်။ ဘယ်လို ကာရိုက်တာမျိုးတွေရဲ့ ဝတ်စုံကို တထပ်တည်းနည်းပါးကျအောင် မျက်နှာအပြင်အဆင်ကအစ ဖန်တီးထားလဲဆိုတာကိုတော့ အောက်မှတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ 1. ဂျက်စပဲရိုး 2. Wonder Woman 3. Joker 4. Elsa 5. Maleficent 6. Attack on titan မှ Titan တစ်ဦး 7. Legolas (Lord … Read more

ဓာတ်ပုံတွေကို ရယ်စရာကောင်းအောင် ကာတွန်းပုံလေးတွေ ထည့်သွင်းရေးဆွဲခဲ့တဲ့ အနုပညာရှင်

ရုပ်ပြကာတွန်းတွေဆိုတာ ဖန်တီးနိုင်စွမ်းအရှိဆုံးနဲ့ ပျော်စရာတွေလည်း ဖန်တီးနိုင်တဲ့ အနုပညာတစ်ခုပါ။ လန်ဒန်မှာနေထိုင်တဲ့ ဘရာဇီးလူမျိုး လူကတ်စ် လီဗီတန် ကတော့ ဓာတ်ပုံတွေကို သူရဲ့ကာတွန်းပုံလေးနဲ့ ပေါင်းစပ်ပြီး ရေးဆွဲခဲ့ပါတယ်။ ရလာဒ်အနေနဲ့ စိတ်ဝင်စားစရာကောင်းလှပြီး အချို့ပုံတွေကတော့ ရယ်စရာကောင်းလှပါတယ်။ ဒါဆိုရင် သူ ဖန်တီးထားတဲ့ လက်ရာတွေကို ကြည့်လိုက်ကြရအောင်။ 1. 2. 3. 4. 5. 6. 7. 8. 9. 10. 11. 12. 13. 14. 15.

နာမည်ကျော် DC Marvel နဲ့ Disney ဇာတ်ကောင်တွေကို အသက်ကြီးလာရင် ဘယ်လိုပုံစံနဲ့ တွေ့ရမလဲ

Lesya Guseva ဟု အမည်ရသူ ပန်းချီဆရာမတစ်ဦးကတော့ တချို့အဖြစ်အပျက်တွေကို ကျွန်မတို့ စိတ်ကူးယဉ်ပုံဖော်ရလွယ်အောင် ဖန်တီးပေးလိုက်ပါတယ်။ သူမဟာ ကျွန်မတို့ နှစ်ခြိုက်စွဲလမ်းကြတဲ့ DC Marvel နှင့် Disney ကာတွန်းဇာတ်ကောင်များ အသက်ကြီးလာတဲ့အချိန် ဘယ်လိုပုံစံနဲ့ ဘ၀ကို ဖြတ်သန်းနေကြမလဲဆိုတဲ့ ပုံရိပ်ကို ပန်းချီအဖြစ် ဖန်တီးပုံဖော်ထားပါတယ်။ 1. Thor 2. The Flash 3. မိန်းမနဲ့အတူ သိုးမွှေးထိုးနေတဲ့ စပိုက်ဒါမန်း ဘိုးဘိုး 4. ဘိုးဘိုး Joker 5. အသက်ကြီးပေမဲ့ ဆော်ကြည်နေသေးတဲ့ Iron Man 6. Deadpool 7. စူပါမန်း Pocahontas နဲ့ မီကိုတို့အဖွဲ့ 8. မှော်ဆရာများဖြစ်တဲ့ Jennie နဲ့ doctor strange … Read more

ခေါင်းနဲ့ခြေထောက်ပဲပါတဲ့ ဘဲတစ်ကောင်ကို အပြီးသတ်ရေးဆွဲပြီး မျှဝေထားကြသောပုံများ

မိတ်ဆွေတို့ကို တီထွင်ကြံဆနိုင်စွမ်းနဲ့ ရယ်မောပျော်ရွှင်စေဖို့အတွက် ပြီးခဲ့တဲ့တစ်ခေါက်က ဒိုင်နိုဆောပုံ ရေးဆွဲပြိုင်ခဲ့ကြသလို အခုတစ်ခေါက်မှာတော့ ” ဘဲတစ်ကောင်ပုံရေးဆွဲပြီး သင့်ရဲ့အနုပညာကို မျှဝေလိုက်ပါ ” ဆိုတဲ့ခေါင်းစဉ်နဲ့ ဘဲပုံတွေကို ကိုယ်ပိုင်စိတ်ကူးတွေနဲ့ ရေးဆွဲပြိုင်ထားကြပုံများကို စုစည်းတင်ဆက်ပေးချင်ပါတယ်။ အမိုက်စားလက်ရာတွေကို ရေးဆွဲခဲ့ကြတဲ့သူတွေရှိသလို အများစုကတော့ ရယ်စရာကောင်းအောင် ရေးဆွဲခဲ့ကြပါတယ်။ ဘယ်လိုတွေရေးဆွဲခဲ့ကြသလဲဆိုတာ အောက်ဘက်မှာ ကြည့်လိုက်ကြရအောင်။ 1. ဘဲတစ်ကောင်ပုံရေးဆွဲပြီး သင့်ရဲ့အနုပညာကို မျှဝေလိုက်ပါဆိုတဲ့ မူရင်းပုံ 2. ဘဲသိုင်းဆရာ 3. ဘဲဆာမူရိုင်း 4. ဘဲကင်ကြိုက်တာ မင်းမလားတဲ့ 5. 6. 7. 8. 9. 10. 11. 12. 13. 14. 15. 16. 17. 18.