လူတွေကိုအန္တာရာယ်ပေးနိုင်တဲ့ဓာတုဗေဒဒြပ်စင်(၁၀)မျိုး
သဘာဝတရားကြီးမှာကျွန်တော်တို့ကိုသေစေနိုင်လောက်တဲ့အရာတွေများစွာတည်ရှိနေသောလည်းစနစ်တကျကိုင်တွယ်အသုံးပြုတတ်မယ်ဆိုပါက ကျွန်တော်တို့ကိုလုံခြုံမှုတွေပေးနိုင်ပါတယ်။Marie Curie ဟာသိပ္ပံပညာရဲ့ အမြင့်မားဆုံးသောဂုဏ်ထူးဆောင်ဆုကိုရရှိခဲ့တဲ့ ပထမဆုံးအမျိုးသမီးသိပ္ပံပညာရှင်ဖြစ်ကာ ကံဆိုးစွာနဲ့ဘဲ သူရဲ့အလုပ်ကသူမကိုသေဆုံးစေခဲ့ပါတယ်။သူမနဲ့သူ့ရဲ့ ခင်ပွန်းဟာ ရေဒီယိုသတ္တိကြွကျောက်တုံးတွေကိုစနစ်တကျကြိတ်ခွဲကာ အမှုန့်တွေကို အက်စစ်ထဲမှာစိမ်ထားခဲ့ကြပါတယ်။၁၈၉၈ မှာသူတို့ဟာ ပိုလိုနီယမ်ဒြပ်စင်သစ်တစ်မျိုးကိုရှာဖွေတွေ့ရှိခဲ့ပြီး လအနည်းငယ်အကြာမှာတော့ ရေဒီယမ်ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒါပေမယ့်သူတို့ဟာ သူတို့ရဲ့အလုပ်ဟာ အန္တာရာယ်အရမ်းများတယ်ဆိုတာကို မသိခဲ့ကြပါဘူး။ ဘာကြောင့်ဆို ရေဒီယိုသတ္တိကြွမှုဟာအလွန်အန္တာရာယ်များတယ်ဆိုတာကို ကျွန်တော်တို့က ယခုအချိန်မှာသိရှိနေကြပေမယ့် ထိုခေတ်ကသိပ္ပံပညာရှင်တွေကတော့ စူးစမ်းနေဆဲပါ။ပိုဆိုးတာကတော့ သူတို့တွေ့ရှိခဲ့တဲ့ ပိုလိုနီယမ်ဒြပ်စင်ဟာ ရေဒီယိုသတ္တိကြွမှုအများဆုံးဒြပ်စင်ပါ။ယနေ့မှာတော့ သိပ္ပံပညာရှင်အသက်နဲ့ရင်းကာစူးစမ်းရှာဖွေခဲ့ကြတဲ့ လူသားတွေအတွက် အန္တာရာယ်ပေးနိုင်တဲ့ ဓာတုဗေဒဒြပ်စင်(၁၀)မျိုးကိုဖော်ပြပေးလိုက်ပါတယ်။ (၁)ဟိုက်ဒရိုဂျင်(မီးလောင်လွယ်သောဒြပ်စင်) ကျွန်တော်တို့ရှုနေတဲ့လေထုဟာ အောက်ဆီဂျင်ကြီးသက်သက်နဲ့ဖွဲ့စည်းထားတဲ့မဟုတ်ဘဲ လေထုရဲ့ငါးပုံတစ်ပုံမှာ ဟိုက်ဒရိုဂျင်ပါဝင်နေကာ ဒီအရာတွေကတော့ကျွန်တော်တို့အတွက် ဘေးမဖြစ်စေပါဘူး။ဟိုက်ဒရိုဂျင်နဲ့အောက်စီဂျင်တွေဟာ လေထုထဲမှာအမြန်ဓာတ်ပြုဖွဲ့စည်းကာ ရေကိုဖြစ်ပေါ်လာစေပါတယ်။ဟိုက်ဒရိုဂျင်ဟာ မီးလောင်မှုကိုအားပေးတာကြောင့် လူသားတွေအတွက် အန္တာရာယ်ရှိတဲ့ ဒြပ်စင်တစ်ခုအဖြစ်တည်ရှိနေပါတယ်။ဟိုက်ဒရိုဂျင်ကိုတော့ရေနံသန့်စင်ခြင်းနဲ့ ဓာတ်မြေဩဇာထုတ်လုပ်တဲ့နေရာတွေမှာ အများဆုံးသုံးကြပါတယ်။ (၂)ဆီးဇီယံ(ပေါက်ကွဲစေနိုင်သော၊မီးလောင်လွယ်သောဒြပ်စင်) ဆီးဇီယံကိုကိုင်တွယ်မယ်ဆိုပါက အတော်ကိုသတိပြုကိုင်တွယ်ရမှာဖြစ်ပြီး သူဟာလေနဲ့ပွတ်တိုက်သွားမယ်ဆိုပါက ချက်ချင်းမီးတောက်ကြီးတစ်ခုအဖြစ်ပြောင်းလဲသွားနိုင်ပါတယ်။သူ့ကိုရေထဲလည်းမကျသွားအောင်အထူးသတိပြုရမှာဖြစ်ပြီး ထိုဒြပ်စင်ဟာ ရေထဲမှာဆို ပြင်းပြင်းထန်ထန်ကိုပေါက်ကွဲနိုင်ပါတယ်။ဆီးဇီယံကိုတော့ … Read more