သုံးနှစ်သားထဲက အိန္ဒိယမှာနေပြီး နေရာအနှံ့ ခရီးထွက်ခဲ့တဲ့ ဩစတေးလျ ဓာတ်ပုံဆရာ ဂျေးဝိန်းစတိန်းဟာ ပြီးခဲ့တဲ့ ၂၀၁၃ မှာ ပရောဂျက်တစ်ခုကိုစတင်ခဲ့ပါတယ်။ ပရောဂျက် ခေါင်းစဉ်အရ သူဟာ ကမ္ဘာပေါ်က သူသွားလာခဲ့သမျှနေရာက သူစိမ်းတွေရဲ့ မပြုံးခင်နဲ့ ပြုံးဖို့တောင်းဆိုပြီးနောက် ဓာတ်ပုံတွေကို ရိုက်ကူးခဲ့ပါတယ် ။ အောက်ဘက်မှာတော့ ဂျေးဝိန်းစတိန်း ရိုက်ကူးခဲ့တဲ့ဓာတ်ပုံများကို မျှဝေတင်ဆက်ပေးလိုက်ပါတယ်။
၁။ သူဟာ အိန္ဒိယရဲ့ သိသိသာသာ ရင်သပ်ရှုမောရတဲ့ လပ်ဒ်ခါ ဂျာမူ ကက်ရှိမီးယား တောင်ကြားက စိမ်းစိုနေတဲ့ လယ်ကွင်းပြင်ကြားထဲ စီထားတဲ့ ကျောက်လမ်း ကန်သင်းရိုးလေးမှာ သူ့ သူငယ်ချင်းနဲ့ ညနေဘက် အိမ်ကို လမ်းလျှေက်ပြန်နေခဲ့တာပါ။ ဒါကြောင့် ကျွန်တော်သူ့ကို ပြုံးဖို့ တောင်းဆိုခဲ့ပါတယ် ။

၂။ အိန္ဒိယ ကက်ရှ်မီးယား နဲ့ ဂျာမူ ပြည်နယ် လပ်ဒ်ခါက တာ့တက်ခ်ရဲ့ လှပပြီး သီးခြားလေးရှိနေတဲ့ ကုန်းပြေမြင့် ရွာလေးမှာ မြည်းခြံခတ်နေတဲ့ပုံကို ရိုက်ကူးနေခဲ့တဲ့ ညနေခင်းလေးမှာ သူ့သူငယ်ချင်းနဲ့သူ လမ်းလျှောက်နေခဲ့တာပါ။ ဒါကြောင့် ကျွန်တော်သူ့ကို ပြုံးဖို့ တောင်းဆိုခဲ့ပါတယ်။

၃။ သူမဟာ တရုတ်ပြည် ဖုကျန့်ပြည်နယ် ကွမ်ကျိုးမြို့ရဲ့ ညနေခင်းလေးမှာ နှစ်ပေါင်း၁၃၀၀ သက်တမ်းရှိပြီဖြစ်တဲ့ ပြုပြင်ထိန်းသိမ်းထားသော ခိုင်းယွမ် ဘုရားကျောင်းကို လာလေ့လာတာပဲဖြစ်ပါတယ် ။ဒါကြောင့် ကျွန်တော်သူ့ကို ပြုံးခိုင်းခဲ့ပါတယ်

၄။ ကျွန်တော် အိန္ဒိယပြည်နယ်တွေထဲက မြို့ဟောင်းဖြစ်တဲ့ လာ့လ် မြို့ထဲ လျှောက်သွားနေတုန်း ညနေခင်းမှာ သူ့သူငယ်ချင်းတွေနဲ့ သူလမ်းပေါ်မှာ ကစားနေခဲ့တာပါ ဒါကြောင့် ကျွန်တော်သူ့ကို ပြုံးခိုင်းခဲ့ပါတယ်

၅။ ကန်ညာအရှေ့ပြည်နယ် အမ်ဘူနားက မူသာတရီက သူ့အိမ်နားကို ကျွန်တော်ရောက်သွားတုန်း လက်ဖက်ရည်အိုးအလွတ်နဲ့ မီးစအကျွင်းအကျန်တွေကို သူကုန်းကောက်နေခဲ့တာပါ ဒါကြောင့် ကျွန်တော်သူ့ကို ပြုံးခိုင်းခဲ့ပါတယ်။

၆။ သူက အိန္ဒိယနိုင်ငံ ဂူဂျာရတ် ကတ်ရှ်ဆာ ရွာလေးမှာရှိတဲ့ သူ့အိမ်အပြင်ဘက်မှာ ကစားနေခဲ့တာပါ ဒါကြောင့် ကျွန်တော်သူ့ကို ပြုံးခိုင်းခဲ့ပါတယ်

၇။ အိန္ဒိယနိုင်ငံ ရာဂျစတန် ဂျိဂျိုဝါ မြို့လေးမှာ သုံးမရတော့တဲ့ ရူပီး ၅၀၀ ၁၀၀၀ တန်တွေကို အသစ်ထုတ်ပေးတဲ့ ငွေစက္ကူနဲ့ လဲဖို့အတွက် မနက် ၁၁မှာဖွင့်မယ့် စာတိုက်ရှေ့မှာ မနက် ၇နာရီထဲက သူတန်းစီနေခဲ့တာပါ ဒါကြောင့် ကျွန်တော်သူ့ကို ပြုံးပြဖို့ တောင်းဆိုခဲ့ပါတယ်။

၈။ အိန္ဒိယ ဘင်္ဂါလီအနောက်ပိုင်း ဂင်္ဂါမြစ်ကမ်းဘေး နာဒိုအီရွာလေးက ကလေးတစ်ယောက် ကျောင်းကပြန်ရောက်တာနဲ့ ယူနီဖောင်းကို ချွတ်ပစ်ပြီး ခြံဝင်းထဲ သူ့မောင်နှမတွေနဲ့ ကစားနေခဲ့တာပါ ဒါကြောင့် ကျွန်တော်သူ့ကို ပြုံးခိုင်းခဲ့ပါတယ်

၉။ သူဟာ သူ့အမေနဲ့ မိန်းလမ်းမကြီး ဘေးက ညစ်ပတ်တဲ့ လမ်းကြားလေးမှာ ဆော့နေခဲ့တာပါ။ ကန်ညာ နီရိုဘီရဲ့ ဆင်ခြေဖုံးကအိမ်လေးတွေ တောက်ပပြီး အရောင်စုံတဲ့ ဆိုင်လေးတွေကို ကျွန်တော် ရှာဖွေပြီးခဲ့တဲ့နောက် သူ့ကို ပြုံးဖို့ တောင်းဆိုခဲ့ပါတယ် ။

၁၀။ အိန္ဒိယနိုင်ငံ အူတာ ပရာဒက်ရှ်က ရှေးဟောင်းမြို့ရဲ့ တစိတ်တပိုင်းဖြစ်တဲ့ ဗာရန်နာစီမှာ သူ့ရဲ့သူငယ်ချင်း နိသားစုတွေနဲ့ လမ်းကြားလေးတွေထဲ ဆော့ကစားနေတဲ့ ကလေးငယ်ပါ ဒါကြောင့် ကျွန်တော်သူ့ကို ပြုံးဖို့ တောင်းဆိုခဲ့ပါတယ်
