ကမ္ဘာတစ်ဝှမ်းက အမျိုးသမီးများရဲ့ ထူးခြားလှတဲ့ အလှအပဆိုင်ရာ စံနှုန်းများ

ကမ္ဘာတစ်ဝှမ်းက အမျိုးသမီးများရဲ့ ထူးခြားလှတဲ့ အလှအပဆိုင်ရာ စံနှုန်းများ

နေထိုင်တဲ့နိုင်ငံပေါ် မူတည်ပြီး ယုံကြည်ရာ အလှတရားများကိုယ်စီရှိကြပါတယ်။ ကျွန်ုပ်တို့က မလှဘူးလို့ထင်သည့်အရာများဟာ တခြားနိုင်ငံ တခြားလူမျိုးများရဲ့ အလှတရားတစ်ခု ဖြစ်တည်နေနိုင်ပါတယ်။

(၁) ဂျပန်နိုင်ငံက သွားစွယ်နဲ့ဂျပန်မလေးများ

© tomomiitano, © Agustin Rafael Reyes/flickr

အနောက်နိုင်ငံများတွင် ညီညာဖြောင့်တန်း တဲ့သွားများကို ပြီးပြည့်စုံတဲ့အပြုံးတစ်ခုလို့ သတ်မှတ်ကြပါတယ်။လူတော်တော်များများက လှပတဲ့အပြုံးကို အခြားသူများ ဘယ်လိုတွေးလဲဆိုတာ မသိနိုင်ပါဘူး။ သို့သော် ဂျပန်တွင် သွားစွယ်သွားတက်များနဲ့အပြုံးများဟာ ဆွဲဆောင်မှုအလွန်ရှိသည်ဟု တွေးမြင်ကြပါတယ်။

အကယ်၍ လူတစ်ယောက်တွင် သွားစွယ်သွားတက်လေးများရှိပါက ချစ်စရာကောင်းချောမောလှပသည်ဟု ယုံကြည်ကြပါတယ်။ဤအချက်ကြောင့် ဂျပန်နိုင်ငံရှိ သွားဆေးခန်း ဆရာ၀န်များတွင် ယောင်္ကျားလေးရော မိန်းကလေးများပါ ထိုသို့ပြုလုပ်မှုမြင့်မားကြပါတယ်။

(၂) အာဖရိက နှင့် ‌New Guinea ရှိ အနုပညာဆန်တဲ့ အမာရွတ်ပြင်ဆင်မှုများ

© Kathy Gerber (kathleen.gerber), © EAST NEWS, © Bernard Foubert/Photononstop

New Guineaမြို့သားများ နှင့်အာဖရိကရှိ တခြားနိုင်ငံများမှဒေသခံများဟာ သူတို့ရဲ့ခန္ဓာကိုယ်ကိုအနုပညာပုံစံများကဲ့သို့မြောက်မြားစွာသောအမာရွတ်များဖြင့်အလှဆင်နေကြဆဲဖြစ်ပါတယ်။

နုပညာဆန်ဆန် အမာရွှတ်များကို ပွဲအခမ်းနားတွင် ယောင်္ကျားလေးများကို ပေးလေ့ရှိကြသော်လည်း အမျိုးသမီးများအတွက် ဒီ တက်တူးများ ကြီးမြတ်လှတဲ့ ပုံစံအရိပ်ကဲ့သို မှတ်ယူကြပါတယ်။

(၃) တောင်ကိုရီးယားက အသဲပုံဏ္ဍာန် မျက်နှာ

© AFP/EAST NEWS

တောင်ကိုးရီးယားတွင် ပလတ်စတစ် ဆာဂျူရီ ပြုလုပ်မှုဟာ အရမ်းမကျယ်ပြန့်သော်လည်း ၎င်းကို ကိုးရီးယားလူမျိုးများဟာ လုံး၀ပုံမှန် အလေ့ကျင့်ဟု ယူဆကြပါတယ်။တောင်ကိုးရီးယားရဲ့မြို့ကြီးများတွင် သင့်ရဲ့အသွင်ပြင်ကို လှပအောင် ပြောင်းလဲပစ်ဖို့ ခေါ်တဲ့ ကြော်ငြာများစွာကို သင်နေရာတိုင်းတွင် တွေ့ရပါလိမ့်မယ်။

Credit Photo

လှပတဲ့ အသဲနှလုံးပုံစံမျက်နှာများဟာ လှပတဲ့ နည်းလမ်းသော့ချက် အဖြစ်မြင်ရပါတယ်။၎င်း ပုံစံကို ရရှိရန်အတွက် ကိုးရီးယားလူမျိုးများဟာ ရူပ်ထွေးတဲ့ ပြုပြင်မှုကို ပြုလုပ်ရန် ပြင်ဆင်ကြရပါတယ်။မေးရိုးကို သုံးပိုင်းခွဲပြီး အလယ်ပိုင်းကို ဖြတ်ယူကာ ဘေးနှစ်ဘက် မေးရိုးကို ပေါင်းဆက်ပြီးပိုသေးတဲ့မေးရိုးရရှိဖို့ပြုလုပ်ရပါတယ်။ပြီးနောက် မေးစေ့အသစ်၏ထောင့်များဟာပျော့လာပြီး ဤကဲ့သို့ ခွဲစိတ်မှုပြုလုပ်ပြီးနောက် အချိန်ကြာမြင့်စွာ အစိုင်ခဲ အစားစာများကို စားလို့မရပါဘူး။

(၄) Mauritania ရှိ ကိုယ်အလေးချိန်များလွန်းခြင်း

© Coffee/Pixabay

Mauritanians တွေဟာသူတို့ရဲ့ဗိုက်မှာအဆီဖုတွေမရှိရင်လူတစ်ယောက်ရဲ့အကြည့်ကိုဆွဲဆောင်ဖို့အခွင့်အလမ်းလုံးဝမရှိပါဘူး။မိန်းကလေးများကို လိုချင်သောအတိုင်းအတာများရရှိစေရန်မိဘများက၎င်းတို့အားတစ်ရက်ကယ်လိုရီ ၁၆၀၀၀ အထိစားနိုင်အောင် အထူးလယ်ယာခင်းထဲသို့ပို့ပေးကြပါတယ်(ပုံမှန် ၁၅၀၀ကယ်လိုရီ)။ ကံမကောင်းစွာဖြင့် ဒီအစဉ်လာကြောင့် မိန်းကလေးများဟာ အစာအိမ်နာခြင်း အစာအိမ်ရောဂါများဖြစ်လာကြပါတယ်။

(၅) မြန်မာနိုင်ငံမှ လည်တံရှည်မိန်းကလေး များ

© SergeBertasiusPhotography/depositphotos

မြန်မာနိုင်ငံအရှေ့ပိုင်းဒေသတစ်ခုကို “သစ်ကုလားအုပ်အမျိုးသမီးများပြည်နယ်” ဟုခေါ်တွင်ခဲ့ပါတယ်။ဒီနာမည်ဟာ ကယန်းလူမျိုးတွေကို ရည်ညွှန်းထားပြီး ၎င်းအမျိုးသမီးတွေက လည်ပင်းမှာ ကြေးကွင်းများစွာ တတ်ဆင်ထားကြပါတယ်။ လူတစ်ယောက်ရဲ့ လည်ပင်းပိုရှည်လေ သူတို့ပိုလှလာလေလို့ ယုံကြည်ကြပါတယ်။

Credit Photo

ဒဏ္ဍာရီအရ ဤကွင်းများဟာ ကယန်းအမျိုးသမီးများကို ကျားရန်များမှ ကာကွယ်ပေးသည်ဟု ဆိုပါတယ်။ လက်တွေ့တွင် ၎င်းတို့ဟာ မျိုးနွယ်စုလက္ခဏာကို ဖော်ပြရန် နည်းလမ်းတစ်ခုသာ ဖြစ်ပါတယ်။

Leave a Comment