ကာတွန်းကားတွေထဲမှာ Tom and Jerry (ကြောင်နဲ့ကြွက်) လို့ပြောလိုက်တာနဲ့ ထွေထွေထူးထူးမိတ်ဆက်ပေးစရာမလိုတော့ဘူးလို့ ထင်ပါတယ်။ Tom and Jerry ကာတွန်းကားကို ဘယ်အချိန်ပဲပြန်ကြည့်ကြည့် မရိုးနိုင်အောင်ကောင်းတာကြောင့်လည်း ယနေ့ခေတ်အချိန်ထိ လူသိများနေခဲ့တာပါ။
ဂျပန်နိုင်ငံက အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ Taku Inoue ဆိုသူက Tom and Jerry ကာတွန်းကားထဲက Tom နဲ့ Jerry တို့ရဲ့ရယ်စရာကောင်းတဲ့ပုံစံလေးတွေကို အရုပ်လေးတွေအဖြစ် ဖန်တီးပြုလုပ်ခဲ့ပါတယ်။ အောက်ဘက်မှာတော့ Taku Inoue ရဲ့လက်ရာများကို ကြည့်လိုက်ကြရအောင်။