ခြုံပုတ်တွေကို ချစ်စရာကောင်းလှပြီး အိပ်ငိုက်နေတဲ့ ငှက်ပေါက်လေးတွေရဲ့ ရုပ်လုံးပုံစံ ဖန်တီးခဲ့တဲ့ အနုပညာရှင်များ

ဂျာဒင်း ဒီ ပလန်တိစ်က အထင်ကရ ပန်းခြံ ၁၀ခုထဲကတစ်ခုအပါအဝင်ဖြစ်ပြီး ပြင်သစ်နိုင်ငံ Nantes မြို့မှာ တည်ရှိပါတယ်။ ပန်းခြံဟာ ၇ဧကကျယ်ဝန်းတဲ့ ရုက္ခဗေဒပန်းခြံ ဖြစ်ပြီး ခန့်မှန်းချေ မျိုးစိတ်ကွဲပေါင်း ၁၀၀၀၀ ပန်းပင် အမျိုးအစားပေါင်း ၅၀၀၀ ခန့် ရှိနေပါတယ်။ ကြီးမားလှတဲ့ ဖန်လုံအိမ်စိုက်ခင်း တွေ ရင်သပ်ရှုမောဖွယ်ရာ ရုပ်တုတွေအပြင်  နှစ်စဉ်နှစ်တိုင်း နာမည်ကျော် ဒေသခံ အနုပညာရှင်တွေရဲ့ လက်ရာကို အသားပေး  ခင်းကျင်းပြသမှုတွေကြောင့် လည်ပတ်သူ အများအပြားကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ အဲဒီထဲက နာမည်ကြီးတဲ့ အနုပညာလက်ရာကတော့ ငှက်ပေါက်လေးတွေပုံကို ချုံပင်လေးတွေနဲ့ ရုပ်လုံးဖော်ထားတဲ့ ဆန်းသစ်တဲ့ လက်ရာပါပဲ။
“အိပ်ပျော်နေသော ငှက်ပေါက်လေးများ”ဆိုပြီး ဘာသာပြန်ပေးထာူတဲ့ Poussin Endormi ကလဲ လှပတဲ့ ပန်းခြံကြီးရဲ့ နှလုံးသားလေးထဲမှာ ငြိမ်းချမ်းစွာ အိပ်မောကျနေတဲ့ ငှက်ပေါက်လေး ဟောက်နေပုံကို ပြသထားပါတယ် ။  ပြင်သစ်ရဲ့ ကလေးငယ်ပုံပြင်တွေနဲ့ ပန်းချီဆရာတစ်ယောက်ဖြစ်တဲ့ Claude Ponti ရဲ့ ရုပ်လုံးသွင်း ပုံတူကတော့ ၂၀၁၄ ပန်းခြံရဲ့ ပြသမှုမှာ တစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့ပါတယ်။ ချစ်ဖို့ကောင်းလှတဲ့ ငှက်သားပေါက်လေးတွေကို အဝါရောင် နှုတ်သီးလေး သစ်သားခြေထောက်လေးတွေနဲ့ အလှဆင်ထားပါတယ်။ ပြီးတော့ အထူးခြားဆုံးက ငှက်ပေါက်ရဲ့ အိပ်ငိုက်နေတဲ့ မျက်ခွံလေးတွေမှာ မျက်တောင်လေးတွေ တပ်ပေးထားတာပါပဲ။
ဘယ်လောက်တောင်များ ချစ်ဖို့ကောင်းနေမလဲဆိုတာ သိရအောင် အောက်ကပုံလေးတွေကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်

1.

2.

3.

4.

5.

6.

7.

8.

9.

10.

Leave a Comment