လက်တွေ့ဘဝက ပစ္စည်းတွေနဲ့ ကာတွန်းပန်းချီပုံလေးတွေ ရေးဆွဲဖန်တီးပြီး နာမည်ကျော်ဖြစ်လာခဲ့သူ

Romain Joly ဟာ ပန်းချီပုံရေးဆွဲရာမှာ ပြင်ပလောကက အရာ၀တ္ထုတွေကို ထည့်သွင်းဖန်တီးပြီး ရေးဆွဲရတာကို သဘောကျတဲ့သူတစ်ယောက်ပါ ။ သူဟာ ဒီလို ပန်းချီဒီဇိုင်းတွေကို ၂၀၂၀ ထဲက စတင်ဖန်တီးခဲ့ပြီး ကိုဗစ်ရဲ့ lock down ကာလကို အကျိုးရှိရှိ အသုံးချခဲ့ခြင်းပဲ ဖြစ်ပါတယ် ။ အဲဒီထဲက သူဟာ အခုလိုဖန်တီးရတာကို နှစ်ခြိုက်သဘောကျခဲ့ပြီး အခုထိလည်း ဆက်လက် ဖန်တီးရေးဆွဲနေခဲ့တာပါ။ သူ့ရဲ့ ခံစားသက်ဝင်ပုံကို ပြောရရင်တော့ သူဟာ ပုံသဏ္ဍာန်မျိုးစုံ နောက်ပြီး အတွေးအခေါ်မျိုးစုံကို ဖန်တီးရတာကို သဘောကျပြီး ဒါတွေကြောင့်ပဲ သူဟာ ကမ္ဘာကြီးကို မတူညီတဲ့ ရှုထောင့်တစ်ခုကနေ ကြည့်နိုင်ဖို့ ခွန်အား ရှိလာတယ်လို့ ဆိုထားပါတယ် ။ ‘အစပိုင်းမှာတော့ လူတွေဟာ ကျွန်တော့်လက်ရာတွေကို ကြည့်ပြီး ပြုးကြတယ် ရယ်ကြတယ် ‘ အဲဒီကနေ ရှေ့ဆက် လှမ်းဖို့ ခွန်အားရလာတာလို့လဲ ပြောပါတယ် ။ တစ်ခါတစ်လေမှာတော့ သူ့အတွက်ပုံဆွဲဖို့ စိတ်ကူးဟာ မထင်မှတ်ထားတဲ့အချိန်မျိုး (ဥပမာ – သွားတိုက်နေတုန်း ) မှာ ရောက်လာတတ်ပြီး တစ်ခါတစ်ခါတော့ ရှုပ်ထွေးတတ်ပါတယ် ။ ဘာကြောင့်လဲတော့ မသိပေမယ့် နောက်ဆုံးမှာတော့ ဒီလိုဖန်တီးမှုနဲ့ ပတ်သက်တဲ့ အရာတွေကို သဘောပေါက်သွားခဲ့တယ်လို့ ပြောပါတယ် ။ ဘယ်လို ချစ်စရာကောင်းတဲ့ ကာတွန်းပုံစံ ပန်းချီလက်ရာလေးတွေကို ဖန်တီးထားလဲဆိုတာတော့ အောက်ကပုံလေးတွေမှာ ဆက်ပြီး ကြည့်လိုက်ကြစို့နော်။

1.

2.

3.

4.

5.

6.

7.

8.

9.

10.

11.

12.

13.

14.

15.

Leave a Comment