အသက် (၄၄)နှစ်အရွယ် ပေါ်တူဂီလူမျိုး ဂရက်ဖစ်တီအနုပညာရှင်တစ်ယောက်ဖြစ်တဲ့ Sergio Odeith ရဲ့ 3D ဂရက်ဖစ်တီလက်ရာတွေဟာ အသေးစိတ်ကျပြီး ပြီပြင်လွန်းလှပါတယ်။ Sergio ဟာ ကားပုံတွေ၊ တိရိစ္ဆာန်ပုံတွေ နဲ့ အခြားစွဲမက်စရာကောင်းတဲ့ 3D ပုံတွေကို ရေးဆွဲလေ့ရှိပါတယ်။ Sergio ဟာ သူရေးထားတဲ့ပုံတွေကို လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ Instagram ပေါ်မှာ ပြန်လည်မျှဝေလေ့ရှိပါတယ်။ လက်ရှိမှာတော့ follower ပေါင်း(၇)သိန်းကျော် အခိုင်အမာရရှိထားပါတယ်။ အောက်ဘက်မှာတော့ သူရေးဆွဲထားတဲ့ ဂရက်ဖစ်တီပုံများကို စုစည်းဖော်ပြပေးလိုက်ပါတယ်။
