ဒီချစ်ဖို့ကောင်းလှတဲ့ဓာတ်ပုံလေးဟာ ဆိုရှယ်မီဒီယာမှာ အလျင်အမြန်ပျံ့နှံ့သွားခဲ့ပါတယ် ။ တချို့တွေကတော့ ကလေးတွေအားလုံးကတူတူပဲ သူတို့က ကိုယ်ပျောက်နေတာကြောင့် မမြင်နိုင်ဘူးလို့ပဲ တွေးနေကြတာ လို့ စနောက်ခဲ့ကြပြီး meme အဖြစ် တချို့ကတော့ ပြောင်းလဲလိုက်ကြပါတယ်။
ဆင်ပေါက်လေးတစ်ကောင် ကြံခင်းကြီးထဲ ကြံခိုးစားနေတဲ့အချိန် သက်သေနဲ့တကွ ဖမ်းမိတဲ့အခါမှာ မီးတိုင်နောက်မှာ ပုန်းဖို့ကြိုးစားနေတဲ့ ဆင်လေးရဲ့ ဖြူစင်မှုဟာ အွန်လိုင်းပေါ်က အားလုံးရဲ့ နှလုံးသားကို အရည်ပျော်သွားစေခဲ့ပါတယ် ။ ဒီအဖြစ်ကို ထိုင်းနိုင်ငံမြောက်ပိုင်း တောင်တန်းဒေသ ချင်းမိုင်က ဒေသခံတွေ လက်ပူးလက်ကျပ် ဖမ်းမိခဲ့တာပါ။
တချို့ ဖြတ်သန်းသွားသူတွေက သူ့ကို မီးနဲ့ထိုးကြည့်တဲ့အချိန်မှာ ဆင်ပေါက်လေးကတော့ ရှက်ရှက်နဲ့ မီးတိုင်နောက်မှာ ပုန်းဖို့ ကြိုးစားခဲ့ပါတယ်။ ပုံထဲမှာကတော့ တိရိစ္ဆာန်လေးတစ်ကောင်ဟာ အမှောင်ထဲမှာ သူ့ကို မမြင်ပါဘူးဆိုတဲ့ပုံ ရပ်မြဲရပ်နေတာလေးကို ပြသထားပါတယ်။
ဒီဟာသပုံလေးကို Facebook သုံးစွဲသူတစ်ယောက်က ” အေးဆေးပေါ့ အရာရှိကြီးတွေ ကြည့်နေလိမ့်မယ် ကြံပဲ ဆက်စားရအောင်ပါ “ဆိုတဲ့ ဟာသခေါင်းစဉ်လေးတပ်ပြီး ပထမဆုံး စshare ခဲ့တာပါ။
ဒီချစ်ဖို့ကောင်းတဲ့ ပုံလေးဟာ တခြားဆိုရှယ်မီဒီယာတွေဖြစ်တဲ့ တွစ်တာ ၊အင်စတာဂရမ်၊ ရတ်ဒစ်မှာပါ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး ပရိသတ်တွေကြားထဲ အမြင်အမျိုးမျိုး ကွဲပြားစေခဲ့ပါတယ်။ တောရိုင်းဆင် နဲ့ ဆင်စခန်းက ဆင်တွေအများအပြားရဲ့ ဇာတိမြေဖြစ်တဲ့ ထိုင်းနိုင်ငံမှာ ဆင်တွေကို ဥပဒေတစ်ရပ်နဲ့ ကာကွယ်ပေးထားပြီး သူတို့ကို ထိခိုက်နာကျင်အောင်လုပ်ဆောင်သူတွေကို ဒဏ်ငွေ အများအပြားပေးဆောင်ရုံတင်မက ထောင်ဒဏ်အထိပါ ချမှတ်ခံရမှာဖြစ်ပါတယ်။